ယာဥ္လုပ္သားမ်ား ေတာင္းဆိုမႈေၾကာင့္ စည္ပင္နယ္နိမိတ္အတြင္း ဟိုင္းလပ္ယာဥ္ ေျပးဆြဲခြင့္ အခ်ိန္တစ္လထပ္မံတိုးျမႇင့္

ဟိုင္းလပ္ ယာဥ္လုပ္သားမ်ား ေတာင္းဆိုမႈေၾကာင့္ ရန္ကုန္ စည္ပင္သာယာေရး နယ္နိမိတ္အတြင္း ဟိုင္းလပ္ယာဥ္ေျပးဆြဲခြင့္ကို အခ်ိန္တစ္လထပ္မံ တိုးျမႇင့္ေပး လိုက္ေၾကာင္း ရန္ကုန္တုိင္း ေမာ္ေတာ္ယာဥ္လုပ္ငန္းေပါင္းစံု ထိန္းသိမ္းေရးႀကီးၾကပ္မႈ ေကာ္မတီ မွသတင္းရရွိသည္။

Hilux1
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္း ဟိုင္းလပ္ယာဥ္ ေျပးဆြဲခြင့္မ်ားကို ယခုလဆန္းပိုင္းအထိသာ ခြင့္ျပဳမည္ဟု ထုတ္ျပန္ေၾကညာထားေသာ္လည္း ဟိုင္းလပ္ယာဥ္လုပ္သားမ်ားမွ တုိင္းေဒသႀကီး အစိုးရထံသို႔ အခ်ိန္တိုးျမႇင့္ေပးရန္ ေတာင္းဆိုမႈမ်ား ျပဳလုပ္သည့္အတြက္ လာမည့္ ေဖေဖာ္၀ါရီ ၁၀ ရက္အထိ အခ်ိန္တစ္လ ထပ္မံ တိုးျမႇင့္ ေပးထားေၾကာင္း သိရသည္။ ဒီလို အခ်ိန္တစ္လ တိုးျမႇင့္ေပးထား တဲ့အတြက္ မီနီဘတ္စ္ တင္သြင္းဖို႔ အခ်ိန္လည္းရမယ္၊ ကုန္တင္တဲ့ ‘က’ လိုင္စင္နဲ႔ ဆြဲေနတယ္ဆိုရင္လည္း ခရီးသည္တင္ယာဥ္ လိုင္စင္ေျပာင္းဖို႔ အဆင္ေျပသြားႏိုင္ပါတယ္၊ ရန္ကုန္စည္ပင္ နယ္နိမိတ္ထဲကို ေျပးဆြဲလို႔မရေပမဲ့ အနီးစပ္ဆံုး ေနရာေတြေတာ့ ေျပးဆြဲခြင့္ရေအာင္ ေတာင္းဆိုသြားမွာပါဟု ရန္ကုန္-ပဲခူးေျပးဆြဲေနသည့္ ယာဥ္ေမာင္း ဦးလွေထြးကေျပာသည္ မထသေကာ္မတီအေနျဖင့္ လည္းယင္းသို႔ အခ်ိန္တစ္လ တိုးျမႇင့္ေပးစဥ္ကာလအတြင္း လက္ရွိေျပးဆြဲေနသည့္ ဟိုင္းလပ္ယာဥ္ လမ္းေၾကာင္းမ်ားတြင္ ေျပးဆြဲလ်က္ရွိသည့္ စီးတီးဘတ္စ္မ်ားကို ယာဥ္အစီးေရ တိုးျမႇင့္ေျပးဆြဲရန္ စီစဥ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ ဟိုင္းလပ္ယာဥ္ေတြကို စာရင္းေကာက္ၾကည့္တဲ့အခါမွာ ေန႔စဥ္ ခရီးသည္စီးနင္းတဲ့ အေရအတြက္က တစ္သိန္းေက်ာ္ေလာက္ ရွိတယ္လို႔ သိရတယ္၊ အဲဒါေၾကာင့္ ဟိုင္းလပ္ယာဥ္ေတြကို ေျပးဆြဲခြင့္ ကန္႔သတ္ထားေပမဲ့ သူ႕ေနရာမွာ အစားထိုးေျပးဆြဲဖို႔ လမ္းေၾကာင္းတူ ယာဥ္ေတြကို တိုးဖို႔စီစဥ္ၿပီးပါၿပီဟု မထသေကာ္မတီဥကၠ႒ ဦးလွေအာင္က ေျပာသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ဟိုင္းလပ္ခရီးသည္တင္ ယာဥ္လိုင္းေပါင္း ၄၆ လိုင္းမွ ယာဥ္အစီးေရ ၈၅၀ ေျပးဆြဲလ်က္ရွိေၾကာင္း၊ အဆိုပါယာဥ္မ်ားကို ရန္ကုန္ စည္ပင္နယ္နိမိတ္အတြင္း ေျပးဆြဲခြင့္ကိုတားျမစ္ရန္ သတ္မွတ္ျခင္းမွာ ႏွစ္စဥ္ခရီးသည္တင္ယာဥ္ မေတာ္တဆျဖစ္ပြားရာ၌ အမ်ားစုမွာ ဟိုင္းလပ္ယာဥ္မ်ားေၾကာင့္ ျဖစ္ပြားသည္ကို ေတြ႕ရေသာေၾကာင့္ ဟိုင္းလပ္မ်ားေနရာတြင္ မီနီဘတ္စ္မ်ား အစားထိုးေျပးဆြဲရန္ သတ္မွတ္ခဲ့ၿပီး စည္ပင္နယ္နိမိတ္အတြင္း ေျပးဆြဲခြင့္တားျမစ္ခဲ့ေၾကာင္း သတင္းရရွိသည္။


 

Ref: Automobile



Unicode Version

ဟိုင်းလပ် ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ်ပြေးဆွဲခွင့်ကို အချိန်တစ်လထပ်မံ တိုးမြှင့်ပေး လိုက်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ မှသတင်းရရှိသည်။

Hilux1
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့်များကို ယခုလဆန်းပိုင်းအထိသာ ခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ဟိုင်းလပ်ယာဉ်လုပ်သားများမှ တိုင်းဒေသကြီး အစိုးရထံသို့ အချိန်တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်သည့်အတွက် လာမည့် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အချိန်တစ်လ ထပ်မံ တိုးမြှင့် ပေးထားကြောင်း သိရသည်။ ဒီလို အချိန်တစ်လ တိုးမြှင့်ပေးထား တဲ့အတွက် မီနီဘတ်စ် တင်သွင်းဖို့ အချိန်လည်းရမယ်၊ ကုန်တင်တဲ့ ‘က’ လိုင်စင်နဲ့ ဆွဲနေတယ်ဆိုရင်လည်း ခရီးသည်တင်ယာဉ် လိုင်စင်ပြောင်းဖို့ အဆင်ပြေသွားနိုင်ပါတယ်၊ ရန်ကုန်စည်ပင် နယ်နိမိတ်ထဲကို ပြေးဆွဲလို့မရပေမဲ့ အနီးစပ်ဆုံး နေရာတွေတော့ ပြေးဆွဲခွင့်ရအောင် တောင်းဆိုသွားမှာပါဟု ရန်ကုန်-ပဲခူးပြေးဆွဲနေသည့် ယာဉ်မောင်း ဦးလှထွေးကပြောသည် မထသကော်မတီအနေဖြင့် လည်းယင်းသို့ အချိန်တစ်လ တိုးမြှင့်ပေးစဉ်ကာလအတွင်း လက်ရှိပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ် လမ်းကြောင်းများတွင် ပြေးဆွဲလျက်ရှိသည့် စီးတီးဘတ်စ်များကို ယာဉ်အစီးရေ တိုးမြှင့်ပြေးဆွဲရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဟိုင်းလပ်ယာဉ်တွေကို စာရင်းကောက်ကြည့်တဲ့အခါမှာ နေ့စဉ် ခရီးသည်စီးနင်းတဲ့ အရေအတွက်က တစ်သိန်းကျော်လောက် ရှိတယ်လို့ သိရတယ်၊ အဲဒါကြောင့် ဟိုင်းလပ်ယာဉ်တွေကို ပြေးဆွဲခွင့် ကန့်သတ်ထားပေမဲ့ သူ့နေရာမှာ အစားထိုးပြေးဆွဲဖို့ လမ်းကြောင်းတူ ယာဉ်တွေကို တိုးဖို့စီစဉ်ပြီးပါပြီဟု မထသကော်မတီဥက္ကဌ ဦးလှအောင်က ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဟိုင်းလပ်ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၄၆ လိုင်းမှ ယာဉ်အစီးရေ ၈၅ဝ ပြေးဆွဲလျက်ရှိကြောင်း၊ အဆိုပါယာဉ်များကို ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ကိုတားမြစ်ရန် သတ်မှတ်ခြင်းမှာ နှစ်စဉ်ခရီးသည်တင်ယာဉ် မတော်တဆဖြစ်ပွားရာ၌ အများစုမှာ ဟိုင်းလပ်ယာဉ်များကြောင့် ဖြစ်ပွားသည်ကို တွေ့ရသောကြောင့် ဟိုင်းလပ်များနေရာတွင် မီနီဘတ်စ်များ အစားထိုးပြေးဆွဲရန် သတ်မှတ်ခဲ့ပြီး စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။


 

Ref: Automobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »