ကားက်ပ္တဲ့ ျပႆနာကို ဘယ္လိုေျဖရွင္းမလဲ?

တျဖည္းျဖည္းမ်ားျပားလာတဲ့ ကားအစီးေရ၊ က်ဥ္းေျမာင္းတဲ့ လမ္းေတြ၊ စည္းမဲ့ကမ္းမဲ့ ရပ္နားထားတဲ့ ကားပါကင္ေတြ၊ လမ္းေဘးေစ်းသည္ေတြ၊ ညံ့ဖ်င္းတဲ့ Public Transportation နဲ႔ မိုးရြာလို႔ျဖစ္တဲ့ ေရလႊမ္းမိုးမႈေတြ စတဲ့ အခ်က္ေတြေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ ကားေတြက်ပ္ေနရတယ္လို႔ အမ်ားစုက တညီတညြတ္တည္းလက္ခံထားၾကပါတယ္.။ Wired မဂၢဇင္း ရဲ႕ ေဆာင္းပါးရွင္ Adam Mann ကေတာ့ ဖြံ႔ၿဖိဳးၿပီးႏိုင္ငံႀကီးေတြရဲ႕ ၿမိဳ႕ေတာ္ႀကီးေတြမွာ ျဖစ္ေနတဲ့ ကားက်ပ္မႈေတြကို သူ႔ရဲ႕ေဆာင္းပါးမွာ ေဆြးေႏြးေရးသားထားပါတယ္.။ ဒီေဆာင္းပါးကို MyanmarCarsDB ပရိတ္သတ္မ်ား ဖတ္ရႈနိုင္ေစဖို႔ MyanmarCarsDB ၏ အာေဘာ္မ်ားမပါဝင္ေစဘဲ အရင္းအတိုင္း ျပန္လည္ေဖာက္သည္ခ်လိုက္ရပါတယ္.။

ေဆာင္းပါးရွင္ Adam Mann ဟာ အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်ယ္လိစ္ ၿမိဳ႕မွာ ႀကီးျပင္းခဲ့သူျဖစ္ပါတယ္.။ သူငယ္စဥ္က မိဘေတြနဲ႔ အျပင္မွာ သြားလာေနတဲ့အခါ ကားက်ပ္တဲ့ဒဏ္ကို ခံစားခဲ့ရသူပါ.။ လူသြားလူလာမ်ားျပားတဲ့ အခ်ိန္ေတြမွာဆိုရင္ ကားေတြဟာ ဘန္ပါအခ်င္းခ်င္း ထိလုမတတ္ က်ပ္ညပ္ၿပီး သြားေနရတာကို သူေတြ႕တဲ့အခါ ကားက်ပ္တာဟာ ကားလမ္းေတြနည္းလို႔၊ လမ္းေတြက်ဥ္းလို႔ စသျဖင့္ ေတြးခဲ့မိဖူးပါသတဲ့.။ အသက္ႀကီးလာတဲ့အခါက်မွ ကားက်ပ္ရတာဟာ ကားလမ္းနဲ႔ မဆိုင္ဘူးဆိုတာ သိလာခဲ့ပါသတဲ့.။

ဒီ Concept ကို induced demand လို႔ေခၚပါတယ္.။ လမ္းေတြတိုးပြားလာေလေလ လူေတြဟာ တိုးၿပီးအသံုးျပဳလာေလေလ ေနာက္ထပ္လမ္းေတြ ထပ္ၿပီးလိုအပ္လာေလေလ လို႔ဆိုပါတယ္.။ ၂၀၀၉ ခုႏွစ္မွာ စီးပြားေရးပညာရွင္ (၂) ဦးျဖစ္တဲ့ Matthew Turner နဲ႔ Gilles Duranton တို႔ဟာ အေမရိကတလႊားရွိ ၿမိဳ႕ႀကီးမ်ားရဲ႕ ၁၉၈၀ ခုႏွစ္နဲ႔ ၂၀၀၀ ခုႏွစ္အၾကား ေဖာက္လုပ္ခဲ့တဲ့ လမ္းမ်ားနဲ႔ ၎ၿမိဳ႕ႀကီးမ်ားရဲ႕ အဆိုပါခုႏွစ္မ်ားအတြင္း ကားသြားလာမႈမိုင္အေရအတြက္ကို ႏိႈင္းယွဥ္ၿပီး ေလ့လာခဲ့ၾကပါတယ္.။

သူတို႔ရဲ႕ ေတြ႕ရွိခ်က္အရဆိုရင္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ရဲ႕ လမ္းအေရအတြက္တိုးတက္မႈႏႈန္း နဲ႔ ေမာင္းႏွင္တဲ့ မိုင္အေရအတြက္ဟာ တိုက္ရိုက္ဆက္စပ္ေနတာကို ေတြ႕ခဲ့ရပါတယ္.။ ဥပမာေျပာရရင္ ၿမိဳ႕တစ္ၿမိဳ႕ဟာ ၁၉၈၀ နဲ႔ ၁၉၉၀ ခုႏွစ္ေတြၾကားမွာ လမ္းအေရအတြက္ ၁၀ ရာခိုင္ႏႈန္း တိုးတက္လာတယ္ဆိုရင္ အဲဒီၿမိဳ႕ရဲ႕ ကားေမာင္းႏွင္တဲ့ မိုင္အေရအတြက္ဟာလဲ ၁၀ ရာခိုင္ႏႈန္းတိုးပြားလာတာကို ေတြ႕ရပါတယ္.။ အဲဒီၿမိဳ႕ရဲ႕ ၁၉၉၀ နဲ႔ ၂၀၀၀ ခုႏွစ္အၾကား လမ္းအေရအတြက္ ၁၁ ရာခိုင္ႏႈန္း တိုးတက္လာတယ္ဆိုရင္ ကားေမာင္းႏွင္တဲ့မိုင္ဟာလဲ ၁၁ ရာခိုင္ႏႈန္းပဲ တိုးပြားလာပါသတဲ့.။ ဒီအခ်က္ကို ေထာက္ရႈၿပီး စီးပြားေရးပညာရွင္ႏွစ္ဦးဟာေကာက္ခ်က္တစ္ခုခ်ခဲ့ပါတယ္.။  လမ္းအသစ္ေတြတိုးပြားလာျခင္းဟာ ယာဥ္ေမာင္းႏွင္သူအေရအတြက္ကို ပိုမိုတိုးတက္လာေစၿပီး ေမာင္းႏွင္တဲ့မိုင္အေရအတြက္ကိုလဲ တူညီတဲ့ရာခိုင္ႏႈန္းအတိုင္း တိုးတက္လာေစတယ္ ဆိုတဲ့ ေကာက္ခ်က္ျဖစ္ပါတယ္.။

ဒီေလ့လာခ်က္ကို Adam Mann က ဒီလိုဆိုပါတယ္.။ ကားေတြမက်ပ္ေတာ့ေအာင္ လမ္းအသစ္ေတြ တိုးခ်ဲ႕ျခင္းဟာ ဘာနဲ႔တူသလဲဆုိေတာ့ ေရစီးေရလာပိုေကာင္းေစဖို႔ ပိုက္လံုးအေသးေလးအစား ပိုက္လံုးအႀကီးနဲ႔ အစားထိုးလိုက္တာနဲ႔ တူပါတယ္တဲ့.။ ကြ်န္ေတ္ာတို႔ ေမွ်ာ္လင့္ထားတာက ပိုက္လံုးအႀကီးဆိုရင္ ေရေတြေခ်ာင္ေခ်ာင္ခ်ိခ်ိ စီးသြားႏိုင္မယ္ေပါ့.။ တကယ့္အျဖစ္မွန္ကေတာ့ ပိုက္လံုးအႀကီးဟာ ေရမ်ားမ်ားပိုဆြဲေဆာင္ႏိုင္တဲ့အတြက္ စီးဆင္းတဲ့ပမာဏ အခ်ိဳးကေတာ့ အတူတူပဲျဖစ္ေနပါတယ္.။

