မြန်‌မာနိုင်‌ငံသို့ Ford လာပြီ

US ကားထုတ်‌လုပ်‌ရေး ကုမ္ပဏီ Ford သည်‌ မြန်‌မာနိုင်‌ငံသို့ ဝင်‌‌ရောက်‌‌တော့မည်‌ဖြစ်‌‌ကြောင်း ‌ကြေငြာလိုက်‌ပါသည်‌။ Ford သည် ၁၉၀၃ မှ စတင်ကာ အမေရိကန်နိုင်ငံတွင် မော်တော်ကားများစတင်ထုတ်လုပ်ရောင်းချလာခဲ့ပြီး၊ Knight Rider ဇာတ်လမ်းအား တဖန်ပြန်လည်စမ်းသစ်ရာတွင် ပါဝင်ထည့်သွင်းခြင်းခံရသည့် နာမည်ကျော် Mustang Shelby များကို ထုတ်လုပ်သည့် ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Ford သည်‌ မြန်‌မာနိုင်‌ငံရှိ Capital Diamond Star Group ကုမ္ပဏီနှင့်‌ အကျိုးတူပူး‌ပေါင်းကာ မြန်‌မာနိုင်‌ငံတွင်‌ ‌Showroom၊ ဆားဗစ်စင်တာနဲ့ ယာဉ်အစိတ်အပိုင်းအပိုပစ္စည်းသိုလှောင်ရုံတစ်ခုကို ဤ ၂၀၁၃နှစ်အကုန်တွင် ဖွင့်‌လှစ်သွားမည်‌ဖြစ်‌သည်‌ဟု ‌ပြောကြားခဲ့သည်‌။ Ford အ‌နေနှင့်‌ အိမ်‌စီးနှင့်‌ လုပ်‌ငန်းသုံးကားမျိုးစုံတို့ကို မြန်‌မာနိုင်‌ငံ အနှံသို့ ‌ရောင်းချ‌ပေးသွားမည်‌ဟု‌ ‌ပြောကြားသွားသည်‌။ SUV နှင့် Sedan များဖြစ်သည်ဟုလည်းကြားသိရသည်။

"Ford အတွက်‌ မြန်‌မာနိုင်‌ငံမှာအင်‌မတန်‌ အလားအလာ‌ကောင်း‌တွေ အများကြီးကို ‌တွေ့ရပါတယ်။ မြန်‌မာနိုင်‌ငံ၏ ဝယ်‌ယူသူ ပရိသတ်‌များကိုလည်း ‌ကောင်းမွန်‌တဲ့ service များ‌ပေးသွားနိုင်‌ဖို့ ‌မျှော်‌လင့်‌‌နေပါတယ်‌။" ဟု Ford ၏ Regional Manager, Asia Pacific, Export and Growth Operation ဖြစ်‌‌သော David Westerman မှ ‌ပြောကြားခဲ့သည်‌။

7102431131_02f1c368e3

"မြန်‌မာနိုင်‌ငံ၏ စီးပွား‌ရေးနှင့်‌ လူမှု‌ရေးဖွံဖြိုးတိုးတက်‌‌ရေး အတွက် အကျိုးရှိ‌အောင်‌ တစ်‌ဖက်‌တစ်‌လမ်းမှလည်း ကြိုးစားလုပ်‌ဆောင်‌သွားပါမယ်" ဟုလည်း ‌ပြောကြားသွားခဲ့သည်‌။

"ကျွန်‌‌တော်‌‌တို့Ford အ‌နေနှင့်‌ မည်‌သည့်‌‌ ‌နေရာ‌ဒေသတွင်‌မဆို ‌‌ဒေသ၏ အကျိုးကို ‌ရှေရှုပြီး ‌ဒေသနှင့်‌ ‌ဒေသခံများအ‌ပေါ်ရင်း နှီးမြှုပ်‌နှံမှုများ ပြုလုပ်‌ခဲ့ရာ မြန်‌မာနိုင်‌ငံတွင်‌လည်း အလားတူ ပြုလုပ်‌သွားမှာဖြစ်‌ပါတယ်‌။"

မြန်‌မာနိုင်‌ငံ၏စီးပွား‌ရေး အ‌ခြေ‌အ‌နေ တိုးတက်‌လာတာနှင့်‌ အမျှ Ford ၏လုပ်‌ငန်းများကို နိုင်‌ငံအနှံ့ တိုးချဲ့သွားရန်‌ စီစဉ်‌ထားသည်‌ဟုလည်း သိရသည်‌။

၂၀၁၃ ခုနှစ်‌စပိုင်းက Suzuki မှ မြန်‌မာနိုင်‌ငံတွင်‌ Truck ကားများစတင်‌ ထုတ်‌လုပ်‌သွားမည်‌ဟု ‌ကြေငြာခဲ့ပြီး ယခုအခါ Ford မှပါ ဝင်‌‌ရောက်‌‌တော့မည်‌ဟု ‌ကြေငြာခဲ့ပြီဖြစ်‌ရာ ‌နောက်‌‌နောင်‌ မည်‌သည့်‌ ကုမ္ပဏီများ ဝင်‌‌ရောက်‌လာမည်‌နည်းဟု ကျွန်‌‌တော်‌တို့ MyanmarCarsDB အဖွဲ့သားများက စိတ်‌ဝင်‌စားစွာ‌မျှော်‌လင့်‌နေကြပါတယ်‌။

MyanmarCarsDB ရဲ့ ဧည့်‌ပရိသတ်‌များ‌အ‌နေနှင့်‌‌ အခြားမည်‌သည့်‌ ကုမ္ပဏီဝင်‌လာရန်‌ ‌စောင့်‌‌မျှော်‌‌နေကြပါသလဲ‌ ‌ခင်‌ဗျာ။‌

Ref: BBC, Photo Credits: Ford Asia Pacific

 

Latest News

ယခုတစ်ပတ်အတွင်းပေါက်ဈေးများ

Awgiaerngiea 150x150

ယနေ့ (၂၉.၃.၂၀၁၇) အတွက် နောက်ဆုံးရရှိသောဈေးနှုန်းများ စလစ်ဈေး- ၁၀၂ သိန်း ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း...

Read more »

ဧပြီ ၁ ရက်​မှစ၍ စလစ်​ကပ်​ကား...

Mazda 150x150

ယာဉ်အိုယာဉ်​​ဟောင်း ​စလစ်​ကပ်​ကားများကို လာမည့်​ ဧပြီလ ၁ ရက်​မှစ၍ ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံမည်​ဆိုခြင်း​ကြောင့်​CIF...

Read more »

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

"လမ်းအန္တရာယ်ကင်းရှင်းဖို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »
Download Android App