မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement အတုပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်

မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement ၊ မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားများကို အတုပြုလုပ်ပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ သွင်းကုန်၊ ထုတ်ကုန်ဌာန(OSS)’ မှ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။export1
မော်တော်ယာဉ်ပါမစ်များ လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များသည် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် Bank Statement များ အတု ပြုလုပ် လျှောက်ထားမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စိစစ်တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လျှောက်ထားသော ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ လျှောက်ထားသည့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ Bank Passbook များအား မလျှောက်ထား မီ မှန်ကန်မှု ရှိ၊ မရှိ စနစ်တကျ စစ် ဆေးရန်နှင့် မှန်ကန်မှုရှိမှသာ လျှောက်ထားရမည် ဖြစ်ပြီး အတုပြုလုပ်၍ လျှောက်ထားလာကြောင်း စိစစ်တွေ့ရှိပါက ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအား ဥပဒေ အတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်ပါဌာနမှ အသိပေးကြေညာခဲ့သည်။


 

Ref : Autombile

Latest News

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ...

Delivery van 150x150

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ မှတ်​ပုံတင်​ထုတ်​​ပေးရာတွင်​ လူစီးယာဉ်​အဖြစ်​အသုံးပြုခွင့်​မရှိ​ကြောင်း...

Read more »

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »

Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​...

Free permit 150x150

 Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​ ဝယ်​ယူလိုပါက ​ပိုင်​ရှင်​ကိုယ်​တိုင်​လာ​ရောက်​ဝယ်​ယူမှ ​ရောင်းချ​ပေးမှာဖြစ်​တယ်​လို့...

Read more »
Download Android App