fb-pageview-tracker
ဓာတ္ဆီအင္ဂ်င္ထဲ ဒီဇယ္၊ ဒီဇယ္အင္ဂ်င္ထဲ ဓာတ္ဆီ မွားထည့္ျပီးေမာင္းမိတယ္ဆုိရင္ သင့္ကားဘာျဖစ္သြားႏုိင္မလဲ?


Zawgyi Version

သင္ဟာ ဓာတ္ဆီအင္ဂ်င္ကားတစီးကုိ ေမာင္းေနတဲ့ ယာဥ္ေမာင္းသူတစ္ေယာက္ျဖစ္ရင္ျဖစ္မယ္၊ ဒီဇယ္အင္ဂ်င္ကားကုိ ေမာင္းေနတဲ့ သူတစ္ေယာက္ျဖစ္ရင္ျဖစ္ပါမယ္။ သင့္ကားဆီျဖည့္စဥ္မွာ ဆီဆုိင္က ဓာတ္ဆီကားကုိ ဒီဇယ္မွားထည့္လုိက္မိတယ္၊ ဒီဇယ္ကားကုိ ဓာတ္ဆီမွားထည့္လုိက္မိတယ္ ဆုိပါစုိ႕ ( ျဖစ္ခဲေပမယ့္ ျဖစ္ေတာ့ျဖစ္တတ္ပါတယ္)။ သင္ကလည္း အမႈမဲ့ အမွတ္မဲ့ ဆီမွားထည့္လုိက္တာမသိဘဲ ကားစက္ႏိႈးလုိက္မိတယ္ဆုိရင္ သင္ကားအင္ဂ်င္ ဘာေတြျဖစ္သြားနုိင္မလဲဆုိတာကုိ သိပၸံနည္းက် လက္ေတြ႕က်က် ေဆြးေႏြးတင္ျပခ်င္ပါတယ္။

ဆီမွားထည့္တဲ့ျပႆနာ ဘာေတြျဖစ္ႏုိင္တယ္ဆုိတာကုိမသိခင္ ဓာတ္ဆီအင္ဂ်င္နဲ႕ ဒီဇယ္အင္ဂ်င္တုိ႕ရဲ့ မတူကြဲျပားတဲ့ အင္ဂ်င္တည္ေဆာက္ပံု၊ မီးေလာင္ပံုေလးေတြကုိ သိထားရင္ပုိေကာင္းတာေပါ့။

ေမာ္ေတာ္ယာဥ္တစ္စီး တစ္ေနရာကေန တစ္ေနရာသို႔ ေရြ႕လ်ားသြားဖုိ႕ အဓိကစြမ္းအင္ထုတ္လုပ္ေပးတဲ့အရာဟာ အင္ဂ်င္ပါ ။ အဲ့ဒီလုိ စြမ္းအင္ထုတ္လုပ္ေပးဖုိ႕ ေမာ္ေတာ္ကားေတြမွာ thermal engine ဆုိတဲ့ အပူစြမ္းအင္သံုးအင္ဂ်င္ေတြကုိ အသံုးျပဳၾကပါတယ္။ ဓာတ္ဆီနဲ႕ဒီဇယ္အင္ဂ်င္ေတြဟာ အပူစြမ္းအင္သံုးအင္ဂ်င္ေတြျဖစ္ျပီး အတြင္းပုိင္းမွာ မီးေလာင္ေပါက္ကြဲမႈျဖစ္တဲ့ internal combustion engine အမ်ိဳးအစားေတြျဖစ္ၾကပါတယ္။ ဒါေပမယ့္ ဓာတ္ဆီအင္ဂ်င္နဲ႕ ဒီဇယ္အင္ဂ်င္ေတြမွာ အေျခခံအင္ဂ်င္အမ်ိဳးအစားတူေသာ္လည္း ကြဲျပားျခားနားခ်က္မ်ားစြာရွိေနတာပါ။ ဓာတ္ဆီအင္ဂ်င္နဲ႕ဒီဇယ္အင္ဂ်င္ တစ္ခုခ်င္းစီမွာ မတူကြဲျပားတဲ့ အားသာခ်က္ အားနည္းခ်က္ေတြ ရွိပါတယ္။

အခု ကမၻာအနွံ႕အျပားမွာရွိတဲ့ ကားေတြမွာ အသံုးျပဳေနတဲ့ အင္ဂ်င္ေတြဟာ 4 Strokes (Intake , Compression , Power , Exhaust) ဆုိတဲ့ ပံုစံနဲ႕တည္ေဆာက္ထားတဲ့ အင္ဂ်င္ေတြျဖစ္ပါတယ္။ ဓာတ္ဆီအင္ဂ်င္နဲ႕ဒီဇယ္အင္ဂ်င္ေတြမွာက မီးေလာင္ေပါက္ကြဲျပီး ပါဝါရရွိပံုေတြ အဓိကကြဲျပားျခားနားတာပါ။

ဓာတ္ဆီအင္ဂ်င္

ဓာတ္ဆီအင္ဂ်င္တစ္လံုး မီးေလာင္ေပါက္ကြဲျပီးပါဝါရရွိဖုိ႕ အေျခခံအားျဖင့္ ပစ္စတင္ (Piston) ေအာက္ဖက္ကိုအဆင္းမွာ ဓာတ္ဆီနဲ႕ေလကုိေရာေႏွာကာ အင္ဂ်င္ထဲကုိ inlet ေပါက္ကေနဆြဲျပီး ထည့္သြင္းပါတယ္။ အဲ့ဒါကို intake stroke လို႔ေခၚတာပါ။ ျပီးေနာက္ ပစ္စတင္ကေန အဲ့ဒီ ဝင္ေရာက္လာတဲ့ ဓာတ္ဆီနဲ႕ေလေတြကုိ ဖိသိပ္ပါတယ္။ ဒါဟာ compression stroke ပါ။ အဲ့ဒီလုိ ဖိသိပ္လုိက္တဲ့ဖိအား pressure ေၾကာင့္ အင္ဂ်င္ထဲေရာက္ေနတဲ့ ဓာတ္ဆီနဲ႕ေလေတြဟာ အပူခ်ိန္ျမင့္တက္လာပါတယ္။ အဲ့ဒီအခ်ိန္မွာ spark plug ကေနမီးထြက္ေစျပီး မီးေလာင္ေပါက္ကြဲကာ စြမ္းအင္ပါဝါကုိ ရရွိပါတယ္။ အဲ့ဒါကို power stroke လို႔ေခၚၾကတယ္။ အဲဒီလုိမီးေလာင္ေပါက္ကြဲမႈေၾကာင့္ အင္ဂ်င္အတြင္း အပူခ်ိန္ျမင့္တက္မႈနဲ႕ ဖိအားျမင့္တက္မႈတုိ႕ဟာ ဆလင္ဒါအတြင္းမွျဖစ္ေပၚလာျပီး ပစ္စတင္ကုိေအာက္သုိ႕တဖန္တြန္းခ်ျခင္းျဖင့္ ကြန္နက္တင္း (connecting rod ) နဲ႕ ကရုိင္း (crankshaft) တုိ႕ကုိ လည္ပတ္ေစျပီး ေမာ္ေတာ္ယာဥ္ကုိ ေရြ႕လ်ားေစပါတယ္ ။ ဓာတ္ဆီရယ္၊ ေလရယ္၊ ပလပ္ (spark plug) ရယ္ ေပါင္းျပီးမွ မီးေလာင္ေပါက္ကြဲကာ ပါဝါစြမ္းအင္ကုိ ရရွိျခင္းျဖစ္တာေၾကာင့္ ဓာတ္ဆီအင္ဂ်င္ေတြရဲ႕ မီးေလာင္ေပါက္ကြဲမွုလမ္းစဥ္ကုိ ပံုမွန္မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ (regular combustion) လုိ႕ေခၚၾကတာပါ။

ဒီဇယ္အင္ဂ်င္

ဒီဇယ္အင္ဂ်င္မွာေတာ့ ဓာတ္ဆီအင္ဂ်င္မွာလုိ ပလပ္ မပါဝင္ပါဘူး။ ဒီဇယ္အင္ဂ်င္ရဲ့ မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ကေတာ့ ဆလင္ဒါအတြင္းမွာရွိတဲ့ ေလတစ္မ်ိဳးတည္းကုိ အလြန္ၾကီးမားတဲ့ ဖိအားနဲ႕ ဖိသိပ္ျပီး၊ အဲဒီလို ဖိသိပ္ျခင္းေၾကာင့္ အပူခ်ိန္ျမင့္တက္ေနတဲ့ေလအတြင္း ဒီဇယ္ကုိ fuel injector ကေနတဆင့္ အမႈန္အမႊားေလးေတြျဖန္းေပးျခင္းျဖင့္ မီးေလာင္ေပါက္ကြဲမႈကိုျဖစ္ေစျပီး ပါဝါကုိ ရရွိေစတာပါ။ တနည္းဆုိရရင္ ဒီဇယ္အင္ဂ်င္ဟာ ဖိသိပ္ထားတဲ့ေလရဲ့ အပူခ်ိန္နဲ႕ မီးေလာင္ကၽြမ္းေပါက္ကြဲမႈျဖစ္ေစတယ္လုိ႕ ဆုိရပါမယ္။ ဒါေၾကာင့္ ဒီဇယ္အင္ဂ်င္မွာ မီးေလာင္ေပါက္ကြဲမႈျဖစ္ေစဖုိ႕ အပူခ်ိန္ 500 ံC သို႕မဟုတ္ 932 ံ F ကေန ဒီထက္ျမင့္မားတဲ့ အပူခ်ိန္ျဖစ္ေအာင္ ဖိနွိပ္ေပးရပါတယ္။ ဒါေၾကာင့္ ဒီဇယ္အင္ဂ်င္
ဟာ မီးေလာင္မႈျဖစ္စဥ္ (fire triangle) ျဖစ္ေစတဲ့ ေလ၊ ေလာင္စာဆီ၊ မီးစတင္ျဖစ္မႈ (ignition) ေတြမွာ မီးစတင္ေလာင္ကၽြမ္းမႈျဖစ္တဲ့ spark plug မပါဘဲ ေလဖိအားနဲ႕အပူခ်ိန္ကုိသံုးျပီး မီးေလာင္ေပါက္ကြဲမႈျဖစ္ေအာင္တည္ေဆာက္ထားတာေၾကာင့္ ဒီဇယ္အင္ဂ်င္ရဲ့ မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ကုိ ပံုမွန္မဟုတ္တဲ့ မီးေလာင္ေပါက္ကြဲမႈျဖစ္စဥ္ (irregular combustion) လုိ႕ေခၚၾကတာေပါ့။

အက်ဥ္းခ်ဳပ္ဆိုရရင္ေတာ့ ဓာတ္ဆီအင္ဂ်င္မွာ ဆီနဲ႔ေလကုိ အင္ဂ်င္ထဲထည့္ဖိသိပ္ၿပီး ပလပ္ကေန မီးေပါက္ကာ ပါဝါကုိရ႐ွိတယ္လုိ႔ဆိုရပါမယ္။

ဒီဇယ္အင္ဂ်င္မွာေတာ့ ေလတစ္မ်ဳိးထဲကုိ ဖိက်စ္ထည့္ၿပီး အပူခ်ိန္ျမင့္တက္ေအာင္လုပ္ကာ ဒီဇယ္ကုိ အင္ဂ်က္တာကေနပန္းထည့္ၿပီး မီးေလာင္ေပါက္ကြဲေစကာ ပါဝါကုိရရွိတာပါ။

အခုဆက္လက္ တင္ျပခ်င္တာက ဓာတ္ဆီနဲ႕ဒီဇယ္ဆီတုိ႕ရဲ့ မတူကြဲျပားတဲ့ ဂုဏ္သတၱိေတြအေၾကာင္းပါ။

ဓာတ္ဆီ၏ ဂုဏ္သတၱိမ်ား

အေငြ႕ပ်ံလြယ္သည္၊ ပံုမွန္အပူခ်ိန္တြင္ လြယ္ကူစြာ အေငြ႕ပ်ံသည္။
ထြင္းေဖာက္၍ျမင္ႏုိင္သည္၊ အနံ႕အနည္းငယ္သင္းပ်ံ႕သည္။
မီးစတင္ေလာင္ကၽြမ္းရန္ အနိမ့္ဆံုးေသာ အပူခ်ိန္လုိအပ္ခ်က္ (flash point ) = -10 to -15 Cံ or 14 to 15 ံF
ဖိႏွိပ္ေသာသိပ္သည္းဆ = 0.60 to 0.78
ဆီနွင့္ရာဘာထဲသုိ႕ စိမ့္ဝင္ႏုိင္သည္။
အပူခ်ိန္ပမာဏ = 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb
ေအးေနေသာ အင္ဂ်င္ကုိ စတင္ႏိႈးခ်ိန္တြင္ ေလနွင့္ဆီေရာေနွာမႈလြယ္ကူေစရန္ အလြယ္တကူ အေငြ႕ပ်ံႏိုင္စြမ္းရွိသည္ ။

ဒီဇယ္၏ ဂုဏ္သတၱိမ်ား

ဒီဇယ္ကုိ ေရနံစိမ္းမွ အပူခ်ိန္ 200 ံC - 300 ံC (104 to 212 ံF) ၌ခ်က္ယူရရွိသည္။
ဒီဇယ္သည္ ေရနံဆီ ဓာတ္ဆီတုိ႕ထက္ ေနာက္က်ေပါင္းခံထားေသာ ေလာင္စာဆီျဖစ္သည္။
အဝါေရာင္သန္းသည္၊ သင္းပ်ံ႕ေသာရနံ႕ရွိသည္။
မီးစတင္ေလာင္ကၽြမ္းရန္ အနိမ့္ဆံုး အပူခ်ိန္လုိအပ္ခ်က္ (flash point) မွာျမင့္မားျပီး 40 to 100 ံC  or 104 to 212 ံF ျဖစ္ျပီး သိပ္သည္းဆမွာ 0.82 to 0.86  ျဖစ္သည္။
အပူခ်ိန္ပမာဏ အနီးစပ္ဆံုး 10500 ' Kcal / Kg or 4800 Kcal / lb ရွိျပီး နိမ့္ေသာအပူခ်ိန္တြင္ အရည္အျဖစ္တည္ရွိေနမည္။
ဒီဇယ္သည္ အင္ဂ်က္ရွင္းပန္႕ (injection pump) ႏွင့္ ေနာ္ဇယ္ (nozzle) မ်ားအတြင္း ေခ်ာဆီအျဖစ္ ေဆာက္ရြက္ရသျဖင့္ ေစးပ်စ္ျပီး ေခ်ာဆီဂုဏ္သတၱိရွိရမည္။

ဆီႏွစ္မ်ိဳးရဲ႕ မတူညီတဲ့ ဂုဏ္သတၱိႏွစ္ခုကုိ သိျပီဆုိရင္ အခုဓာတ္ဆီအင္ဂ်င္ထဲကုိ ဒီဇယ္ဆီမွားထည့္ၾကည့္ပါမယ္။

ဓာတ္ဆီအင္ဂ်င္ထဲကုိ ဒီဇယ္ဆီထည့္ျပီး စက္ႏုိးလုိက္ရင္ ဘာျဖစ္မလဲ?

အေျဖကေတာ့ ဘာမွမျဖစ္ပါဘူး။ သင့္ကားအင္ဂ်င္ စက္ႏိႈးလာမွာမဟုတ္ပါဘူး။ စနစ္တက်ျပန္ရွင္းျပပါမယ္။

ဓာတ္ဆီအင္ဂ်င္မီးေလာင္ေပါက္ကြဲပံုက ဓာတ္ဆီနဲ႕ေလ အေရာအေနွာေတြကုိ အင္ဂ်င္ထဲထည့္ ဖိသိပ္ျပီး ပလက္ကေနမီးေပါက္ေပးကာ မီးေလာင္ေပါက္ကြဲမႈကိုျဖစ္ေစတာပါ။ ဒီလုိအင္ဂ်င္လည္ပတ္မႈျဖစ္စဥ္ျဖစ္ေစဖုိ႕ ဓာတ္ဆီကုိက သူ႕ဂုဏ္သတၱိအရ ေလနဲ႕ေရာေႏွာရင္ အဆင္ေျပေစဖုိ႕ အေငြ႕ပ်ံလြယ္တဲ့ စြမ္းရည္သတၱိရွိပါတယ္။ ဒီလုိအင္ဂ်င္ထဲကုိ အေငြ႕ပ်ံမလြယ္တဲ့ ဒီဇယ္ထည့္လုိက္တဲ့အခါ ဒီဇယ္
ဟာ အေငြ႕မပ်ံဘဲ အရည္ေတြအျဖစ္နဲ႕ပဲဆက္ရွိေနလုိ႕ ေလနဲ႕အေရာအေႏွာမွာ ေပါက္ကြဲမီး
ေလာင္ေစဖုိ႕ ဘယ္လုိမွမလြယ္ကူေစပါဘူး။ ေနာက္တစ္ခ်က္က ဓာတ္ဆီရဲ့ မီးေလာင္လြယ္နုိင္စြမ္းပမာဏက ျမင့္မားျပီးသားမုိ႕ အင္ဂ်င္တည္ေဆာက္ပံုကုိက အပူခ်ိန္မ်ားေစတဲ့ တမင္ဖိနွိပ္မွုေတြမပါဝင္ပါဘူး။ ဒီေတာ့ ဒီလုိအင္ဂ်င္ထဲမွာ မီးေလာင္မလြယ္နုိင္တဲ့ ဒီဇယ္ဆီဟာ မီးေလာင္ဖုိ႕လိုအပ္တဲ့အပူခ်ိန္မရရွိလုိ႕ မီးေလာင္ကၽြမ္းဖုိ႕ မျဖစ္ႏုိင္ပါဘူး။

ဒီေတာ့ ဓာတ္ဆီအင္ဂ်င္ထဲ ဒီဇယ္ထည့္မိျပီး စက္ႏွိုးလုိက္ရင္ ဘာမွမျဖစ္ႏုိင္ပါဘူး။ ဓာတ္ဆီကားေမာင္းသူေတြ ကံေကာင္းပါတယ္။ မေတာ္မွားထည့္မိရင္ စက္ႏိႈးမရတာကလြဲျပီး အင္ဂ်င္မထိခုိက္ဘဲ
ဆီတုိင္ကီထဲက၊ ပုိက္လုိင္းေတြထဲက မွားထည့္မိတဲ့ ဒီဇယ္ေတြကုိ ကုန္ေအာင္ထုတ္ ဓာတ္ဆီျပန္ထည့္လိုက္ရုံနဲ႕ ေမာင္းလုိ.ရပါတယ္ ။ ကဲဓာတ္ဆီအင္ဂ်င္ျပီးေတာ့ ဒီဇယ္အင္ဂ်င္အလွည့္ေပါ့ ။

ဒီဇယ္အင္ဂ်င္ထဲကုိ ဓာတ္ဆီမွားထည့္ျပီး စက္ႏွိုးေမာင္းမိရင္ ဘာျဖစ္မလဲ?

အေျဖက ေခတ္စကားနဲ႕ေျပာရရင္ ေျမြေျခာက္ကုိက္သလုိပါပဲဗ်။ အင္ဂ်င္ရယ္ ဆက္စပ္ပစၥည္းေတြရယ္ အကုန္ဂန္႕သြားႏုိင္ပါတယ္။ စနစ္တက်ျပန္ရွင္းျပပါမယ္။

ဒီဇယ္အင္ဂ်င္မီးေလာင္ေပါက္ကြဲမွုျဖစ္စဥ္က အေပၚမွာေျပာခဲ့သလို ေလတမ်ိဳးထဲကုိသာ inlet ကေန သြင္း၊ အဲဒီေလကုိပဲ အပူခ်ိန္အမ်ားၾကီးရေအာင္ piston ဖိအားေတြနဲ႕အတင္းဖိသိပ္၊ ေတာ္ရံုမီးမေလာင္ႏုိင္တဲ့ ဒီဇယ္ဆီေတြမီးေလာင္ေလာက္တဲ့ ေလအပူခ်ိန္ေရာက္ျပီဆုိမွ ေနာ္ဇယ္ကေန သတ္မွတ္အတုိင္းအတာအတိုင္း အမႈန္အမႊားေလးေတြျဖန္းေပးျခင္းအားျဖင့္မီးေလာင္ေစတာပါ။ အဲဒီလုိအင္ဂ်င္ထဲကုိ မီးေလာင္လြယ္လြန္းတဲ့ ဓာတ္ဆီထည့္ပါျပီတဲ့။ အပူခ်ိန္ အႏုတ္ဒီဂရီမွာေတာင္မီးေလာင္ႏုိင္တဲ့ ဓာတ္ဆီဟာ မေလာင္ေလာင္ေအာင္ အပူခ်ိန္နဲ႕ဖိအားေတြေပးထာတဲ့ အင္ဂ်င္ထဲမွာ စည္းမဲ့ကမ္းမဲ့၊ အထိန္းမဲ့အကြပ္မဲ့ မီးေလာင္ကၽြမ္းမႈ (uncontrolled combustion) ျဖစ္ပါေတာ့တယ္။ အဲဒီလုိျဖစ္တဲ့အတြက္ အင္ဂ်င္သံမီးေလာင္မႈကုိ နားမေထာင္တဲ့ ယာဥ္ေမာင္းနဲ႕ဆုိရင္ သတိမမူမိဘဲ အခ်ိန္အေတာ္ၾကာေမာင္းလုိက္မယ္ဆုိရင္ပဲ အင္ဂ်င္အတြင္းက မီးေလာင္ခန္းသံုး ပစၥည္းေတြျဖစ္ၾကတဲ့ piston ၊ valve ၊ cylinder Head ၊ camshaft အစရွိတဲ့ ဆက္စပ္ပစၥည္းေတြအကုန္ပ်က္စီးပါမယ္၊ ဝပ္ေရွာ့ပို႕ျပီး အင္ဂ်င္ခ်ရပါမယ္ ။ အတြင္းပစၥည္းေတြအကုန္ျပဳျပင္လဲလည္ရႏုိင္ပါတယ္။ ဒါတြင္ပဲလားဆုိ ေတာ့ မဟုတ္ေသးပါဘူး။ ဒီဇယ္အင္ဂ်င္မွာ သံုးေနတဲ့ ေနာ္ဇယ္ေတြ အင္ဂ်က္ရွင္းပန္႕ေတြဟာ ဒီဇယ္ရဲ့ ေစးပ်စ္မႈ ေခ်ာဆီသေဘာကုိ မွီခုိျပီးရပ္တည္ေနၾကတာပါ။ အဲဒီလုိပစၥည္းေတြထဲကုိ ေစးပ်စ္မွုမရွိတဲ့ ဓာတ္ဆီထည့္ လည္ပတ္လုိက္တဲ့အတြက္ ေခ်ာဆီစနစ္ပ်က္စီးသြားျပီး ေနာ္ဇယ္ေတြ၊ အင္ဂ်က္ရွင္းေတြပါ အပုိလုိက္ပ်က္စီးမွာပါ။ တျခား ရာဘာစီး (rubber seal) ေတြမွာလည္း ဓာတ္ဆီဟာေပ်ာ္ဝင္ကုန္တာမလို႕ အင္ဂ်င္တစ္ခုလံုး ပ်က္စီးမွုမ်ိဳးစံုနဲ႕ ၾကံဳေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီဇယ္အင္ဂ်င္ယာဥ္ေမာင္းဆရာေတြ သတိျပဳၾကပါ။ ဓာတ္ဆီမွားမထည့္မိဖုိ႕ရယ္၊ မွားထည့္မိရင္ေတာင္ စက္ႏိႈးျပီးျပီးခ်င္းသိျပီး အခ်ိန္မီ အေျခအေနမဆုိးခင္ရပ္တန္႕ဖုိ႕ရယ္ပါ။

ဒီေလာက္ဆုိ ဆီမွားထည့္တဲ့ ျပႆနာကေန အင္ဂ်င္ေတြဘာျဖစ္ႏုိင္တယ္ဆုိတာ ကြဲကြဲျပားျပားသိေလာက္ပါျပီ။

ေနာက္ဆံုး သတိေပးခ်င္တာကေတာ့ ဒီဇယ္အင္ဂ်င္ထဲ ဓာတ္ဆီ လံုးဝ (လံုးဝ) ထည့္မေမာင္း မိပါေစနဲ႔ဗ်ာ။
စာဖတ္သူမိတ္ေဆြမ်ားအားလံုး နည္းပညာဗဟုသုတ ဖြံ႕ျဖိဳးတုိးတက္ၾကပါေစ။

စာေရးသူ - Lynn Za Nee (P.T.U)


Unicode Version

သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မောင်းသူတစ်ယောက်ဖြစ်ရင်ဖြစ်မယ်၊ ဒီဇယ်အင်ဂျင်ကားကို မောင်းနေတဲ့ သူတစ်ယောက်ဖြစ်ရင်ဖြစ်ပါမယ်။ သင့်ကားဆီဖြည့်စဉ်မှာ ဆီဆိုင်က ဓာတ်ဆီကားကို ဒီဇယ်မှားထည့်လိုက်မိတယ်၊ ဒီဇယ်ကားကို ဓာတ်ဆီမှားထည့်လိုက်မိတယ် ဆိုပါစို့ ( ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်)။ သင်ကလည်း အမှုမဲ့ အမှတ်မဲ့ ဆီမှားထည့်လိုက်တာမသိဘဲ ကားစက်နှိုးလိုက်မိတယ်ဆိုရင် သင်ကားအင်ဂျင် ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိပ္ပံနည်းကျ လက်တွေ့ကျကျ ဆွေးနွေးတင်ပြချင်ပါတယ်။

ဆီမှားထည့်တဲ့ပြဿနာ ဘာတွေဖြစ်နိုင်တယ်ဆိုတာကိုမသိခင် ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တို့ရဲ့ မတူကွဲပြားတဲ့ အင်ဂျင်တည်ဆောက်ပုံ၊ မီးလောင်ပုံလေးတွေကို သိထားရင်ပိုကောင်းတာပေါ့။

မော်တော်ယာဉ်တစ်စီး တစ်နေရာကနေ တစ်နေရာသို့ ရွေ့လျားသွားဖို့ အဓိကစွမ်းအင်ထုတ်လုပ်ပေးတဲ့အရာဟာ အင်ဂျင်ပါ ။ အဲ့ဒီလို စွမ်းအင်ထုတ်လုပ်ပေးဖို့ မော်တော်ကားတွေမှာ thermal engine ဆိုတဲ့ အပူစွမ်းအင်သုံးအင်ဂျင်တွေကို အသုံးပြုကြပါတယ်။ ဓာတ်ဆီနဲ့ဒီဇယ်အင်ဂျင်တွေဟာ အပူစွမ်းအင်သုံးအင်ဂျင်တွေဖြစ်ပြီး အတွင်းပိုင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်တဲ့ internal combustion engine အမျိုးအစားတွေဖြစ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တွေမှာ အခြေခံအင်ဂျင်အမျိုးအစားတူသော်လည်း ကွဲပြားခြားနားချက်များစွာရှိနေတာပါ။ ဓာတ်ဆီအင်ဂျင်နဲ့ဒီဇယ်အင်ဂျင် တစ်ခုချင်းစီမှာ မတူကွဲပြားတဲ့ အားသာချက် အားနည်းချက်တွေ ရှိပါတယ်။

အခု ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ကားတွေမှာ အသုံးပြုနေတဲ့ အင်ဂျင်တွေဟာ 4 Strokes (Intake , Compression , Power , Exhaust) ဆိုတဲ့ ပုံစံနဲ့တည်ဆောက်ထားတဲ့ အင်ဂျင်တွေဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင်နဲ့ဒီဇယ်အင်ဂျင်တွေမှာက မီးလောင်ပေါက်ကွဲပြီး ပါဝါရရှိပုံတွေ အဓိကကွဲပြားခြားနားတာပါ။

ဓာတ်ဆီအင်ဂျင်

ဓာတ်ဆီအင်ဂျင်တစ်လုံး မီးလောင်ပေါက်ကွဲပြီးပါဝါရရှိဖို့ အခြေခံအားဖြင့် ပစ်စတင် (Piston) အောက်ဖက်ကိုအဆင်းမှာ ဓာတ်ဆီနဲ့လေကိုရောနှောကာ အင်ဂျင်ထဲကို inlet ပေါက်ကနေဆွဲပြီး ထည့်သွင်းပါတယ်။ အဲ့ဒါကို intake stroke လို့ခေါ်တာပါ။ ပြီးနောက် ပစ်စတင်ကနေ အဲ့ဒီ ဝင်ရောက်လာတဲ့ ဓာတ်ဆီနဲ့လေတွေကို ဖိသိပ်ပါတယ်။ ဒါဟာ compression stroke ပါ။ အဲ့ဒီလို ဖိသိပ်လိုက်တဲ့ဖိအား pressure ကြောင့် အင်ဂျင်ထဲရောက်နေတဲ့ ဓာတ်ဆီနဲ့လေတွေဟာ အပူချိန်မြင့်တက်လာပါတယ်။ အဲ့ဒီအချိန်မှာ spark plug ကနေမီးထွက်စေပြီး မီးလောင်ပေါက်ကွဲကာ စွမ်းအင်ပါဝါကို ရရှိပါတယ်။ အဲ့ဒါကို power stroke လို့ခေါ်ကြတယ်။ အဲဒီလိုမီးလောင်ပေါက်ကွဲမှုကြောင့် အင်ဂျင်အတွင်း အပူချိန်မြင့်တက်မှုနဲ့ ဖိအားမြင့်တက်မှုတို့ဟာ ဆလင်ဒါအတွင်းမှဖြစ်ပေါ်လာပြီး ပစ်စတင်ကိုအောက်သို့တဖန်တွန်းချခြင်းဖြင့် ကွန်နက်တင်း (connecting rod ) နဲ့ ကရိုင်း (crankshaft) တို့ကို လည်ပတ်စေပြီး မော်တော်ယာဉ်ကို ရွေ့လျားစေပါတယ် ။ ဓာတ်ဆီရယ်၊ လေရယ်၊ ပလပ် (spark plug) ရယ် ပေါင်းပြီးမှ မီးလောင်ပေါက်ကွဲကာ ပါဝါစွမ်းအင်ကို ရရှိခြင်းဖြစ်တာကြောင့် ဓာတ်ဆီအင်ဂျင်တွေရဲ့ မီးလောင်ပေါက်ကွဲမှုလမ်းစဉ်ကို ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် (regular combustion) လို့ခေါ်ကြတာပါ။

ဒီဇယ်အင်ဂျင်

ဒီဇယ်အင်ဂျင်မှာတော့ ဓာတ်ဆီအင်ဂျင်မှာလို ပလပ် မပါဝင်ပါဘူး။ ဒီဇယ်အင်ဂျင်ရဲ့ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကတော့ ဆလင်ဒါအတွင်းမှာရှိတဲ့ လေတစ်မျိုးတည်းကို အလွန်ကြီးမားတဲ့ ဖိအားနဲ့ ဖိသိပ်ပြီး၊ အဲဒီလို ဖိသိပ်ခြင်းကြောင့် အပူချိန်မြင့်တက်နေတဲ့လေအတွင်း ဒီဇယ်ကို fuel injector ကနေတဆင့် အမှုန်အမွှားလေးတွေဖြန်းပေးခြင်းဖြင့် မီးလောင်ပေါက်ကွဲမှုကိုဖြစ်စေပြီး ပါဝါကို ရရှိစေတာပါ။ တနည်းဆိုရရင် ဒီဇယ်အင်ဂျင်ဟာ ဖိသိပ်ထားတဲ့လေရဲ့ အပူချိန်နဲ့ မီးလောင်ကျွမ်းပေါက်ကွဲမှုဖြစ်စေတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ဒီဇယ်အင်ဂျင်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်စေဖို့ အပူချိန် 500 ံC သို့မဟုတ် 932 ံ F ကနေ ဒီထက်မြင့်မားတဲ့ အပူချိန်ဖြစ်အောင် ဖိနှိပ်ပေးရပါတယ်။ ဒါကြောင့် ဒီဇယ်အင်ဂျင်
ဟာ မီးလောင်မှုဖြစ်စဉ် (fire triangle) ဖြစ်စေတဲ့ လေ၊ လောင်စာဆီ၊ မီးစတင်ဖြစ်မှု (ignition) တွေမှာ မီးစတင်လောင်ကျွမ်းမှုဖြစ်တဲ့ spark plug မပါဘဲ လေဖိအားနဲ့အပူချိန်ကိုသုံးပြီး မီးလောင်ပေါက်ကွဲမှုဖြစ်အောင်တည်ဆောက်ထားတာကြောင့် ဒီဇယ်အင်ဂျင်ရဲ့ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကို ပုံမှန်မဟုတ်တဲ့ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် (irregular combustion) လို့ခေါ်ကြတာပေါ့။

အကျဉ်းချုပ်ဆိုရရင်တော့ ဓာတ်ဆီအင်ဂျင်မှာ ဆီနဲ့လေကို အင်ဂျင်ထဲထည့်ဖိသိပ်ပြီး ပလပ်ကနေ မီးပေါက်ကာ ပါဝါကိုရရှိတယ်လို့ဆိုရပါမယ်။

ဒီဇယ်အင်ဂျင်မှာတော့ လေတစ်မျိုးထဲကို ဖိကျစ်ထည့်ပြီး အပူချိန်မြင့်တက်အောင်လုပ်ကာ ဒီဇယ်ကို အင်ဂျက်တာကနေပန်းထည့်ပြီး မီးလောင်ပေါက်ကွဲစေကာ ပါဝါကိုရရှိတာပါ။

အခုဆက်လက် တင်ပြချင်တာက ဓာတ်ဆီနဲ့ဒီဇယ်ဆီတို့ရဲ့ မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေအကြောင်းပါ။

ဓာတ်ဆီ၏ ဂုဏ်သတ္တိများ

အငွေ့ပျံလွယ်သည်၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ့ပျံသည်။
ထွင်းဖောက်၍မြင်နိုင်သည်၊ အနံ့အနည်းငယ်သင်းပျံ့သည်။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် (flash point ) = -10 to -15 Cံ or 14 to 15 ံF
ဖိနှိပ်သောသိပ်သည်းဆ = 0.60 to 0.78
ဆီနှင့်ရာဘာထဲသို့ စိမ့်ဝင်နိုင်သည်။
အပူချိန်ပမာဏ = 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb
အေးနေသော အင်ဂျင်ကို စတင်နှိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန် အလွယ်တကူ အငွေ့ပျံနိုင်စွမ်းရှိသည် ။

ဒီဇယ်၏ ဂုဏ်သတ္တိများ

ဒီဇယ်ကို ရေနံစိမ်းမှ အပူချိန် 200 ံC - 300 ံC (104 to 212 ံF) ၌ချက်ယူရရှိသည်။
ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီတို့ထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည်။
အဝါရောင်သန်းသည်၊ သင်းပျံ့သောရနံ့ရှိသည်။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံး အပူချိန်လိုအပ်ချက် (flash point) မှာမြင့်မားပြီး 40 to 100 ံC  or 104 to 212 ံF ဖြစ်ပြီး သိပ်သည်းဆမှာ 0.82 to 0.86  ဖြစ်သည်။
အပူချိန်ပမာဏ အနီးစပ်ဆုံး 10500 ' Kcal / Kg or 4800 Kcal / lb ရှိပြီး နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေမည်။
ဒီဇယ်သည် အင်ဂျက်ရှင်းပန့် (injection pump) နှင့် နော်ဇယ် (nozzle) များအတွင်း ချောဆီအဖြစ် ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည်။

ဆီနှစ်မျိုးရဲ့ မတူညီတဲ့ ဂုဏ်သတ္တိနှစ်ခုကို သိပြီဆိုရင် အခုဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီမှားထည့်ကြည့်ပါမယ်။

ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည့်ပြီး စက်နိုးလိုက်ရင် ဘာဖြစ်မလဲ?

အဖြေကတော့ ဘာမှမဖြစ်ပါဘူး။ သင့်ကားအင်ဂျင် စက်နှိုးလာမှာမဟုတ်ပါဘူး။ စနစ်တကျပြန်ရှင်းပြပါမယ်။

ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနဲ့လေ အရောအနှောတွေကို အင်ဂျင်ထဲထည့် ဖိသိပ်ပြီး ပလက်ကနေမီးပေါက်ပေးကာ မီးလောင်ပေါက်ကွဲမှုကိုဖြစ်စေတာပါ။ ဒီလိုအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေဖို့ ဓာတ်ဆီကိုက သူ့ဂုဏ်သတ္တိအရ လေနဲ့ရောနှောရင် အဆင်ပြေစေဖို့ အငွေ့ပျံလွယ်တဲ့ စွမ်းရည်သတ္တိရှိပါတယ်။ ဒီလိုအင်ဂျင်ထဲကို အငွေ့ပျံမလွယ်တဲ့ ဒီဇယ်ထည့်လိုက်တဲ့အခါ ဒီဇယ်
ဟာ အငွေ့မပျံဘဲ အရည်တွေအဖြစ်နဲ့ပဲဆက်ရှိနေလို့ လေနဲ့အရောအနှောမှာ ပေါက်ကွဲမီး
လောင်စေဖို့ ဘယ်လိုမှမလွယ်ကူစေပါဘူး။ နောက်တစ်ချက်က ဓာတ်ဆီရဲ့ မီးလောင်လွယ်နိုင်စွမ်းပမာဏက မြင့်မားပြီးသားမို့ အင်ဂျင်တည်ဆောက်ပုံကိုက အပူချိန်များစေတဲ့ တမင်ဖိနှိပ်မှုတွေမပါဝင်ပါဘူး။ ဒီတော့ ဒီလိုအင်ဂျင်ထဲမှာ မီးလောင်မလွယ်နိုင်တဲ့ ဒီဇယ်ဆီဟာ မီးလောင်ဖို့လိုအပ်တဲ့အပူချိန်မရရှိလို့ မီးလောင်ကျွမ်းဖို့ မဖြစ်နိုင်ပါဘူး။

ဒီတော့ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည့်မိပြီး စက်နှိုးလိုက်ရင် ဘာမှမဖြစ်နိုင်ပါဘူး။ ဓာတ်ဆီကားမောင်းသူတွေ ကံကောင်းပါတယ်။ မတော်မှားထည့်မိရင် စက်နှိုးမရတာကလွဲပြီး အင်ဂျင်မထိခိုက်ဘဲ
ဆီတိုင်ကီထဲက၊ ပိုက်လိုင်းတွေထဲက မှားထည့်မိတဲ့ ဒီဇယ်တွေကို ကုန်အောင်ထုတ် ဓာတ်ဆီပြန်ထည့်လိုက်ရုံနဲ့ မောင်းလို.ရပါတယ် ။ ကဲဓာတ်ဆီအင်ဂျင်ပြီးတော့ ဒီဇယ်အင်ဂျင်အလှည့်ပေါ့ ။

ဒီဇယ်အင်ဂျင်ထဲကို ဓာတ်ဆီမှားထည့်ပြီး စက်နှိုးမောင်းမိရင် ဘာဖြစ်မလဲ?

အဖြေက ခေတ်စကားနဲ့ပြောရရင် မြွေခြောက်ကိုက်သလိုပါပဲဗျ။ အင်ဂျင်ရယ် ဆက်စပ်ပစ္စည်းတွေရယ် အကုန်ဂန့်သွားနိုင်ပါတယ်။ စနစ်တကျပြန်ရှင်းပြပါမယ်။

ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်က အပေါ်မှာပြောခဲ့သလို လေတမျိုးထဲကိုသာ inlet ကနေ သွင်း၊ အဲဒီလေကိုပဲ အပူချိန်အများကြီးရအောင် piston ဖိအားတွေနဲ့အတင်းဖိသိပ်၊ တော်ရုံမီးမလောင်နိုင်တဲ့ ဒီဇယ်ဆီတွေမီးလောင်လောက်တဲ့ လေအပူချိန်ရောက်ပြီဆိုမှ နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအတိုင်း အမှုန်အမွှားလေးတွေဖြန်းပေးခြင်းအားဖြင့်မီးလောင်စေတာပါ။ အဲဒီလိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည့်ပါပြီတဲ့။ အပူချိန် အနုတ်ဒီဂရီမှာတောင်မီးလောင်နိုင်တဲ့ ဓာတ်ဆီဟာ မလောင်လောင်အောင် အပူချိန်နဲ့ဖိအားတွေပေးထာတဲ့ အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့၊ အထိန်းမဲ့အကွပ်မဲ့ မီးလောင်ကျွမ်းမှု (uncontrolled combustion) ဖြစ်ပါတော့တယ်။ အဲဒီလိုဖြစ်တဲ့အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်တဲ့ ယာဉ်မောင်းနဲ့ဆိုရင် သတိမမူမိဘဲ အချိန်အတော်ကြာမောင်းလိုက်မယ်ဆိုရင်ပဲ အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းတွေဖြစ်ကြတဲ့ piston ၊ valve ၊ cylinder Head ၊ camshaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေအကုန်ပျက်စီးပါမယ်၊ ဝပ်ရှော့ပို့ပြီး အင်ဂျင်ချရပါမယ် ။ အတွင်းပစ္စည်းတွေအကုန်ပြုပြင်လဲလည်ရနိုင်ပါတယ်။ ဒါတွင်ပဲလားဆို တော့ မဟုတ်သေးပါဘူး။ ဒီဇယ်အင်ဂျင်မှာ သုံးနေတဲ့ နော်ဇယ်တွေ အင်ဂျက်ရှင်းပန့်တွေဟာ ဒီဇယ်ရဲ့ စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေကြတာပါ။ အဲဒီလိုပစ္စည်းတွေထဲကို စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီထည့် လည်ပတ်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးသွားပြီး နော်ဇယ်တွေ၊ အင်ဂျက်ရှင်းတွေပါ အပိုလိုက်ပျက်စီးမှာပါ။ တခြား ရာဘာစီး (rubber seal) တွေမှာလည်း ဓာတ်ဆီဟာပျော်ဝင်ကုန်တာမလို့ အင်ဂျင်တစ်ခုလုံး ပျက်စီးမှုမျိုးစုံနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇယ်အင်ဂျင်ယာဉ်မောင်းဆရာတွေ သတိပြုကြပါ။ ဓာတ်ဆီမှားမထည့်မိဖို့ရယ်၊ မှားထည့်မိရင်တောင် စက်နှိုးပြီးပြီးချင်းသိပြီး အချိန်မီ အခြေအနေမဆိုးခင်ရပ်တန့်ဖို့ရယ်ပါ။

ဒီလောက်ဆို ဆီမှားထည့်တဲ့ ပြဿနာကနေ အင်ဂျင်တွေဘာဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ။

နောက်ဆုံး သတိပေးချင်တာကတော့ ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီ လုံးဝ (လုံးဝ) ထည့်မမောင်း မိပါစေနဲ့ဗျာ။
စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ကြပါစေ။

စာရေးသူ - Lynn Za Nee (P.T.U)

Latest News

​ေမာ္​္​​ေတာ္​ယာဥ္​အားလံုး...

Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အားလံုး အမည္​​ေျပာင္း​​​​ခြန္​ေပး​ေဆာင္​ျခင္​းကို ကညန မွတ္​ပံုတင္​ျပဳလုပ္​ရာတြင္​...

Read more »

ရန္ကုန္လိုင္စင္ကို စနစ္တစ္ခုျဖင့္ ယခုနွစ္အတြင္း...

Zawgyi Version လိုင္စင္ကို Yangon Vehicle Quota Certificate (YVQC) စနစ္ျဖင့္ တန္ဖိုးသတ္မွတ္၍ ယခုနွစ္အတြင္း ခြင့္ျပဳခ်ထားေပးရန္...

Read more »

Lexus RX 2019 Review (International)

Zawgyi Version တည္ေဆာက္ပုံေကာင္းမြန္ျပီး ေမာင္းႏွင္ရတာ ဇိမ္က်တဲ့ Lexus RX 2019 ကေတာ့ hybrid အင္ဂ်င္နဲ႕ပဲ အေကာင္းဆုံးဝယ္ယူရရွိႏိုင္ပါတယ္။...

Read more »

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »