ရန်ကုန်တိုင်း၌ပင် သွင်းကုန်လိုင်စင် (၁၂)မျိုးလျှောက်ထားနိုင်တော့မည်


Car-Yangon-2

Ref: Auto World



Unicode Version

(၂ဝ၁၄) ခုနှစ် ဇန်နဝါရီ (၁) ရက်မှစတင်၍ ပစ္စည်းအမျိုးအမည် (၁၂) မျိုးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ သွင်းကုန် ဌာနခွဲ၌ သွင်းကုန်လိုင်စင်များ အဖြစ် လျှောက်ထားခွင် ့ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Car-Yangon-2
ယခင်က သွင်းကုန်လိုင်စင်များကို နေပြည်တော်တွင်သာ လိုင်စင်လျှောက် ထားရပြီး ယခုနှစ် ဇန်နဝါရီတွင် ရန်ကုန်၌ လျှောက်ထားခွင့် ပြုလိုက်ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ထားခွင့် ပြုလိုက်သည့် ပစ္စည်းအမျိုးအစား များမှာ ကားအပိုပစ္စည်းများ၊ တာယာအမျိုးမျိုး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စက်ဆီ၊ ချောဆီ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ အပ်ချုပ်စက်၊ မီးစက်၊ ရုံးသုံးကိရိယာ၊ ဂျင်နရေတာ စသည်တို့ဖြစ်ကြောင်း သိရသည်။ ထိုပစ္စည်းများထဲတွင် ကားတာယာများမှာ ယခင်က လိုင်စင် လျှောက်ထား စရာမလိုဘဲ တင်သွင်းသည့် အခါ၌သာ အခွန်ပေးဆောင်သွင်းရပြီး ယခုအချိန်တွင် သွင်းကုန်လိုင်စင်ဖြင့် ပြန်လည် လျှောက်ထားရန် သတ်မှတ် လိုက်ကြောင်း သိရသည်။ ကျွန်တော်တို့ တာယာတွေက အရင်က လိုင်စင်လျှောက်စရာမလိုဘဲ အခွန်ဆောင်ပြီးပဲသွင်းရတာ။ အခုက ရန်ကုန်မှာပဲ သွင်းကုန်လိုင်စင်ပြန် လျှောက်ရတော့မယ် ဆိုတော့ ဒါက တာယာတွေ ဝင်ရောက်လာတာကို ထိန်းချုပ် တာလည်း ပါမယ်ထင်တယ်။ ဒီလို လုပ်လိုက်တဲ့အတွက် အရည်အသွေးမီတဲ့ တာယာ တွေပိုပြီး တင်သွင်းလာနိုင်ပါတယ် လို့ ကားတာယာများတင်သွင်း ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပြခဲ့သည်။

Ref: Auto World

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »