ဧပြီလမတိုင်မီကပင် ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ်လက်မှတ်များ ပြတ်လပ်မှုကြောင့် ခရီး နှစ်ဆင့်၊ သုံးဆင့်သွားလာရန် စီစဉ်နေရ
download
Ref: Automobile
Unicode Version
ဧပြီလမတိုင်မီကပင် ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ် ခရီးစဉ် လက်မှတ်များ ပြတ်လပ်မှုကြောင့် ခရီးနှစ်ဆင့်၊ သုံးဆင့်သွားရန် စီစဉ်နေရကြောင်း အဝေးပြေး ယာဉ်လိုင်းများထံ လက်မှတ် ဝယ်ယူနေကြသည့် ခရီးသည်များထံမှ သတင်းရရှိသည်။
download
သင်္ကြန် ပိတ်ရက်ရှည်တွင် ရန်ကုန်မှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့် အဝေးပြေးခရီးစဉ် လက်မှတ်များကို ယခင်ကထက် စျေးနှုန်းနှစ်ဆ ပေးဝယ်နေရကာ ယာဉ်လိုင်းအချို့တွင် ဧပြီလ မရောက်မီကတည်းက သင်္ကြန် ကာလအတွက် ကားလက်မှတ် အားလုံး ပြည့်နေပြီဖြစ်သဖြင့် ခရီးသည်အချို့ နေရပ်ပြန်ရန် ကားနှစ်ဆင့်၊ သုံးဆင့် ပြောင်း၍ သွားလာ ရန် စီစဉ်နေရကြောင်း သိရသည်။ “အစ်မက မကွေးပြန်မှာ၊ လက်မှတ်ကတော့ အရင် ကိုးထောင်ပေးရတယ်၊ အခု သင်္ကြန်နားနီးလို့ ၁၈,ဝဝဝ ပေးဝယ်ရတယ်၊ သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း မကွေးပြန်မှာပါ၊ ဒါပေမဲ့ လက်မှတ် လုံးဝမရတော့ ရေနံချောင်းကို တစ်ဆင့်စီးပြီးမှ မကွေးကား ထပ်စီးရမှာ၊ တချို့ သူငယ်ချင်းတွေလည်း လက်မှတ်တွေ သွားဝယ်ကြတာ ကားဂိတ်တွေက အချိန်တွေပြောပြီး သူတို့ ရောင်းတဲ့အချိန်တွေမှာ လာဝယ်ရင် ဝယ်၊ မဝယ်ရင် မရတော့ဘူးလို့ ပြောတယ်၊ အစ်မတို့ကလည်း အလုပ်တွေနဲ့ဆိုတော့ တော်တော်လေး ဒုက္ခရောက်နေတယ်”ဟု မကွေး လက်မှတ်ဝယ်ယူသူ မဝိုင်းဝိုင်းက ပြောသည်။ သင်္ကြန် ပိတ်ရက် ရှည်ကာလကြောင့် နယ်သို့ပြန်မည့် ခရီးသည်များ များပြားသဖြင့် ယာဉ်လိုင်းများရှိ လက်မှတ်များ ပြတ်လပ်နေရခြင်း ဖြစ်ကြောင်း သိရသည်။ သို့ရာတွင်လည်း အဝေးပြေး ယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိသော ကားများသည် ဧပြီ ၁၁ ရက်အထိ ယခင်သတ်မှတ်ထားသည့် ကားအစီးရေနှင့် သတ်မှတ်ထားသည့်အချိန်အတိုင်း ပြေးဆွဲမည်ဖြစ် ကြောင်း သိရသည်။ အလားတူ တာမွေမြို့နယ်မှ လက်မှတ် အရောင်းကိုယ်စားလှယ် တစ်ဦးကလည်း “ဒီအချိန်ကတော့ လက်မှတ်စျေးတွေတက်တာ ပုံမှန်လိုဖြစ်နေပါပြီ၊ မြို့ကြီး ခရီးစဉ်တွေထက်စာရင် ယာဉ်ပြေးဆွဲမှုနည်းတဲ့ မကွေးတို့၊ ရခိုင်တို့ ယာဉ်လိုင်း လက်မှတ်ခတွေက နှစ်ဆတက်တယ်၊ တချို့ဆို မှောင်ခိုစျေး ကြောင့်တက်တာ မဟုတ်ဘဲ မူရင်းဂိတ်က စျေးတင်ပြီးတော့ ရောင်းတာ”ဟု ပြောခဲ့သည်။
Ref: Automobile
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »