ဖေဖော်ဝါရီလအတွင်း လမ်းမကြီးများပေါ် စည်းကမ်းမဲ့ရပ်နားယာဉ် ဖမ်းဆီးအရေးယူမှုပေါင်း ၁၀၀၀ ကျော်ရှိ



police1231



Ref : Automobile


Unicode Version

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း၌ ဖေဖော်ဝါ ရီလအတွင်း ယာဉ်မရပ်ရ သတ် မှတ်ထားသည့် လမ်းမကြီးများပေါ် တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နား မှု အရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သိရသည်။

police1231

ယာဉ်မရပ်ရ သတ်မှတ်ထားသည့်လမ်းမကြီး ၅၇ ခုပေါ်၌ ရပ်နားသည့်ယာဉ်များကို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ဖမ်းဆီး အရေးယူမှု စုစုပေါင်း ၁,ဝ၇၅ မှုရှိခဲ့ပြီး ကရိန်းဖြင့် ဖမ်းဆီး အရေးယူမှုပေါင်း လေးရာ၊ ချလန်ဖြတ် အရေးယူမှု စုစုပေါင်း ၈၅၅ မှု ရှိခဲ့ကြောင်း သိရသည်။ “ဖမ်းဆီးမှုတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လိုက်တော့ ယာဉ်ကြောကျပ်တည်းမှု သိသိသာသာ လျော့ကျသွားတယ်၊ လမ်းမကြီးတွေပေါ်မှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေကို အရှိန် အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အဆိုပါ ယာဉ်မရပ်ရ လမ်းမကြီးများပေါ် ယာဉ်ရပ်နားမှု ဖမ်းဆီးအရေးယူမှုများအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် အထိ ယာဉ်အစီးရေ ၅,၁၂၁ စီးကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Ref : Automobile

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »