မော်တော်ယာဉ်အစီးရေ တစ်သိန်းကျော် အင်္ဂလိပ်ဖောင်းကြွနံပါတ်ပြား ထုတ်ပေးပြီးဖြစ်
Ref : Automobile
Unicode Version
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ တစ်သိန်း ကျော်ကို အင်္ဂလိပ် ဖောင်းကြွ နံပါတ်ပြားများ ထုတ်ပေးပြီးဖြစ် ကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာန၊ မြင်သာ ကညနရုံး’မှ သိရသည်။ No-A-PU1
လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖောင်းကြွ နံပါတ်ပြား တပ်ဆင်နိုင်သည့် မော်တော်ယာဉ်အစီးရေမှာ ၃၅၁,၉၈၅ စီးရှိပြီး ဖေဖော်ဝါရီ ၂၁ ရက်အထိ အင်္ဂလိပ် ဖောင်းကြွနံပါတ်ပြား ထုတ်ပေးပြီးဖြစ်သည့် ယာဉ်အစီးရေမှာ ၁၁၁,၁၄၄ စီး ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်ဖောင်းကြွ နံပါတ်ပြားများ ထုတ်ပေးရာတွင် ယာဉ် ယနၲရား၊ ထော်လာဂျီနှင့် ဆိုင်ကယ်များ ပါဝင်ခြင်းမရှိဘဲ လူစီးနှင့် အခြား မော်တော်ယာဉ်များကိုသာ အင်္ဂလိပ် ဖောင်းကြွနံပါတ် ပြားများ တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း သိ ရသည်။ ဖောင်းကြွ နံပါတ်ပြားများ ထုတ်ပေးခြင်း၊ မှာယူခြင်းများနှင့် ပတ်သက်၍ မြင်သာ ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက “အင်္ဂလိပ် ဖောင်းကြွ နံပါတ်ပြားတွေကို စတင် တပ်ဆင် ပေးချိန်ကစပြီး နံပါတ်ပြား မှာယူမှုက ခုနစ်သောင်း ကျော်သွားပြီ၊ ရန်ကုန်အနောက် ပိုင်းခရိုင်၊ မြင်သာ ကညနရုံးမှာတော့ ဖေဖော်ဝါရီ ၂၄ ရက်အထိ မော်တော် ယာဉ် အစီးရေ ၂၈,၂၇ဝ စီးကို နံပါတ်ပြားထုတ်ပေးပြီး ဖြစ်ပါတယ်၊ လက်ရှိအချိန်အထိ နံပါတ်ပြားမှာယူတဲ့ အစီးရေကတော့ ၃၃,၁၃၇ စီး ရှိပါတယ်”ဟု ပြော ကြားခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ သုံးသိန်းခွဲကျော်ရှိရာ ရွာသားကြီး၊ ကညနရုံးမှ မှတ်ပုံတင် ထုတ်ပေးသည့် အစီးရေ ငါးသောင်း ကျော်၊ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ကညနရုံးတွင် တစ်သိန်းကျော်၊ ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် ကညနရုံးတွင် ခုနစ်သောင်းကျော်၊ရန်ကုန်တိုင်း၊ မြောက် ပိုင်းခရိုင် ကညနရုံးတွင် အစီးရေ ခုနစ်သောင်းကျော်၊ ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင် ကညနရုံးတွင် အစီးရေ နှစ်သောင်းကျော်ရှိကြောင်း အထက်ပါ ဌာနမှ သိရသည်။
Ref : Automobile
Latest News
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »