မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Honda Fit

ဒီတစ်ပတ်အတွက် ကားအကြောင်းသိကောင်းစရာ ကဏ္ဍမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ကားလောကမှာရော၊ CarsDB ရဲ့ အရောင်းသွက်စာရင်းမှာပါ ထိပ်ဆုံးက ရပ်တည်နေတဲ့ Honda Fit ကားများအကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ်.။

Honda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့် (၁၄) နှစ်တိုင်ခဲ့ပြီဖြစ်သလို Generation (၃) ဆက်အထိ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်.။ ကမ္ဘာအနှံကို တင်ပို့ရောင်းချခဲ့တဲ့ Honda Fit ကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီး နိုင်ငံ (၈) နိုင်ငံမှာ ရှိတဲ့ စက်ရုံ (၁၀) ရုံမှ ထုတ်လုပ်တာဖြစ်ပါတယ်.။ တံခါး (၅) ပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး ရှေ့အင်ဂျင်၊ ရှေ့ယက်အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။

Honda ဟာ Hybrid Fit အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ Honda Fit EV လို့ခေါ်တဲ့ လျှပ်စစ်ကားတစ်မျိုးကိုလဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန်နဲ့ ဂျပန်တို့မှာ 2012 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ အမည်နှစ်မျိုးအနက် “Jazz” ဆိုတဲ့အမည်ကို ဥရောပ၊ သမုဒ္ဒရာပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြစတေးလျနဲ့ အာရှအချို့ဒေသတွေမှာ အသုံးပြုခဲ့ပြီး “Fit” အမည်ကိုတော့ ဂျပန်၊ အမေရိကန်နဲ့ တရုတ်တို့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်.။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂျပန်မှကားများကို အများဆုံးတင်သွင်းတဲ့အတွက် “Fit” အမည်နဲ့ ကားတွေပဲ တွေ့ရတာဖြစ်ပါတယ်.။

1024px-2001_Honda_Fit_01

Honda Fit ရဲ့ Generation (၃) ဆက်အနက် 1st Generation ကို 2001 မှ 2008 အထိ ထုတ်လုပ်ခဲ့ပါတယ်.။ ဂျပန်နိုင်ငံအတွက် ထုတ်လုပ်တဲ့ 1st Gen Honda Fit တွေဟာ 1.3 i-DSI နဲ့ 1.5 VTEC အင်ဂျင် အမျိုးအစား (၂) မျိုးနဲ့ ရရှိနိုင်ပါတယ်.။ ဒီကားတွေကို ဈေးကွက်မှာ chassis code GD1 ကို အစွဲပြုပြီး GD1 လို့ခေါ်ကြပါတယ်.။ GD1 တွေမှာ 4WD တွေ၊ ဂီယာ (၅) ချက် Manual တွေ အစရှိသဖြင့် အခွဲငယ်များ မျိုးစုံရှိပါတယ်.။ Original TV နဲ့ Navigation တွေကတော့ ထပ်တိုးပြီး ဝယ်လို့ရတဲ့ Optional တွေ ဖြစ်ပါတယ်.။

1024px-2008-2010_Honda_Jazz_(GE)_hatchback_(2011-10-25)

2nd Generaion Honda Fit တွေကိုတော့ 2007 မှာ စတင်ပြသခဲ့ပြီး Car of the Year Japan ဆု ရရှိခဲ့ပါတယ်.။ ဒီကားတွေကိုတော့ Chassis Code GE6 ကိုအစွဲပြုပြီး GE6 လို့ ခေါ်ကြပါတယ်.။ အင်ဂျင် (၂) မျိုးနဲ့ ရရှိနိုင်ပြီး 1.3 L အင်ဂျင်ဟာ မြင်းကောင်ရေ 98 ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး 1.5 L အင်ဂျင်ကတော့ 117 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ ဂီယာ (၅) ချက် Manual, ဂီယာ (၅) ချက် Auto (4WD) နဲ့ CVT Transmission တွေ ရရှိနိုင်ပါတယ်.။

GE6 ကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်.။ G Grade မှာ မှန်ကာလာမပါခြင်း၊ ဘေးမှန်မှာ မီးတန်းမပါခြင်း၊ မှန်ချိုးမှန်ခေါက် မရခြင်း စတဲ့အချက်တွေ ရှိပါတယ်.။ GF ကတော့ G ထက် အနည်းငယ် Grade ပိုမြင့်ပြီး G မှာ မပါဝင်တဲ့ အချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်.။ အမြင့်ဆုံး L Package မှာတော့ Button Type နဲ့ Digital Aircon ဖြစ်ပါတယ်.။ GE6 ရဲ့ ၂၀၁၀ ခုနှစ် ၁၀ လပိုင်းနောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေမှာ ရှေ့ဘန်ဘာနဲ့ နောက်မီးခွက်ဒီဇိုင်း ကွဲပြားသွားပါတယ်.။ ရှေ့ဘန်ဘာ ရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲ အဖြူတစ်တန်းဖြစ်သွားပါတယ်.။

Honda_FIT_13G_(GK3)_front

3rd Generation တွေကိုတော့ 2013 ကနေ ယနေ့အထိ ထုတ်လုပ်နေပါတယ်.။ 3rd Gen Fit တွေဟာ ဈေးကွက်မှာ တွေ့ရနည်းပြီး အခွန်အခကြောင့် ဈေးနှုန်းလဲ အနည်းငယ်ကြီးမြင့်ပါတယ်.။

Honda Fit မှာ အခြားမော်ဒယ်များအဖြစ် ပိုပြီးကြီးတဲ့ Fit Shuttle နဲ့ ဆီစားသက်သာတဲ့ Hybrid ကားတွေလဲ ရှိပါသေးတယ်.။ ကျွန်တော်တို့ CarsDB မှာရှိတဲ့ Honda Fit ကားများကို ကြည့်မယ်ဆိုရင်တော့ အောက်ကလင့်များမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်.။

Honda Fit

http://www.carsdb.com/my/listings/used_cars/search/manufacturer:Honda/model:Fit/

Honda Fit Shuttle

http://www.carsdb.com/my/listings/used_cars/search/manufacturer:Honda/model:Fit%20Shuttle/

Fit Hybrid

http://www.carsdb.com/my/listings/used_cars/search/manufacturer:Honda/model:Fit%20Hybrid/

 

Ref: Wikipedia, Ko Htut Htake Facebook

www.carsdb.com

No.1 Car Site in Myanmar

Latest News

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ...

Delivery van 150x150

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ မှတ်​ပုံတင်​ထုတ်​​ပေးရာတွင်​ လူစီးယာဉ်​အဖြစ်​အသုံးပြုခွင့်​မရှိ​ကြောင်း...

Read more »

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »

Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​...

Free permit 150x150

 Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​ ဝယ်​ယူလိုပါက ​ပိုင်​ရှင်​ကိုယ်​တိုင်​လာ​ရောက်​ဝယ်​ယူမှ ​ရောင်းချ​ပေးမှာဖြစ်​တယ်​လို့...

Read more »

ယာဉ်​ရပ်​နားခများ ပြန်​လည်​​ကောက်​ခံခြင်းကို...

Car parking 150x150

ယာဉ်​ရပ်​နားခများ ပြန်​လည်​​ကောက်​ခံခြင်းကို လာမယ်ဘဏ္ဍာနှစ်​​မှစ၍ ​ကောက်​ခံသွားရန်​စီစဉ်​နေပြီး ပုဂ္ဂလိကလုပ်​ငန်းများအား...

Read more »

ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များ...

Truck cargo 150x150

ရန်​ကုန်​မြို့တွင်း ကုန်​တင်​ယာဉ်​နှင့်​ ကုန်​​သေတ္တာယာဉ်​များ ​ဖြတ်​သန်း​မောင်းနှင်​​နေမှူများကို ​နေ့လည်​...

Read more »
Download Android App