Adam Mann ရဲ႕ အဆိုအရ လူေတြဟာ လႈပ္ရွားသြားလာရတာ ႀကိဳက္ႏွစ္သက္ၾကပါသတဲ့.။ ဒါေၾကာင့္ လမ္းမေတြတိုးခ်ဲ႕ေလေလ၊ လႈပ္ရွားသြားလာႏိုင္တဲ့ေနရာေတြ မ်ားလာေလေလ၊ လူေတြဟာ ပိုသြားေလေလပါပဲတဲ့.။ ဒီလိုသာဆိုရင္ေတာ့ လမ္းဘယ္ေလာက္ခ်ဲ႕ခ်ဲ႕၊ လမ္းေတြဘယ္ေလာက္တိုးၿပီး ေဖာက္ေဖာက္ ကားလမ္းက်ပ္မႈကို ေျဖရွင္းႏိုင္မွာမဟုတ္ပါဘူး.။

ဒါဆိုရင္ Public Transport ေတြျဖစ္တဲ့ ဘတ္စ္ကားေတြ၊ ရထားလမ္းေတြကို အဆင့္ျမွင့္တင္ၿပီး လမ္းမက်ပ္ေတာ့ေအာင္ လုပ္ရင္ေရာလို႔ ေမးစရာရွိလာပါတယ္.။ အခ်က္အလက္ေတြအရဆိုရင္ေတာ့ ေလ့လာခဲ့တဲ့ ၿမိဳ႕ႀကီးေတြမွာ Public Transport ေတြဘယ္ေလာက္တိုးလာတိုးလာ ကားေတြကေတာ့ က်ပ္ေနဆဲပါပဲတဲ့.။ ေကာင္းမြန္လာတဲ့ Public Transport ေတြဟာ အခ်ိဳ႕ကားေမာင္းသူေတြကို ဆြဲေဆာင္ႏိုင္ေပမယ့္ အဲဒီသူေတြရဲ႕ေနရာမွာ ကားေမာင္းသူအသစ္ေတြက အစားဝင္လာစၿမဲပါပဲတဲ့.။ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက တကယ္လို႔ public transport တစ္ခုခုအလုပ္မလုပ္တာပဲျဖစ္ျဖစ္၊ လမ္းမတစ္ခုခုကို ေနရာေရႊ႕ၿပီး ေဖာက္လိုက္တာပဲျဖစ္ျဖစ္ အေျပာင္းအလဲတစ္ခုခုျဖစ္လာတဲ့အခါ ကားေတြအရမ္းက်ပ္သြားမယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ ကားအေရအတြက္ဟာ လမ္းအေရအတြက္နဲ႔ အလိုလို adjust ျဖစ္သြားၿပီး ကားက်ပ္မႈကေတာ့ သိပ္အကြာႀကီးမျဖစ္သြားတာပါပဲ.။

ေဆာင္းပါးရွင္ရဲ႕ အဆိုအရ ကြ်န္ေတာ္တို႔ရဲ႕ လမ္းအသံုးျပဳပံုဟာ ဆိုဗီယက္ယူနီယံမွာ ေပါင္မုန္႔ေဝတဲ့ ပံုစံနဲ႔တူေနပါသတဲ့.။ ဆိုဗီယက္ယူနီယံေခတ္တုန္းက အားလံုးတန္းတူညီမွ်ျဖစ္ရမယ္ဆိုၿပီး ေစ်းႏႈန္းေတြကို အစိုးရက သတ္မွတ္ေပးပါတယ္.။ တစ္ခါတစ္ေလမွာ သတ္မွတ္လိုက္တဲ့ ေစ်းႏႈန္းဟာ အရမ္းနည္းေနတာမ်ိဳးရွိတတ္ပါတယ္.။ ဒီအခါမွာ အဲဒီပစၥည္းကို ဝယ္ခြင့္ရဖို႔အတြက္ တန္းစီေစာင့္ေနတဲ့ လူတန္းႀကီးဟာ အရွည္ႀကီးျဖစ္လာပါေလေရာ.။ အခုလဲအဲဒီလိုပါပဲ.။ Demand မ်ားတဲ့အခ်ိန္ေတြမွာ လမ္းအသံုးျပဳခြင့္ရဖို႔ တန္းစီေစာင့္ေနၾကတဲ့ ကားတန္းအရွည္ႀကီးေတြေၾကာင့္ လမ္းေတြၾကပ္လာရတာပါ..။ ဒီျပႆနာကို ေျဖရွင္းဖို႔ ေဆာင္းပါးရွင္ Adam Mann က ေအာက္ပါအတိုင္းအႀကံေပးထားပါတယ္.။

လမ္းအသံုးျပဳမႈမ်ားတဲ့ အခ်ိန္ေတြမွာ အခ်ိဳ႕လမ္းေတြကို အသံုးျပဳခေကာက္ခံရပါမယ္တဲ့.။ ဒီအခါ ဘာျဖစ္လာမလဲဆိုေတာ့ မသြားမျဖစ္သြားရမယ့္သူေတြမွအပ တစ္ခ်ိဳ႕အေရးႀကီးကိစၥမရွိေတာ့သူေတြအေနနဲ႔ အဲဒီအခ်ိန္ေတြကိုေရွာင္ၿပီး သြားလာတာမ်ိဳးေတြ ရွိလာပါလိမ့္မယ္.။ ဒါမွမဟုတ္ Public Transport ေတြကို ပိုၿပီးသံုးလာပါလိမ့္မယ္.။ ဒီအခါမွာ လမ္းအသံုးျပဳမႈ အထိုက္အေလ်ာက္ေလ်ာ့က်သြားမွာျဖစ္လို႔ ကားက်ပ္မႈကို ေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္.။ ဒီနည္းလမ္းကို အသံုးျပဳၿပီး ေအာင္ျမင္မႈရေနတဲ့ ၿမိဳ႕ေတြကေတာ့ လန္ဒန္၊ စေတာ့ဟုမ္း နဲ႔ စကၤာပူတို႔ျဖစ္ပါတယ္.။ New York မွာေတာ့ ၂၀၀၈ ခုႏွစ္မွာ ဒီေျဖရွင္းမႈျပဳလုပ္ဖို႔ စီစဥ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး.။ ဘာလို႔လဲဆိုေတာ့ ဘယ္ေလာက္ပဲ ေကာင္းေအာင္ လုပ္ေပးေပး၊ အားလံုးအတြက္ အဆင္ေျပမယ္ေျပာေျပာ အရင္က free ရေနတဲ့အရာတစ္ခုကို အခုပိုက္ဆံေပးရမယ္ဆိုရင္ ဘယ္သူမွ မေပးခ်င္လို႔ပါပဲ.။

ေနာက္ေျဖရွင္းခ်က္တစ္ခုကေတာ့ ကားပါကင္ပါပဲ.။ ေဆာင္းပါးရွင္ရဲ႕ အဆိုအရ ၿမိဳ႕ႀကီးတိုင္းလိုလိုမွာ ရွိတဲ့ ကားပါကင္ေတြဟာ ရွိသင့္တဲ့ေစ်းႏႈန္းထက္ နည္းေနပါတယ္.။ အလကားေပးရပ္ေနတာလဲ အမ်ားႀကီးပါပဲ.။ ဒါေၾကာင့္ လူေတြဟာ ပါကင္ေတြကို အလြယ္ရ အလြယ္သံုးသေဘာမ်ိဳးျဖစ္ေနပါတယ္.။ ေလ့လာခ်က္မ်ားအရ ၿမိဳ႕ေတြရဲ႕အဓိကေနရာေတြမွာ ေမာင္းႏွင္ေနၾကတဲ့ ကားေတြရဲ႕ ၃၀ ရာခိုင္ႏႈန္းဟာ ကားပါကင္ပတ္ရွာေနၾကတာ ျဖစ္ပါသတဲ့.။ ဒါေၾကာင့္ ကားမက်ပ္သင့္ဘဲ က်ပ္ေနရတာပါ.။

ကားပါကင္လိုအပ္ခ်က္မ်ားတဲ့ အခ်ိန္ေတြမွာ ပါကင္ေစ်းႏႈန္းကို တိုးျမွင့္လိုက္တဲ့အခါ လူေတြကို မလိုအပ္ဘဲ အခ်ိန္ၾကာၾကာမရပ္နားေစေတာ့ဘဲ ျမန္ျမန္ထြက္ခြာေစတဲ့အတြက္ အျခားကားရပ္နားလိုသူေတြ ရပ္နားခြင့္ရမယ့္ အခြင့္အေရးပိုရလာေစပါတယ္.။ ဒီစနစ္ကို ဆန္ဖရန္စစၥကိုမွာ ၂၀၁၁ ခုႏွစ္မွ စတင္အသံုးျပဳခဲ့ၿပီး ေအာင္ျမင္မႈရခဲ့ပါတယ္.။ ကားက်ပ္မႈကို အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်ႏိုင္ခဲ့သလို လက္လီအေရာင္းဆိုင္ေတြအတြက္လဲ ဆိုင္ေရွ႕မွာ Customer ေတြရဲ႕ကားေတြ ပိုမိုရပ္ႏိုင္တဲ့အတြက္ ေရာင္းအားပိုတက္လာပါသတဲ့.။

အထက္ပါေျဖရွင္းခ်က္ေတြကေတာ့ ရွာေဖြေတြ႕ရွိထားတဲ့ အခ်က္ေတြေပၚမွာ မူတည္ၿပီး ေဆာင္းပါးရွင္ Adam Mann ရဲ႕ ေဆာင္းပါးမွာ ထည့္သြင္းေရးသားထားတာေတြျဖစ္ပါတယ္.။ ကြ်န္ေတာ္တို႔ ရန္ကုန္ၿမိဳ႕မွာ ဒီလိုေျဖရွင္းလို႔ ရႏိုင္မရႏိုင္ စာဖတ္သူေတြရဲ႕ အျမင္ကိုလဲ ေရးသားခဲ့ႏိုင္ပါတယ္.။

Ref: Wired.com

Image Credit: www.goldenplacemyanmar.com

No. 1 Car Site in Myanmar
www.myanmarcarsdb.com



Unicode Version

တဖြည်းဖြည်းများပြားလာတဲ့ ကားအစီးရေ၊ ကျဉ်းမြောင်းတဲ့ လမ်းတွေ၊ စည်းမဲ့ကမ်းမဲ့ ရပ်နားထားတဲ့ ကားပါကင်တွေ၊ လမ်းဘေးစျေးသည်တွေ၊ ညံ့ဖျင်းတဲ့ Public Transportation နဲ့ မိုးရွာလို့ဖြစ်တဲ့ ရေလွှမ်းမိုးမှုတွေ စတဲ့ အချက်တွေကြောင့် ရန်ကုန်မြို့မှာ ကားတွေကျပ်နေရတယ်လို့ အများစုက တညီတညွတ်တည်းလက်ခံထားကြပါတယ်.။ Wired မဂ္ဂဇင်း ရဲ့ ဆောင်းပါးရှင် Adam Mann ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ မြို့တော်ကြီးတွေမှာ ဖြစ်နေတဲ့ ကားကျပ်မှုတွေကို သူ့ရဲ့ဆောင်းပါးမှာ ဆွေးနွေးရေးသားထားပါတယ်.။ ဒီဆောင်းပါးကို MyanmarCarsDB ပရိတ်သတ်များ ဖတ်ရှုနိုင်စေဖို့ MyanmarCarsDB ၏ အာဘော်များမပါဝင်စေဘဲ အရင်းအတိုင်း ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်.။

ဆောင်းပါးရှင် Adam Mann ဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ် မြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်.။ သူငယ်စဉ်က မိဘတွေနဲ့ အပြင်မှာ သွားလာနေတဲ့အခါ ကားကျပ်တဲ့ဒဏ်ကို ခံစားခဲ့ရသူပါ.။ လူသွားလူလာများပြားတဲ့ အချိန်တွေမှာဆိုရင် ကားတွေဟာ ဘန်ပါအချင်းချင်း ထိလုမတတ် ကျပ်ညပ်ပြီး သွားနေရတာကို သူတွေ့တဲ့အခါ ကားကျပ်တာဟာ ကားလမ်းတွေနည်းလို့၊ လမ်းတွေကျဉ်းလို့ စသဖြင့် တွေးခဲ့မိဖူးပါသတဲ့.။ အသက်ကြီးလာတဲ့အခါကျမှ ကားကျပ်ရတာဟာ ကားလမ်းနဲ့ မဆိုင်ဘူးဆိုတာ သိလာခဲ့ပါသတဲ့.။

ဒီ Concept ကို induced demand လို့ခေါ်ပါတယ်.။ လမ်းတွေတိုးပွားလာလေလေ လူတွေဟာ တိုးပြီးအသုံးပြုလာလေလေ နောက်ထပ်လမ်းတွေ ထပ်ပြီးလိုအပ်လာလေလေ လို့ဆိုပါတယ်.။ ၂ဝဝ၉ ခုနှစ်မှာ စီးပွားရေးပညာရှင် (၂) ဦးဖြစ်တဲ့ Matthew Turner နဲ့ Gilles Duranton တို့ဟာ အမေရိကတလွှားရှိ မြို့ကြီးများရဲ့ ၁၉၈ဝ ခုနှစ်နဲ့ ၂ဝဝဝ ခုနှစ်အကြား ဖောက်လုပ်ခဲ့တဲ့ လမ်းများနဲ့ ၎င်းမြို့ကြီးများရဲ့ အဆိုပါခုနှစ်များအတွင်း ကားသွားလာမှုမိုင်အရေအတွက်ကို နှိုင်းယှဉ်ပြီး လေ့လာခဲ့ကြပါတယ်.။

သူတို့ရဲ့ တွေ့ရှိချက်အရဆိုရင် မြို့ကြီးတစ်မြို့ရဲ့ လမ်းအရေအတွက်တိုးတက်မှုနှုန်း နဲ့ မောင်းနှင်တဲ့ မိုင်အရေအတွက်ဟာ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်.။ ဥပမာပြောရရင် မြို့တစ်မြို့ဟာ ၁၉၈ဝ နဲ့ ၁၉၉ဝ ခုနှစ်တွေကြားမှာ လမ်းအရေအတွက် ၁ဝ ရာခိုင်နှုန်း တိုးတက်လာတယ်ဆိုရင် အဲဒီမြို့ရဲ့ ကားမောင်းနှင်တဲ့ မိုင်အရေအတွက်ဟာလဲ ၁ဝ ရာခိုင်နှုန်းတိုးပွားလာတာကို တွေ့ရပါတယ်.။ အဲဒီမြို့ရဲ့ ၁၉၉ဝ နဲ့ ၂ဝဝဝ ခုနှစ်အကြား လမ်းအရေအတွက် ၁၁ ရာခိုင်နှုန်း တိုးတက်လာတယ်ဆိုရင် ကားမောင်းနှင်တဲ့မိုင်ဟာလဲ ၁၁ ရာခိုင်နှုန်းပဲ တိုးပွားလာပါသတဲ့.။ ဒီအချက်ကို ထောက်ရှုပြီး စီးပွားရေးပညာရှင်နှစ်ဦးဟာကောက်ချက်တစ်ခုချခဲ့ပါတယ်.။  လမ်းအသစ်တွေတိုးပွားလာခြင်းဟာ ယာဉ်မောင်းနှင်သူအရေအတွက်ကို ပိုမိုတိုးတက်လာစေပြီး မောင်းနှင်တဲ့မိုင်အရေအတွက်ကိုလဲ တူညီတဲ့ရာခိုင်နှုန်းအတိုင်း တိုးတက်လာစေတယ် ဆိုတဲ့ ကောက်ချက်ဖြစ်ပါတယ်.။

ဒီလေ့လာချက်ကို Adam Mann က ဒီလိုဆိုပါတယ်.။ ကားတွေမကျပ်တော့အောင် လမ်းအသစ်တွေ တိုးချဲ့ခြင်းဟာ ဘာနဲ့တူသလဲဆိုတော့ ရေစီးရေလာပိုကောင်းစေဖို့ ပိုက်လုံးအသေးလေးအစား ပိုက်လုံးအကြီးနဲ့ အစားထိုးလိုက်တာနဲ့ တူပါတယ်တဲ့.။ ကျွန်တေ်ာတို့ မျှော်လင့်ထားတာက ပိုက်လုံးအကြီးဆိုရင် ရေတွေချောင်ချောင်ချိချိ စီးသွားနိုင်မယ်ပေါ့.။ တကယ့်အဖြစ်မှန်ကတော့ ပိုက်လုံးအကြီးဟာ ရေများများပိုဆွဲဆောင်နိုင်တဲ့အတွက် စီးဆင်းတဲ့ပမာဏ အချိုးကတော့ အတူတူပဲဖြစ်နေပါတယ်.။

Adam Mann ရဲ့ အဆိုအရ လူတွေဟာ လှုပ်ရှားသွားလာရတာ ကြိုက်နှစ်သက်ကြပါသတဲ့.။ ဒါကြောင့် လမ်းမတွေတိုးချဲ့လေလေ၊ လှုပ်ရှားသွားလာနိုင်တဲ့နေရာတွေ များလာလေလေ၊ လူတွေဟာ ပိုသွားလေလေပါပဲတဲ့.။ ဒီလိုသာဆိုရင်တော့ လမ်းဘယ်လောက်ချဲ့ချဲ့၊ လမ်းတွေဘယ်လောက်တိုးပြီး ဖောက်ဖောက် ကားလမ်းကျပ်မှုကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး.။

ဒါဆိုရင် Public Transport တွေဖြစ်တဲ့ ဘတ်စ်ကားတွေ၊ ရထားလမ်းတွေကို အဆင့်မြှင့်တင်ပြီး လမ်းမကျပ်တော့အောင် လုပ်ရင်ရောလို့ မေးစရာရှိလာပါတယ်.။ အချက်အလက်တွေအရဆိုရင်တော့ လေ့လာခဲ့တဲ့ မြို့ကြီးတွေမှာ Public Transport တွေဘယ်လောက်တိုးလာတိုးလာ ကားတွေကတော့ ကျပ်နေဆဲပါပဲတဲ့.။ ကောင်းမွန်လာတဲ့ Public Transport တွေဟာ အချို့ကားမောင်းသူတွေကို ဆွဲဆောင်နိုင်ပေမယ့် အဲဒီသူတွေရဲ့နေရာမှာ ကားမောင်းသူအသစ်တွေက အစားဝင်လာစမြဲပါပဲတဲ့.။ ပိုစိတ်ဝင်စားဖို့ကောင်းတာက တကယ်လို့ public transport တစ်ခုခုအလုပ်မလုပ်တာပဲဖြစ်ြဖစ်၊ လမ်းမတစ်ခုခုကို နေရာရွှေ့ပြီး ဖောက်လိုက်တာပဲဖြစ်ဖြစ် အပြောင်းအလဲတစ်ခုခုဖြစ်လာတဲ့အခါ ကားတွေအရမ်းကျပ်သွားမယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကားအရေအတွက်ဟာ လမ်းအရေအတွက်နဲ့ အလိုလို adjust ဖြစ်သွားပြီး ကားကျပ်မှုကတော့ သိပ်အကွာကြီးမဖြစ်သွားတာပါပဲ.။

ဆောင်းပါးရှင်ရဲ့ အဆိုအရ ကျွန်တော်တို့ရဲ့ လမ်းအသုံးပြုပုံဟာ ဆိုဗီယက်ယူနီယံမှာ ပေါင်မုန့်ဝေတဲ့ ပုံစံနဲ့တူနေပါသတဲ့.။ ဆိုဗီယက်ယူနီယံခေတ်တုန်းက အားလုံးတန်းတူညီမျှဖြစ်ရမယ်ဆိုပြီး စျေးနှုန်းတွေကို အစိုးရက သတ်မှတ်ပေးပါတယ်.။ တစ်ခါတစ်လေမှာ သတ်မှတ်လိုက်တဲ့ စျေးနှုန်းဟာ အရမ်းနည်းနေတာမျိုးရှိတတ်ပါတယ်.။ ဒီအခါမှာ အဲဒီပစ္စည်းကို ဝယ်ခွင့်ရဖို့အတွက် တန်းစီစောင့်နေတဲ့ လူတန်းကြီးဟာ အရှည်ကြီးဖြစ်လာပါလေရော.။ အခုလဲအဲဒီလိုပါပဲ.။ Demand များတဲ့အချိန်တွေမှာ လမ်းအသုံးပြုခွင့်ရဖို့ တန်းစီစောင့်နေကြတဲ့ ကားတန်းအရှည်ကြီးတွေကြောင့် လမ်းတွေကြပ်လာရတာပါ..။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆောင်းပါးရှင် Adam Mann က အောက်ပါအတိုင်းအကြံပေးထားပါတယ်.။

လမ်းအသုံးပြုမှုများတဲ့ အချိန်တွေမှာ အချို့လမ်းတွေကို အသုံးပြုခကောက်ခံရပါမယ်တဲ့.။ ဒီအခါ ဘာဖြစ်လာမလဲဆိုတော့ မသွားမဖြစ်သွားရမယ့်သူတွေမှအပ တစ်ချို့အရေးကြီးကိစ္စမရှိတော့သူတွေအနေနဲ့ အဲဒီအချိန်တွေကိုရှောင်ပြီး သွားလာတာမျိုးတွေ ရှိလာပါလိမ့်မယ်.။ ဒါမှမဟုတ် Public Transport တွေကို ပိုပြီးသုံးလာပါလိမ့်မယ်.။ ဒီအခါမှာ လမ်းအသုံးပြုမှု အထိုက်အလျောက်လျော့ကျသွားမှာဖြစ်လို့ ကားကျပ်မှုကို လျှော့ချနိုင်ပါလိမ့်မယ်.။ ဒီနည်းလမ်းကို အသုံးပြုပြီး အောင်မြင်မှုရနေတဲ့ မြို့တွေကတော့ လန်ဒန်၊ စတော့ဟုမ်း နဲ့ စင်္ကာပူတို့ဖြစ်ပါတယ်.။ New York မှာတော့ ၂ဝဝ၈ ခုနှစ်မှာ ဒီဖြေရှင်းမှုပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး.။ ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး၊ အားလုံးအတွက် အဆင်ပြေမယ်ပြောပြော အရင်က free ရနေတဲ့အရာတစ်ခုကို အခုပိုက်ဆံပေးရမယ်ဆိုရင် ဘယ်သူမှ မပေးချင်လို့ပါပဲ.။

နောက်ဖြေရှင်းချက်တစ်ခုကတော့ ကားပါကင်ပါပဲ.။ ဆောင်းပါးရှင်ရဲ့ အဆိုအရ မြို့ကြီးတိုင်းလိုလိုမှာ ရှိတဲ့ ကားပါကင်တွေဟာ ရှိသင့်တဲ့စျေးနှုန်းထက် နည်းနေပါတယ်.။ အလကားပေးရပ်နေတာလဲ အများကြီးပါပဲ.။ ဒါကြောင့် လူတွေဟာ ပါကင်တွေကို အလွယ်ရ အလွယ်သုံးသဘောမျိုးဖြစ်နေပါတယ်.။ လေ့လာချက်များအရ မြို့တွေရဲ့အဓိကနေရာတွေမှာ မောင်းနှင်နေကြတဲ့ ကားတွေရဲ့ ၃ဝ ရာခိုင်နှုန်းဟာ ကားပါကင်ပတ်ရှာနေကြတာ ဖြစ်ပါသတဲ့.။ ဒါကြောင့် ကားမကျပ်သင့်ဘဲ ကျပ်နေရတာပါ.။

ကားပါကင်လိုအပ်ချက်များတဲ့ အချိန်တွေမှာ ပါကင်စျေးနှုန်းကို တိုးမြှင့်လိုက်တဲ့အခါ လူတွေကို မလိုအပ်ဘဲ အချိန်ကြာကြာမရပ်နားစေတော့ဘဲ မြန်မြန်ထွက်ခွာစေတဲ့အတွက် အခြားကားရပ်နားလိုသူတွေ ရပ်နားခွင့်ရမယ့် အခွင့်အရေးပိုရလာစေပါတယ်.။ ဒီစနစ်ကို ဆန်ဖရန်စစ္စကိုမှာ ၂ဝ၁၁ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်.။ ကားကျပ်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့သလို လက်လီအရောင်းဆိုင်တွေအတွက်လဲ ဆိုင်ရှေ့မှာ Customer တွေရဲ့ကားတွေ ပိုမိုရပ်နိုင်တဲ့အတွက် ရောင်းအားပိုတက်လာပါသတဲ့.။

အထက်ပါဖြေရှင်းချက်တွေကတော့ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး ဆောင်းပါးရှင် Adam Mann ရဲ့ ဆောင်းပါးမှာ ထည့်သွင်းရေးသားထားတာတွေဖြစ်ပါတယ်.။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ ဒီလိုဖြေရှင်းလို့ ရနိုင်မရနိုင် စာဖတ်သူတွေရဲ့ အမြင်ကိုလဲ ရေးသားခဲ့နိုင်ပါတယ်.။

Ref: Wired.com

Image Credit: www.goldenplacemyanmar.com

No. 1 Car Site in Myanmar
www.myanmarcarsdb.com

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »