သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ လမ်းများပေါ် ရပ်တန့်ထားသည့်ယာဉ်များ ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင်ခန့်ရှိ

သုံးလတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်တွင် ယာဉ်မရပ်ရ သတ်မှတ်ထားသည့် ကန့်သတ်လမ်းများပေါ်၌ ရပ်နားထားသည့် ယာဉ်များ ကို ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင် ခန့်ရှိကြောင်း ‘အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ စုံစမ်းသိရှိရသည်။


Towed-Car


ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်းပေါင်း ၅၇ လမ်းတွင် ရပ်တန့်သည့် ယာဉ်များအား ဖမ်းဆီးအရေးယူမှုကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ခဲ့ပြီးဖေဖော်ဝါရီ ၁၈ ရက်အထိ ဖမ်းဆီးအရေးယူမှုပေါင်း ၄,၇၇၉ မှုရှိခဲ့ကြောင်း၊ ယင်းအပြင် ကရိန်းနှင့် ဖမ်းဆီး အရေးယူမှု ၁,၀၈၇ မှု၊ ချလန်ဖြတ် အရေးယူမှုခဲ့မှုပေါင်း ၃,၆၉၂ မှု ဖြစ်ကြောင်း သိရသည်။ယာဉ်မရပ်ရ သတ်မှတ်နေရာများ၌ ဖမ်းဆီးအရေးယူခြင်းခံရပါက ကရိန်းနှင့်ဆွဲယူသည့် ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည် ဖြစ်ပြီး ချလန်ဖြတ် အရေးယူပါက ဒဏ်ငွေ နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း၊ ယင်းမှာ စည်ပင်သာယာဥပဒေ ပုဒ်မ ၆၈ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ယင်း ဥပဒေအရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် တစ် သောင်းဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံစေနိုင်မည်ဟု သိရသည်။


Ref : Automobile

 

Latest News

ရန်​ကုန်​မြို့တွင်း...

Traffic 150x150

ရန်ကုန် မြို့တွင်း ယာဉ်​သွားလာမှူ အ​​ခြေအ​နေများကို ​စောင့်​ကြည့်​​နေမည့်​ Control Center မှ တစ်ဆင့် ထိန်းချုပ် စောင့်ကြည့်သည့် အစီအစဉ်ကို...

Read more »

မကြာခင်ေ​ရာက်​မည့်​ YBS ကားအစီး ၁၀၀၀ ကို...

Bbb 150x150

မကြာခင်ေ​ရာက်​မည့်​ YBS ကားအစီး ၁၀၀၀ ကို လိုအပ်ေ​နတဲ့ ယာဉ်လိုင်းေ​​တွ​နေရာမှာအစားထိုး​ပြေးဆွဲ​ပေးသွားမှာ​​ဖြစ်​​တယ်လို့​...

Read more »

ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေ​​ကြောင်း...

Ybs 1 150x150

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်​လက်​ထပ်​တွင်​ အသစ်ပြန်လည်ပြေးဆွဲခဲ့သော YBS စနစ်သည် ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေကြောင်း ရန်ကုန်တိုင်း...

Read more »

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း ...

Old car 150x150

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းမှူစနစ်​အား အခြားစနစ်​တစ်​ခုနဲ့ ​ပြောင်းလဲသွားမှာ ဖြစ်​တယ်​လို့...

Read more »

ဝန်ကြီး​ဌာနမှ လုပ်ကိုင်ေ​​​​သာ...

Insurance 2 150x150

ဝန်​ကြီးဌာနများတွင်​ လုပ်​ကိုင်​​နေ​သောအာမခံလုပ်ငန်းများကိုပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ​စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန...

Read more »
Download Android App