အမျိုးသမီး စပယ်ယာ လိုင်စင်ပြုလုပ်ထားသူ (၄၀)ဦးခန့်ရှိလာ
Ref: Auto World
Unicode Version
ခရီးသည်တင် ဘတ်စ်ကား များတွင် ယာဉ်မောင်း အကူအဖြစ် လိုက်ပါသော ယာဉ်နောက်လိုက် စပယ်ယာများကို စပယ်ယာ လိုင်စင်ပြုလုပ်ရန် ညွှန်ကြားထားရာတွင် အမျိုးသားအပြင် အမျိုးသမီးများပါ စပယ်ယာ လိုင်စင်ပြုလုပ် ထားသည်မှာ အယောက် (၄ဝ) ဦးခန့် ရှိနေပြီး ဖြစ်ကြောင်း ကုန်လမ်း ပို့ဆောင်ရေး နှင့်ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) စပယ်ယာ လိုင်စင် စိစစ်ရေးဌာနမှ သိရှိရပါသည်။Female-Bus
အမျိုးသမီး စပယ်ယာ လိုင်စင် လာရောက် ပြုလုပ်သူများ အနေဖြင် ့ယာဉ်စီးကမ်း၊ လမ်းစီးကမ်းများကို နှုတ်ဖြေအပြင် ရေးဖြေ ဖြေရကြောင်း၊ ယင်းတို့အောင်မှသာ အမျိုးသမီး စပယ်ယာ လိုင်စင်ထုတ်ပေး ကြောင်းသိရှိရသည်။ အမျိုးသမီး စပယ်ယာလိုင်စင် ပြုလုပ်ထားသူများတွင် နာမည်ကြီး အဝေးပြေး ယာဉ်လိုင်းများ ဖြစ်သည့် E-Lite နှင့် JJ အဝေးပြေးယာဉ်လိုင်း တို့မှအများဆုံး ပြုလုပ်ထားကြောင်း စာရင်းများအရ သိရှိရသည်။ အမျိုးသမီး စပယ်ယာ လိုင်စင်ကို E-Lite မှ (၁၆) ယောက်၊ JJ မှ (၁၁) ယောက်နှင့် ကိုယ်တိုင်လာရောက် လျှေက်ထားသူနှင့် မ.ထ.သ (ဗဟို) မှ လျှေက်ထားသူ (၁၂) ယောက်၊ စုစုပေါင်း (၃၉) ယောက် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
အဝေးပြေး ယာဉ်များတွင် လိုက်ပါသော Bus မယ်များသည် ကြော်ငြာရုံ၊ နေရာချထားရုံဖြင့် အမျိုးသီးစပယ်ယာ လိုင်စင် လျှေက်ထားရန် မလိုဘဲ မ.ထ.သ (အဝေးပြေး) ထံတွင် ယာဉ်ပေါ် လိုက်ပါခွင့် ရယူရုံဖြင့် လိုက်ပါနိုင်ကြောင်း သိရှိရသည်။ အမျိုးသမီး ပယ်ယာလိုင်စင် လျှောက်ထားသူများ အနေဖြင့် မှတ်ပုံတင် မိတ္တူ၊ ဓာတ်ပုံ (၃) ပုံလိုအပ်ပြီး တစ်ကြိမ်ဖြေဆိုပါက (၁ဝဝ) ကျပ် ပေးသွင်းရကြောင်းသိရသည်။ ဖြေဆိုမှု အောင်မြင်သူများကို အမျိုးသမီး စပယ်ယာ လိုင်စင် ထုတ်ပေးပြီး လိုင်စင် သက်တမ်း မှာ (၅) နှစ် ဖြစ်ကြောင်း သိရှိရသည်။
Ref: Auto World
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...
Latest news1 10 150x150
Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...
Read more »