Hyundai Motor Myanmar Showroom တြင္ သီတင္းကြၽတ္၊ တန္ေဆာင္တိုင္ Promotion စီစဥ္ျပဳလုပ္ေနပါေၾကာင္း

Hyundai Motor Company သည္ ေတာင္ကိုရီးယားႏုိင္ငံ၏အႀကီးဆံုးႏွင့္ ကမာၻ႕ကားေစ်းကြက္ေနရာတြင္ အဆင့္ ၅ ရွိေသာ ေမာ္ေတာ္ ယာဥ္ထုတ္လုပ္ငန္းျဖစ္ၿပီး ႏိုင္ငံတကာတြင္ ေအာင္ျမင္မႈရရွိေနေသာထိပ္တန္းအမွတ္တံဆိပ္တစ္ခုျဖစ္ပါသည္။ Hyundai ၏ ျမန္မာႏုိင္ငံ တရား၀င္တစ္ဦးတည္း ကိုယ္စားလွယ္ အျဖစ္ Hyundai Motor Myanmar Showroom ကို ရန္ကုန္ၿမိဳ႕တြင္ဖြင့္လွစ္ေရာင္းခ်လ်က္ရွိကာ Hyundai အမွတ္တံဆိပ္ Saloon, Sedan, SUV, Sports Type, Hatchback စသည့္အိမ္စီးကားမ်ား၊ လုပ္ငန္းသံုးျဖစ္သည့္ Van, Light Truck မ်ားကို တင္သြင္းေရာင္းခ်လ်က္ရွိပါသည္။ ေမာ္ေတာ္ယာဥ္မ်ားအားလံုးသည္ ေတာင္ကိုရီးယားႏုိင္ငံမွ တိုက္ရိုက္မွာယူတင္သြင္း ထားသည့္ ႏိုင္ငံတကာအဆင့္အတန္းျပည့္မီၿပီး အရည္အေသြးအထူးအာမခံႏိုင္သည့္ Brand New ဘယ္ေမာင္းကားမ်ားျဖစ္ပါသည္။ Hyundai Motor Myanmar တြင္ေရာင္းခ်လ်က္ရွိေသာ ကားမ်ားအားလံုးကို လက္ငင္း (သို႔) အရစ္က်ျဖင့္ ေရာင္းခ်ေပးျခင္း၊ Down Payment မလိုပဲႏွစ္အလုိက္ငွားရမ္းေပးျခင္း အစရွိေသာ ၀န္ေဆာင္မႈမ်ားကိုေပးအပ္လ်က္ရွိပါသည္။

 

T


 

 

 

Hyundai ကိုခ်စ္ခင္အားေပးၾကေသာ မိဘျပည္သူမ်ားအတြက္ရည္ရြယ္၍ ယခုႏွစ္ ေအာက္တိုဘာႏွင့္ႏို၀င္ဘာလမ်ားတြင္ သီတင္းကြၽတ္ ႏွင့္ တန္ေဆာင္တိုင္ Promotion စီစဥ္ထားပါသည္။ ျပည္တြင္း၌သာမက ႏိုင္ငံတကာေစ်းကြက္တြင္ ထင္ရွားေသာ Sonata ၊ ျပည္ပေစ်းကြက္တြင္ ေရာင္းအားအေကာင္းဆံုးစာရင္း၀င္ျဖစ္ၿပီးအၾကမ္းခံေသာ Elantra ၊ ႏိုင္ငံတကာတြင္ ဒီဇိုင္းေကာင္းၿပီး Safety အျပည့္အ၀ေပးႏိုင္ေသာ i-30 စသည့္ ေမာ္ေတာ္ယာဥ္အမ်ိဳးအစား (၃) မ်ိဳးကို က်ပ္သိန္း ၃၀ ပတ္၀န္းက်င္ အထူး Discount ျဖင့္ ေရာင္းခ်ေပးမည္ ျဖစ္ပါသည္။ သက္သာေသာႏႈန္းထားျဖင့္ ႏွစ္အလိုက္ငွားရမ္းႏိုင္သကဲ့သို႔ အရစ္က်စနစ္ျဖင့္လည္း ၀ယ္ယူႏုိင္ၿပီး ကားတန္ဖိုး ၃၀% မွ ၅၀% ကို ကနဦး  ေပးေခ်ကာ ၁ႏွစ္မွ ၃ ႏွစ္အထိအရစ္က်၀ယ္ယူႏိုင္ပါသည္။ ထုိ႔အျပင္ေပ်ာ္ရႊင္ဖြယ္အစီအစဥ္အျဖစ္ သမိုင္းလမ္းဆံု၊ ရန္ကုန္ရွိ Showroom သို႔လာေရာက္ၾကည့္ရႈေသာ Customer တိုင္းကို လက္ေဆာင္ပစၥည္းမ်ားေပးအပ္ျခင္း၊  ဗလာမပါကံစမ္းမဲ ေဖာက္ေပးျခင္း အစရွိသည္တုိ႔ကို စီစဥ္ထားရွိေပးထားပါသည္။

 

ယခုအခါ ရန္ကုန္တြင္သာမက မႏၱေလး၊ ပုသိမ္၊ ျပည္၊ ေနျပည္ေတာ္၊ ေတာင္ႀကီး၊ မေကြး၊ ေမာ္လၿမိဳင္၊ ျပင္ဦးလြင္၊ မံုရြာ၊ လြိဳင္ေကာ္၊ လားရႈိးၿမိဳ႕တို႔ရွိ အေရာင္းကိုယ္စားလွယ္မ်ားတြင္လည္း Hyundai Brand New ေမာ္ေတာ္ယာဥ္မ်ားကို ေစ်းႏႈန္း၊ အရည္အေသြး၊ ၀န္ေဆာင္မႈ တစ္ေျပးညီျဖင့္ ၀ယ္ယူရရွိႏိုင္ၿပီျဖစ္ပါသည္။ ေမာ္ေတာ္ယာဥ္၀ယ္ယူပါက ၃ ႏွစ္ (သို႔) ကီလုိ ၁ သိန္းအာမခံ ရရွိႏိုင္မည္ျဖစ္ပါသည္။ စိတ္၀င္စားေသာ Customer မ်ားအေနႏွင့္ အမွတ္ (၂/၆)၊ ၂ ရပ္ကြက္၊ အင္းစိန္လမ္းႏွင့္ သမိုင္းဘူတာရံုလမ္းေထာင့္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္၊ ဖုန္း ၀၁-၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို႔လည္းေကာင္း၊ အမွတ္ (၁၀)၊ လမ္း ၄၀၊ ၇၈ လမ္းႏွင့္ ၇၉ လမ္းၾကား၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မႏၱေလး၊ ဖုန္း ၀၂-၃၆၇၉၇ သို႔လည္းေကာင္း ဆက္သြယ္၀ယ္ယူႏိုင္ပါသည္။



Unicode Version

Hyundai Motor Company သည် တောင်ကိုရီးယားနိုင်ငံ၏အကြီးဆုံးနှင့် ကမ္ဘာ့ကားစျေးကွက်နေရာတွင် အဆင့် ၅ ရှိသော မော်တော် ယာဉ်ထုတ်လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသောထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ Hyundai ၏ မြန်မာနိုင်ငံ တရားဝင်တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် Hyundai Motor Myanmar Showroom ကို ရန်ကုန်မြို့တွင်ဖွင့်လှစ်ရောင်းချလျက်ရှိကာ Hyundai အမှတ်တံဆိပ် Saloon, Sedan, SUV, Sports Type, Hatchback စသည့်အိမ်စီးကားများ၊ လုပ်ငန်းသုံးဖြစ်သည့် Van, Light Truck များကို တင်သွင်းရောင်းချလျက်ရှိပါသည်။ မော်တော်ယာဉ်များအားလုံးသည် တောင်ကိုရီးယားနိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်း ထားသည့် နိုင်ငံတကာအဆင့်အတန်းပြည့်မီပြီး အရည်အသွေးအထူးအာမခံနိုင်သည့် Brand New ဘယ်မောင်းကားများဖြစ်ပါသည်။ Hyundai Motor Myanmar တွင်ရောင်းချလျက်ရှိသော ကားများအားလုံးကို လက်ငင်း (သို့) အရစ်ကျဖြင့် ရောင်းချပေးခြင်း၊ Down Payment မလိုပဲနှစ်အလိုက်ငှားရမ်းပေးခြင်း အစရှိသော ဝန်ဆောင်မှုများကိုပေးအပ်လျက်ရှိပါသည်။

 

T


 

 

 

Hyundai ကိုချစ်ခင်အားပေးကြသော မိဘပြည်သူများအတွက်ရည်ရွယ်၍ ယခုနှစ် အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် သီတင်းကျွတ် နှင့် တန်ဆောင်တိုင် Promotion စီစဉ်ထားပါသည်။ ပြည်တွင်း၌သာမက နိုင်ငံတကာစျေးကွက်တွင် ထင်ရှားသော Sonata ၊ ပြည်ပစျေးကွက်တွင် ရောင်းအားအကောင်းဆုံးစာရင်းဝင်ဖြစ်ပြီးအကြမ်းခံသော Elantra ၊ နိုင်ငံတကာတွင် ဒီဇိုင်းကောင်းပြီး Safety အပြည့်အဝပေးနိုင်သော i-30 စသည့် မော်တော်ယာဉ်အမျိုးအစား (၃) မျိုးကို ကျပ်သိန်း ၃ဝ ပတ်ဝန်းကျင် အထူး Discount ဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။ သက်သာသောနှုန်းထားဖြင့် နှစ်အလိုက်ငှားရမ်းနိုင်သကဲ့သို့ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပြီး ကားတန်ဖိုး ၃ဝ% မှ ၅ဝ% ကို ကနဦး  ပေးချေကာ ၁နှစ်မှ ၃ နှစ်အထိအရစ်ကျဝယ်ယူနိုင်ပါသည်။ ထို့အပြင်ပျော်ရွှင်ဖွယ်အစီအစဉ်အဖြစ် သမိုင်းလမ်းဆုံ၊ ရန်ကုန်ရှိ Showroom သို့လာရောက်ကြည့်ရှုသော Customer တိုင်းကို လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊  ဗလာမပါကံစမ်းမဲ ဖောက်ပေးခြင်း အစရှိသည်တို့ကို စီစဉ်ထားရှိပေးထားပါသည်။

 

ယခုအခါ ရန်ကုန်တွင်သာမက မန္တလေး၊ ပုသိမ်၊ ပြည်၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ မုံရွာ၊ လွိုင်ကော်၊ လားရှိုးမြို့တို့ရှိ အရောင်းကိုယ်စားလှယ်များတွင်လည်း Hyundai Brand New မော်တော်ယာဉ်များကို စျေးနှုန်း၊ အရည်အသွေး၊ ဝန်ဆောင်မှု တစ်ပြေးညီဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ မော်တော်ယာဉ်ဝယ်ယူပါက ၃ နှစ် (သို့) ကီလို ၁ သိန်းအာမခံ ရရှိနိုင်မည်ဖြစ်ပါသည်။ စိတ်ဝင်စားသော Customer များအနေနှင့် အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း ဝ၁-၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့လည်းကောင်း၊ အမှတ် (၁ဝ)၊ လမ်း ၄ဝ၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး၊ ဖုန်း ဝ၂-၃၆၇၉၇ သို့လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

Latest News

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »