Car-Accident-Blog
Ref: Automobile
Unicode Version
မြန်မာ့အာမခံလုပ်ငန်းမှ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှုအာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့ကြောင်း ‘မြန်မာ့အာမခံလုပ်ငန်း’မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
Car-Accident-Blog
စက်တပ်ယာဉ်နှင့် ထိခိုက်မိသည့် မည်သူမဆို ရရှိခံစားရသည့် သူတစ်ပါးထိခိုက်မှု အာမခံအတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်၏ ကိုးလတာ ကာလအတွင်း လျော်ကြေးငွေ အနေဖြင့် သေဆုံးသူ ၆၅၆ ဦးအတွက် ငွေကျပ် ၃,၂၄၆ သိန်း၊ ဒဏ်ရာရရှိသူ ၄၉ ဦးအတွက် ၉၆ ဒသမ ၇၂ သိန်း စုစုပေါင်း ၇ဝ၅ ဦး အတွက် ငွေကျပ် ၃,၃၄၂ သိန်း ကျော် ပေးလျော်ခဲ့ကြောင်း သိရသည်။ “သူတစ်ပါးထိခိုက်မှု အာမခံက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစား တစ်ခု ဖြစ်ပါတယ်”ဟုလည်း ၎င်းက ရှင်း ပြသည်။ စက်တပ်ယာဉ်ဟု ဆိုရာ၌ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ယနၲရားများ၊ သင်္ဘော၊ သမ္ဗန် စသည်ဖြင့် စက်တပ်အသုံးပြုရသော ယာဉ်အားလုံး အကျုံးဝင်မည် ဖြစ်သည်။ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း စက်တပ်ယာဉ် များမှ လာရောက်ထားရှိသည့် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ ကြေး ငွေကျပ် ၂၉,၆၂၂ သိန်း ကျော် ရရှိခဲ့ပြီး ငွေကျပ် ၃,၃၄၂ သိန်းကျော် ပြန်လည်ပေးလျော်ခဲ့ရကြောင်း သိရှိရသည်။
Ref: Automobile
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »