Hand Polishing Vs Machine Polishing သင်ဘာကို ရွေးချယ်မလဲ


hand-polishing-car


machine-polishing-car


P4244120-500x375


 


Aung Mon Chan

No. 1 Car Site in Myanmar

www.myanmarcarsdb.com

 



Unicode Version

ယခုလိုမိုးတွင်းကာလတွေမှာ ညစ်ပတ်နေတဲ့သင့်ကားကို Polish တိုက်ဖို့ လိုလာပါပြီ.။ ယခင်က ကိုယ်တိုင်လက်နဲ့ Polish တိုက်ခြင်း နဲ့ ဆိုင်တွေမှာ စက်နဲ့ Polish တိုက်ခြင်းဆိုပြီး ရွေးချယ်စရာနှစ်မျိုးပဲရှိခဲ့ပါတယ်.။ ယခုအချိန်မှာတော့ စက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကိုယ်တိုင်တိုက်နိုင်တဲ့ Polishing Machine တွေ ထုတ်လုပ်ပေးလာပြီဖြစ်လို့ ကိုယ်တိုင်အိမ်မှာ Machine Polishing လုပ်နိုင်ပြီဖြစ်ပါတယ်.။ လက်နဲ့ Polish တိုက်ခြင်းနဲ့ စက်နဲ့တိုက်ခြင်းမှာ အားသာချက် အားနည်းချက်အသီးသီးရှိပါတယ်.။

hand-polishing-car

လက်နဲ့ Polish တိုက်ခြင်းဟာ သင့်လက်မောင်းနဲ့ လက်ရဲ့အားကို အသုံးပြုပြီး တိုက်ရတာဖြစ်တဲ့အတွက် ပိုပင်ပန်းပြီး အချိန်လဲ ပိုကုန်ပါတယ်.။ ဒါပေမယ့် စက်ကိုအသုံးပြုခြင်းထက် ပိုပြီး safe ဖြစ်ပါတယ်.။ စက်ကိုအသုံးပြုတဲ့အခါ ကျွမ်းကျင်မှုမရှိရင် ကားကို ပိုပြီး ဆိုးရွာစွာ ပျက်စီးစေနိုင်ပါတယ်.။ တကယ်လို့ သင် Polish တိုက်ရမယ့် ပမာဏဟာ သေးငယ်ပြီး လွယ်ကူတယ်ဆိုရင်တော့ လက်နဲ့ Polish တိုက်ခြင်းကို ရွေးချယ်သင့်ပါတယ်.။

machine-polishing-car

စက်နဲ့ Polish မှာတော့ နှစ်မျိုးနှစ်စားရှိပါတယ်.။ Rotary နဲ့ Dual action polisher လို့ခေါ်ကြပါတယ်.။ Rotary ဆိုတာကတော့ စက်ရဲ့ထိပ်ပိုင်းမှာ လည်နေတဲ့အဝိုင်းတစ်ခုပါဝင်တဲ့ စက်ကိုခေါ်တာပါ.။ ဒီစက်အမျိုးအစားကို Professional တွေပဲ အသုံးပြုတာများပါတယ်.။ အရမ်းအသုံးဝင်ပြီး effective ဖြစ်ပေမယ့် မသုံးစွဲတတ်ရင် အန္တရာယ်ရှိသလို ကားကိုလဲ ပျက်စီးစေတတ်လို့ပါ.။ Dual Action Polisher တွေကတော့  Rotary တွေနဲ့စာရင် အနည်းငယ်သေးငယ်ပြီး ပေါ့ပါးပါတယ်.။ ထိပ်ပိုင်းဟာ လှည့်ပတ်နေတာမဟုတ်ဘဲ လက်နဲ့ Polish တိုက်တဲ့ ပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပြီး speed ကတော့ အရမ်းမြန်ပါတယ်.။ ဒီထိပ်ပိုင်းဟာ ကားကိုပျက်စီးစေမယ့် အပူချိန်မျိုးဖြစ်မလာအောင် ထိန်းချုပ်ထားပြီး အလိုအလျောက်အမြန်နှုန်းလျှော့ချခြင်းနဲ့ ရပ်ပစ်ခြင်းတို့ကိုလဲ ဆောင်ရွက်နိုင်ပါတယ်.။ Rotary တွေကတော့ အပူချိန်ထိန်းချုပ်မှု မပါဝင်သလို အမြန်နှုန်းလျှောချခြင်း ရပ်ခြင်းတို့ကိုလဲ အလိုအလျောက်မလုပ်ပေးနိုင်ပါဘူး.။

P4244120-500x375

Dual Action Polisher တွေဟာ ကိုယ်တိုင် Polish တိုက်လိုသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး လက်နဲ့ပြုလုပ်ရခြင်းရဲ့ အချိန်ကြာမြင့်မှု၊ ပင်ပန်းမှု အစရှိတာတွေကို လျှော့ချပေးပြီး အလွယ်တကူ Polish တိုက်နိုင်တဲ့ စက်တွေပဲဖြစ်ပါတယ်.။

 

Ref: http://www.carcleaningguru.com/hand-polishing-vs-machine-polishing/

Aung Mon Chan

No. 1 Car Site in Myanmar

www.myanmarcarsdb.com

 

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...

Read more »