ေအာင္မဂၤလာအေ၀းေျပးဂိတ္တြင္ ယာဥ္ေမာင္းလုိင္စင္သက္တမ္းတိုးသူ တစ္ရက္ပ်မ္းမွ် ၁၀ ဦး၀န္းက်င္ လာေရာက္ျပဳလုပ္

ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနမွ တတိယ႐ုံးခဲြအျဖစ္ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးျခင္းကို ပို႔ေဆာင္ေရးစီမံကိန္းဦးစီး ဌာန (ပို႔/ဆက္ ေအာင္မဂၤလာ႐ုံး ခဲြ)တြင္ မတ္ ၂၀ ရက္က စတင္ ျပဳလုပ္ေပးခဲ့ရာ မတ္ ၂၅ ရက္အထိ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးသူ ေလးဆယ္ေက်ာ္ရွိခဲ့ၿပီး တစ္ရက္ ပ်မ္းမွ်ႏႈန္းအေနျဖင့္ ၁၀ ဦး၀န္း က်င္ လာေရာက္ျပဳလုပ္ေၾကာင္း ‘ကညန ယာယီ႐ုံးခဲြ၊ ေအာင္မဂၤလာ အေ၀းေျပးဂိတ္’မွ သိရသည္။

Lincense

ေအာင္မဂၤလာအေ၀းေျပးဂိတ္ အတြင္းရွိ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးသူမ်ားသည္ ဓာတ္ပံုတစ္ပုံ၊ လိုင္စင္မူရင္းႏွင့္ မိတၱဴ၊ မွတ္ပံုတင္မိတၱဴ  ပါရွိရမည္ျဖစ္ကာ သက္ တမ္းတုိးရာတြင္ လုိင္စင္မူ ရင္းကိုစစ္၍ က်သင့္ေငြ ေကာက္ခံထားၿပီး ယာဥ္ပိုင္ရွင္မ်ားအလုပ္ မပ်က္ေစရန္ လိုင္စင္မူရင္း ျပန္ေပးထားမည္ ျဖစ္သည္။ သက္ တမ္းတုိးရာ တြင္ ယာဥ္ေမာင္းလုိင္ စင္အပ္ႏွံၿပီး သံုးရက္ေျမာက္ေန႔မွသာ လိုင္စင္အသစ္ ထုတ္ေပးမည္ျဖစ္ၿပီး လိုင္စင္မူရင္း၊ ေငြေျပစာႏွင့္ လာေရာက္ ေရြးယူရမည္ ျဖစ္ေၾကာင္း သိရ သည္။ ေအာင္မဂၤလာအေ၀းေျပးဂိတ္ အတြင္းရွိ ႐ုံးခဲြတြင္ ယာဥ္ေမာင္း လိုင္စင္သက္တမ္းတိုး လာေရာက္ ျပဳလုပ္သူ မဂၤလာဒုံၿမိဳ႕နယ္ေန ကိုေအာင္မင္းဦးက “ဒီမွာယာဥ္ ေမာင္းလိုင္စင္ သက္တမ္းတိုး ႐ုံးခဲြ ဖြင့္ေနၿပီဆိုလို႔ သက္တမ္းလာတိုးတာပါ၊ အရင္တုန္းက ျမင္သာက ညန႐ုံးမွာ လိုင္စင္သက္တမ္းသြား တိုးရတာ၊ ေအာင္မဂၤလာ အေ၀း ေျပး၀င္းထဲမွာဆိုေတာ့ မဂၤလာဒုံ၊ အင္းစိန္၊ ေျမာက္ဥကၠလာပတို႔မွာ ေနတဲ့သူေတြ၊ နီးစပ္တဲ့သူေတြ သြားရလာရတာ အဆင္ေျပသြားတာေပါ႔၊ အရင္တုန္းက အနည္းဆံုး တစ္ရက္ အခ်ိန္ေပးရတယ္၊ အခု လိုင္စင္အသစ္မရခင္ သံုးရက္အတြင္းမွာ လိုင္စင္ကို ကိုယ့္လက္ထဲမွာေပးထားတယ္၊ အလုပ္လည္း မပ်က္ေတာ့ဘူး၊ အခ်ိန္ကုန္ လည္း သက္သာသြားတယ္၊ သက္ဆုိင္တဲ့ၿမဳိ႕နယ္ေတြမွာ ႐ုံးခဲြေတြ ထပ္ဖြင့္ေပးရင္ပိုေကာင္းပါတယ္”ဟု သံုးသပ္ေျပာၾကားခဲ့သည္။ ရန္ကုန္တိုင္းေဒသႀကီး ကုန္း လမ္းပို႔ေဆာင္ ေရးၫႊန္ၾကားမႈ ဦးစီးဌာန(ကညန)မွ ယာဥ္ေမာင္းမ်ား ႏွင့္ စပယ္ယာမ်ား အလုပ္မပ်က္ဘဲ လြယ္လင့္တကူ လိုင္စင္သက္တမ္းတိုးႏိုင္ရန္ ပထမ႐ုံးခဲြကို ရြာသာႀကီး၊ ဒုတိယ ႐ုံးခဲြကို ဘူတာႀကီးႏွင့္ တတိယ႐ုံးခဲြကို ေအာင္မဂၤလာအေ၀းေျပး၀င္းတြင္ ဖြင့္လွစ္ေပး ခဲ့ၿပီး ထပ္မံ တိုးခဲ်႕ဖြင့္လွစ္ရန္ အစီအစဥ္ရွိေၾကာင္း ‘ျမင္သာ ကညန ႐ုံး’မွ သိရသည္။


Ref: Automobile


Unicode Version

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တတိယရုံးခွဲအဖြစ် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာန (ပို့/ဆက် အောင်မင်္ဂလာရုံး ခွဲ)တွင် မတ် ၂ဝ ရက်က စတင် ပြုလုပ်ပေးခဲ့ရာ မတ် ၂၅ ရက်အထိ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူ လေးဆယ်ကျော်ရှိခဲ့ပြီး တစ်ရက် ပျမ်းမျှနှုန်းအနေဖြင့် ၁ဝ ဦးဝန်း ကျင် လာရောက်ပြုလုပ်ကြောင်း ‘ကညန ယာယီရုံးခွဲ၊ အောင်မင်္ဂလာ အဝေးပြေးဂိတ်’မှ သိရသည်။

Lincense

အောင်မင်္ဂလာအဝေးပြေးဂိတ် အတွင်းရှိ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူများသည် ဓာတ်ပုံတစ်ပုံ၊ လိုင်စင်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မိတ္တူ  ပါရှိရမည်ဖြစ်ကာ သက် တမ်းတိုးရာတွင် လိုင်စင်မူ ရင်းကိုစစ်၍ ကျသင့်ငွေ ကောက်ခံထားပြီး ယာဉ်ပိုင်ရှင်များအလုပ် မပျက်စေရန် လိုင်စင်မူရင်း ပြန်ပေးထားမည် ဖြစ်သည်။ သက် တမ်းတိုးရာ တွင် ယာဉ်မောင်းလိုင် စင်အပ်နှံပြီး သုံးရက်မြောက်နေ့မှသာ လိုင်စင်အသစ် ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်မူရင်း၊ ငွေပြေစာနှင့် လာရောက် ရွေးယူရမည် ဖြစ်ကြောင်း သိရ သည်။ အောင်မင်္ဂလာအဝေးပြေးဂိတ် အတွင်းရှိ ရုံးခွဲတွင် ယာဉ်မောင်း လိုင်စင်သက်တမ်းတိုး လာရောက် ပြုလုပ်သူ မင်္ဂလာဒုံမြို့နယ်နေ ကိုအောင်မင်းဦးက “ဒီမှာယာဉ် မောင်းလိုင်စင် သက်တမ်းတိုး ရုံးခွဲ ဖွင့်နေပြီဆိုလို့ သက်တမ်းလာတိုးတာပါ၊ အရင်တုန်းက မြင်သာက ညနရုံးမှာ လိုင်စင်သက်တမ်းသွား တိုးရတာ၊ အောင်မင်္ဂလာ အဝေး ပြေးဝင်းထဲမှာဆိုတော့ မင်္ဂလာဒုံ၊ အင်းစိန်၊ မြောက်ဥက္ကလာပတို့မှာ နေတဲ့သူတွေ၊ နီးစပ်တဲ့သူတွေ သွားရလာရတာ အဆင်ပြေသွားတာပေါ့၊ အရင်တုန်းက အနည်းဆုံး တစ်ရက် အချိန်ပေးရတယ်၊ အခု လိုင်စင်အသစ်မရခင် သုံးရက်အတွင်းမှာ လိုင်စင်ကို ကိုယ့်လက်ထဲမှာပေးထားတယ်၊ အလုပ်လည်း မပျက်တော့ဘူး၊ အချိန်ကုန် လည်း သက်သာသွားတယ်၊ သက်ဆိုင်တဲ့မြို့နယ်တွေမှာ ရုံးခွဲတွေ ထပ်ဖွင့်ပေးရင်ပိုကောင်းပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)မှ ယာဉ်မောင်းများ နှင့် စပယ်ယာများ အလုပ်မပျက်ဘဲ လွယ်လင့်တကူ လိုင်စင်သက်တမ်းတိုးနိုင်ရန် ပထမရုံးခွဲကို ရွာသာကြီး၊ ဒုတိယ ရုံးခွဲကို ဘူတာကြီးနှင့် တတိယရုံးခွဲကို အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဖွင့်လှစ်ပေး ခဲ့ပြီး ထပ်မံ တိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း ‘မြင်သာ ကညန ရုံး’မှ သိရသည်။


Ref: Automobile

Latest News

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »