fb-pageview-tracker
ယာဥ္​မွန္/​မမွန္​ စစ္​​ေဆး​​ေပးရန္​ ကညန ရံုးဝန္​ထမ္​းအေယာင္ေဆာင္ၿပီး ​ေငြ​ေၾကးယူ၍ ယာဥ္​စစ္​​ေပးသူမ်ားဖမ္​းမိ


Zawgyi Version

ယာဥ္​မွန္/​မမွန္​ စစ္​​ေဆး​​ေပးရန္​အတြက္​ ကညန ရံုးဝန္​ထမ္​းအေယာင္ေဆာင္ၿပီး အင္​ဂ်င္​နီယာဟု​ေျပာဆိုကာ ယာဥ္​မွန္/​မမွန္​ စစ္​​ေဆးခ ​ေငြ​ေၾကး ၁ သိန္း ၃ ေသာင္း ယူ၍ ကညန ရံုးျပင္​ပ​ေနရာတြင္​ ယာဥ္​စစ္​​ေပးသူ ၂ ဦးကို ယ​ေန႔ဖမ္​းဆီးရမိခဲ့​ေၾကာင္​း ကုန္​းလမ္​းပို႔​ေဆာင္​​ေရး ၫႊန္​ၾကားမႈဦးစီးဌာနမွ သိရသည္။

တရားဝင္​ မွတ္​ပံုတင္​ ယာဥ္​ဟုတ္​/မဟုတ္​၊ ယာဥ္​မွန္/​မမွန္​ စစ္​​ေဆး​​ေပးျခင္​းကို ယာဥ္​မွတ္​တမ္​းမ႐ွိ​ေသာ ​ေနရာမ်ား၌လည္​း​ေကာင္​း၊ ရံုးျပင္​ပ​ ေနရာမ်ား၌​လည္​း​ေကာင္​း ယာဥ္​မွန္/​မမွန္​ စစ္​​ေဆးျခင္​း မျပဳလုပ္​ႏိုင္​ဘဲ ရံုးျပင္​ပတြင္​ ဝန္​ထမ္​းအ​ေယာင္​​ေဆာင္​ထား​ေသာ သူမ်ားက ​ေငြ​ေၾကး ၁ သိန္း ၃ ေသာင္း အထိ လိမ္​လည္ရ​ယူကာ ယာဥ္​စစ္​​ေဆး​ေပး​ေနမႈမွာ တရားဝင္​ျခင္းမ႐ွိဘဲ ကညန ရံုး၏ ​ယာဥ္​စစ္​​ေဆးမႈ ​ေငြသြင္​းေျပစာ ရရွိမွသာ တရားဝင္​ စစ္​​ေဆးျခင္​းျဖစ္​​သည္ဟု သိရသည္။

"ကညန အင္​ဂ်င္​နီယာ ဝန္​ထမ္​းဆိုျပီး​ေတာ့ ကညန ရံုးအနီးအနားမွာ ​ပိုက္​ဆံ ၁ သိန္း ၃ ေသာင္းယူျပီး ယာဥ္​စစ္​​ေပး​ေနတဲ့သူ​ေတြကို ဖမ္​းမိတာပါ။ သူတို႔ကို သက္​ဆိုင္​ရာ ရဲစခန္​းမွာ လိမ္​လည္​မႈနဲ႔ ဌာနက​ေန တရားစြဲ အမႈဖြင္​့သြားမွာပါ။ ရံုးမွာ စစ္​​ေဆးတာမဟုတ္​ရင္​​ေတာ့ ယာဥ္​မွန္​/မမွန္​ စစ္​​ေဆး​ေပး​ေနတာ တရားဝင္ ​မဟုတ္​ပါဘူး။" ဟု ကုန္​းလမ္​းပို႔​ေဆာင္​​ေရး ၫႊန္​ၾကားမႈဦးစီးဌာနရံုးမွ တာဝန္​႐ွိသူတစ္​ဦးက ​ေျပာၾကားခဲ့သည္။

တရားဝင္​ မွတ္​ပံုတင္​ထားသည္​့ ယာဥ္​ဟုတ္​/မဟုတ္​၊ ယာဥ္​မွန္/​မမွန္​ စစ္​​ေဆး​ေပးျခင္​းသည္​ ယာဥ္​၏ မွတ္​တမ္​းပါ အခ်က္​အလက္​မ်ားႏွင္​့ တိုက္​ဆိုင္​စိစစ္​ျခင္​း၊ ယာဥ္​၏ ​ေဘာင္​အမွတ္​ႏွင္​့ ​ေဘာင္​အမွတ္​ပါ member တန္​းတစ္​​ေလ်ွာက္​ ဆပ္​စပ္​​ေန​ေသာ အစိတ္​အပိုင္​းမ်ား မွန္​ကန္​မႈ႐ွိ/မ႐ွိ စိစစ္​​ျခင္​းမ်ား ျပဳလုပ္​ရၿပီး ယာဥ္​မွန္/​မမွန္​ စစ္​​ေဆး​ျခင္​းကို ကညန ရံုးျပင္​ပ​ေနရာတြင္​ စိစစ္ စစ္ေဆး​ႏိုင္​ျခင္​းမ႐ွိႏိုင္​​ေၾကာင္​းကိုလည္း အသိ​ေပး​ေၾကညာထားသည္။


Unicode Version

ယာဉ်မှန်/မမှန် စစ်ဆေးပေးရန်အတွက် ကညန ရုံးဝန်ထမ်းအယောင်ဆောင်ပြီး အင်ဂျင်နီယာဟုပြောဆိုကာ ယာဉ်မှန်/မမှန် စစ်ဆေးခ ငွေကြေး ၁ သိန်း ၃ သောင်း ယူ၍ ကညန ရုံးပြင်ပနေရာတွင် ယာဉ်စစ်ပေးသူ ၂ ဦးကို ယနေ့ဖမ်းဆီးရမိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရားဝင် မှတ်ပုံတင် ယာဉ်ဟုတ်/မဟုတ်၊ ယာဉ်မှန်/မမှန် စစ်ဆေးပေးခြင်းကို ယာဉ်မှတ်တမ်းမရှိသော နေရာများ၌လည်းကောင်း၊ ရုံးပြင်ပ နေရာများ၌လည်းကောင်း ယာဉ်မှန်/မမှန် စစ်ဆေးခြင်း မပြုလုပ်နိုင်ဘဲ ရုံးပြင်ပတွင် ဝန်ထမ်းအယောင်ဆောင်ထားသော သူများက ငွေကြေး ၁ သိန်း ၃ သောင်း အထိ လိမ်လည်ရယူကာ ယာဉ်စစ်ဆေးပေးနေမှုမှာ တရားဝင်ခြင်းမရှိဘဲ ကညန ရုံး၏ ယာဉ်စစ်ဆေးမှု ငွေသွင်းပြေစာ ရရှိမှသာ တရားဝင် စစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။

"ကညန အင်ဂျင်နီယာ ဝန်ထမ်းဆိုပြီးတော့ ကညန ရုံးအနီးအနားမှာ ပိုက်ဆံ ၁ သိန်း ၃ သောင်းယူပြီး ယာဉ်စစ်ပေးနေတဲ့သူတွေကို ဖမ်းမိတာပါ။ သူတို့ကို သက်ဆိုင်ရာ ရဲစခန်းမှာ လိမ်လည်မှုနဲ့ ဌာနကနေ တရားစွဲ အမှုဖွင့်သွားမှာပါ။ ရုံးမှာ စစ်ဆေးတာမဟုတ်ရင်တော့ ယာဉ်မှန်/မမှန် စစ်ဆေးပေးနေတာ တရားဝင် မဟုတ်ပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်ဟုတ်/မဟုတ်၊ ယာဉ်မှန်/မမှန် စစ်ဆေးပေးခြင်းသည် ယာဉ်၏ မှတ်တမ်းပါ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ခြင်း၊ ယာဉ်၏ ဘောင်အမှတ်နှင့် ဘောင်အမှတ်ပါ member တန်းတစ်လျှောက် ဆပ်စပ်နေသော အစိတ်အပိုင်းများ မှန်ကန်မှုရှိ/မရှိ စိစစ်ခြင်းများ ပြုလုပ်ရပြီး ယာဉ်မှန်/မမှန် စစ်ဆေးခြင်းကို ကညန ရုံးပြင်ပနေရာတွင် စိစစ် စစ်ဆေးနိုင်ခြင်းမရှိနိုင်ကြောင်းကိုလည်း အသိပေးကြေညာထားသည်။

Latest News

ရန္ကုန္လိုင္စင္ကို စနစ္တစ္ခုျဖင့္ ယခုနွစ္အတြင္း...

Zawgyi Version လိုင္စင္ကို Yangon Vehicle Quota Certificate (YVQC) စနစ္ျဖင့္ တန္ဖိုးသတ္မွတ္၍ ယခုနွစ္အတြင္း ခြင့္ျပဳခ်ထားေပးရန္...

Read more »

Lexus RX 2019 Review (International)

Zawgyi Version တည္ေဆာက္ပုံေကာင္းမြန္ျပီး ေမာင္းႏွင္ရတာ ဇိမ္က်တဲ့ Lexus RX 2019 ကေတာ့ hybrid အင္ဂ်င္နဲ႕ပဲ အေကာင္းဆုံးဝယ္ယူရရွိႏိုင္ပါတယ္။...

Read more »

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »