fb-pageview-tracker
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ မြန်​မာတစ်​ပြည်​လုံးသာမက အာဆီယံနိုင်ငံများတွင်ပါ မောင်းနှင်ခွင့်ပြု 
Zawgyi Version
ယာဉ်​​မောင်းလိုင်​စင်​များကို ​ဖြေဆိုရာတွင်​ Online စနစ်​မှ ​လျှောက်​ထား​တင်​ပြရမှာဖြစ်​ပြီး ခ ၊ င ယာဉ်​လိုင်​စင်​များ​ဖြေဆိုအောင်​မြင်​လျှင် မြန်​မာတစ်​ပြည်​လုံး​တွင် မောင်းနှင်​ခွင့်​ရရုံမျှမက အာဆီယံနိုင်​ငံများတွင်​လည်း ​မောင်းနှင်​နိုင်​​ကြောင်း သိရသည်​။
Unicode Version
မြန်မာတစ်ပြည်လုံးတွင် မောင်းနှင်ခွင့်ရှိသော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့် အာဆီယံနိုင်ငံများတွင် မောင်းနှင်ခွင့်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး မြင်သာရုံးက သိရသည်။
ယာဉ်မောင်းလိုင်စင်များကို ဖြေဆိုရာတွင် Online စနစ်မှ လျှောက်ထားတင်ပြရမှာဖြစ်ပြီး ခ ၊ င ယာဉ်လိုင်စင်များဖြေဆိုအောင်မြင်လျှင် မြန်မာတစ်ပြည်လုံးတွင် မောင်းနှင်ခွင့်ရရုုံမျှမက အာဆီယံနိုင်ငံများတွင်လည်း မောင်းနှင်နိုင်ကြောင်း သိရသည်။
" (ခ) လိုင်စင်နဲ့ (င) ယာဉ်မောင်းလိုင်စင်က အာဆီယံနိုင်ငံတွေမှာ မောင်းလို့ရနေပါပြီ။ အရင်ကတော့ အာဆီယံ ယာဉ်မောင်းလိုင်စင် သက်သက်ဖြေရတာ။ လိုင်စင်သက်တမ်းတိုးတဲ့အခါမှာ လိုင်စင်အသစ်ပြန်ထုတ်ပေးတယ်။ အဲဒီ ကတ်ပြားမှာ မြန်မာတစ်နိုင်ငံလုံး မောင်းနှင်ခွင့်မပါတော့ဘူး။မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ ဖော်ပြထားတယ်။မောင်းနှင်လို့ရတဲ့ ကားအမျိုးအစားလည်း ဖော်ပြထားပါတယ်။"ဟုု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြောကြားသည်။
ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် (ခ) ယာဉ်မောင်းလိုင်စင်ရလိုသူသည် အသက်(၁၈)နှစ်ပြည့်သူ၊ (က) လိုင်စင်သက်တမ်း (၃)လပြည့်သူ၊ သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူ ဖြစ်ရန် လိုအပ် သည်။ (င) ယာဉ်မောင်းလိုင်စင်ရလိုသူသည်လည်း (ဃ)လိုင်စင်သက်တမ်း (၂)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟု သိရသည်။
Latest News
လိုင်​စင်​မဲ့ တင်​သွင်းထားသည့်...
  (Zawgyi Version) လိုင်​စင်​မဲ့ အဖြစ်တင်​သွင်းထားသည့်​ သုံးဘီးဆိုင်​ကယ်​များနှင့်​ လျှပ်​စစ်​ဆိုင်​ကယ်​များကို one stop services...
Read more »
အမှိုက်သိမ်းရထားဖြင့်...
(Zawgyi Version) ရန်ကုန်တိုင်းဒေသကြီး မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ညစ်​ညမ်းအမှိုက်ပုံများကို အမှိုက်သိမ်းထားရသဖြင့် နိုဝင်ဘာလတွင်...
Read more »
၂၀၁၉ ဇန်န၀ါရီ လကစ၍ ၁၉၉၉ မိုဒယ်ကားများကို...
Zawgyi Version မော်တော်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းစီမံချက်အရ ၂၀၁၉ ဇန်န၀ါရီ လကစ၍ သက်တမ်းနှစ် ၂၀ ပြည့်မှီပြီးဖြစ်သည့် ၁၉၉၉...
Read more »
ချလံဖြတ်​ဖမ်းဆီးထား​သော ကုန်သေတ္တာယာဉ်​ အစီး ၆၀...
Zawgyi Version ရန်​ကုန်​တိုင်းအတွင်းကုန်သေတ္တာယာဉ်​များ ​မောင်းနှင်​သွားလာမှုကို ည ၉ နာရီမှ ​နံနက်​ ၆ နာရီ သတ်​မှတ်​ထားခဲ့ရာတွင်​...
Read more »
လိုင်​စင်​မဲ့ကားများ နီးစပ်​ရာ...
Zawgyi Version ရန်​ကုန်​တိုင်းအတွင်းတွင်​ လိုင်​စင်​မဲ့ကားများ နီးစပ်​ရာ ​နေအိမ်​များတွင်​ရှိ​နေပါက နယ်​​မြေရဲတပ်​ဖွဲ့စခန်းများထံ...
Read more »