စက်မှုဇုန်ကားများ ဇူလိုင် ၁၄မှ စတင်လက်ခံနေပြီ
Unicode Version
ဇူလိုင် (၁၄) ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ စက်မှုဇုန်ကားများ စတင်အပ်နှံခွင့်ပြုခဲ့ပြီး အပ်နှံမှုများပြားခဲ့ကြောင်းသိရသည်။ အပ်နှ့ရန်သတင်းစာတွင် ကြေညာသည့်နေ့၌ (၆၁)သိန်းထိ ပေါက်စျေးရှိခဲ့ကာ စက်မှုဇုန်ထုတ်ကားများမှာ ဇူလိုင်(၁၄)ရက်နေ့စတင်အပ်နှံသည့်နေ့တွင် (၅၄)သိန်းပေါက်စျေးရှိကြောင်းသိရသည်။စက်တင်ဘာလတွင် စတင်အပ်နှံရမည့် သတ်တမ်းလွန်ကားဟောင်းများ မအပ်နှံသေးခင် အချိန်ကာလအတွင်း၌ စက်မှုဇုန်ကားများမြှ အဆိုပါစျေးတန်း၌ရှိသော်လည်း ထပ်မံ၍စျေးအနည်းငယ်ကျဆင်းသွားနိုင်ပြီး သိန်း(၅ဝ)အောက်မလျော့နိုင်ကြောင်းကားဟောင်းစလစ် ရောင်းဝယ်သူတစ်ဦးကပြောပြခဲ့သည်။
သက်တမ်းလွန်ကားဟောင်းတွေထဲမှာ ကောင်းတဲ့ကးတွေလည်း အများကြီးကျန်သေးတော့ အဲ့ဒီကားတွေအပ်နှံတဲ့အချိန်ရောက်တဲ့အခါ ဒီဇုန်ကားစလစ်ကအများကြီးတော့ မကျနိုင်ပါဘူး။ မှန်းထားတာတော့ သိန်း(၅ဝ)အောက်တော့မလျော့နိုင်ဘူးထင်တာပဲ ဟု အဆိုပါပုဂိ္ဂုလ်က ရှင်းပြခဲ့သည်။
အက္ခရာအစဉ်အလိုက် အပ်နှံခွင့်ပြုနေသည့် (၁က) အက္ခရာမှာဇုန်ကားများအပ်နှ့ခွင့်ပြုလိုက်သည့်အတွက် (၁၁၃)သိန်းမှ (၈၁)သိန်းထိပြုတ်ကျသွားခဲ့ပြီး (၂က)မှာ သိန်း(၇ဝ)ပတ်လည်တွင်ရှိနေကြောင်းသိရသည်။ (၃က၊ ၄က၊ ၅က၊ ၆က) ကဲ့သို့ကားများကို နံပါတ်အနီဖြင့်ပြောင်းလဲပြီး (၆ဝ-၆၂)သိန်းဖြင့် ဝယ်ယူမှုရှိနေကာ ဇုန်ကားဝယ်ယူစုဆောင်းထားသူများမှ ပြန်လည်ထုတ်ရောင်းခြင်းဖြင့် အမြတ်များခဲ့ကြောင်းသိရသည်။
ကျွန်တော်ဇုန်ကားတွေ (၂၇)စီးလောက်ကို (၂၅-၂၆) သိန်းနဲ့ဝယ်လှောင်ထားတာ။ အပ်ခွင့်ပြုမယ်လို့သတင်းစာထဲမှာပါပြီး နောက်နေ့တွင်ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်စီးကို(၆၅)သိန်းနဲ့ (၂၇)စီးလုံးရောင်းပစ်လိုက်တယ်။ ကံပဲပေါ့။ အအပ်လက်ခံမလား/ လက်မခံဘူးလား သို့လောသို့လောနဲ့ မြန်မြန်ကြီးဖြစ်လာတယ် လို့ စက်မှုဇုန်ထုတ်ကားများဝယ်ယူစုဆောင်းထားသူ ကားဝယ်ရောင်းသမားတစ်ဦးကပြောပြခဲ့သည်။
စက်မှုဇုန်ထုတ်ကားများအပ်နှံပြီးသည့်နောက် ကားအသစ်ပြန်တင်သွင်းပါက CIF တန်ဖိုးဒေါ်လာ(၁၅ဝဝဝ)အောက်လူစီးယာဉ်များတင်သွင်းခွင်ြ့ပုထားပြီး ဆောင်ရမည့်အခွန်ရာခိုင်နှုန်းအား (၂ဝ)ရာခိုင်နှုန်းလျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Shwe San, AutoWorld Journal July 18, 2014 မှ ကူးယူဖော်ပြပါသည်။
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...
Latest news1 10 150x150
Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...
Read more »