ဟံသာဝတီအ၀ိုင်း မီးပွိုင့်စနစ်အသုံးပြုရန် သင့် မသင့် ငါးလခန့် အချိန်ယူ စစ်တမ်းကောက်မည်

ပြည်လမ်းမကြီးပေါ်ရှိ ဟံသာဝတီအ၀ိုင်းတွင် ယာဉ်ကြောကျပ်တည်းမှု ဆိုးရွားစွာ ဖြစ်ပွားနေသည့်အတွက် အ၀ိုင်းပတ်စနစ်အစား မီးပွိုင့်စနစ် အသုံးပြုရန် သင့်မသင့် အချိန် ငါးလခန့်ယူ၍ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)  မှ သတင်းရရှိသည်။Circle
ယခင်ကတည်းက ယာဉ်ကြောကျပ်တည်းမှု အနည်းငယ် ဖြစ်ပေါ်လေ့ရှိပြီး အ၀ိုင်းအနီးရှိ စိုက်ပျိုးရေး မှတ်တိုင်နှင့် အ၀ိုင်းမှတ်တိုင်တွင် ခရီးသည်တင်ယာဉ်များ နှစ်ထပ်ရပ်၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ ခရီးသည်စောင့်ဆိုင်းခြင်းတို့အပြင် လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်အသုံးပြုပြီး နောက်ပိုင်း ယာဉ်ကြော ကျပ်တည်းမှု ပိုမိုမြင့်မားလာရာ အ၀ိုင်းပတ်စနစ်ကို ဖြုတ်သိမ်းရန်နှင့် မီးပွိုင့်စနစ် အသုံးပြုရန် သင့်မသင့် စစ်တမ်းကောက်ယူ လေ့လာမှုများ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ လှည်းတန်းတံတား အဆင်းကလာတဲ့ ကားတွေရယ်၊ ဆူးလေ၊ မြေနီကုန်းဘက်ကလာတဲ့ ကားအစီးရေ များတာရယ်၊ ဘတ်စ်ကား တွေရဲ့ စည်းကမ်းမရှိမှုတွေရယ်ကြောင့် အ၀ိုင်းမှာ ယာဉ်ကြောကျပ်တာက ပိုဆိုးလာပါတယ်၊ ရှစ်မိုင်မှာတော့ ဆင်ဆာစနစ်သုံး မီးပွိုင့်ကြောင့် တော်တော် အဆင်ပြေ သွားပါတယ်၊ အဲဒါကြောင့် အ၀ိုင်းကိုလည်း ဒီလိုလုပ်ဖို့ စဉ်းစားမိတာ၊ အဆင်ပြေမပြေတော့ စစ်တမ်းကောက်ပြီး မှသိမယ်ဟု မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ဟံသာဝတီအ၀ိုင်းကို အ၀ိုင်းပတ်စနစ် ဖြုတ်သိမ်း၍ မီးပွိုင့်စနစ် တပ်ဆင်အသုံးပြုရန် စစ်တမ်းကောက်ယူမှုကို ယခုနှစ် ဇန်န၀ါရီလမှ မေလအထိ ပြုလုပ်သွားမည်ဖြစ်ပြီး မီးပွိုင့်စနစ် အသုံးပြုမည်ဆိုပါက အသုံးပြုသွားမည့် မီးပွိုင့်ဒီဇိုင်း ရေးဆွဲခြင်းနှင့် မီးပွိုင့်၌ ဆင်ဆာစနစ် အသုံးပြုခြင်း သင့်မသင့်တို့ကို လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။


 

Ref: Automobile

Latest News

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »
Download Android App