fb-pageview-tracker
ဆိပ်​ကမ်းနှ​င့်နယ်​စပ်​များမှ ID ဖွင့်​လှစ်​ထားသော Delivery Van ကားများ သတ်​မှတ်​ဒဏ်​​ကြေး​​ပေး​ဆောင်​၍ လုပ်​ငန်း​ဆောင်​ရွက်​​ပေးမည်


Zawgyi Version




ဆိပ်​ကမ်းများနှင့် ​နယ်​စပ်များ​မှ တင်​သွင်းထားရှိ​သော Delivery Van ကားများမှာ ​ဖေ​ဖေါ်ဝါရီလမှ စတင် တင်​သွင်းထားရှိရာ သြဂုတ်လ ၃၁ ရက်​အထိ ​နောက်​ဆုံးလုပ်​ငန်း​ဆောင်​ရွက်​ပေးရန်​ သတ်​မှတ်​ထားရှိပြီး စစ်​​ဆေးရန်​ကျန်​ရှိ​သော ​မော်​​တော်​ယာဉ်​စာရင်း​မှအပ ထပ်​မံတိုးမြှင့်​စစ်​​ဆေးခြင်း၊ တင်​ပြခြင်းခွင့်​ပြုမည်​မဟုတ်​​ကြောင်း အ​ကောက်​ခွန်​ဦးစီးဌာနမှ ​ကြေညာထားရှိခဲ့ပြီး ဆိပ်​ကမ်းထားခ ဒဏ်​​ကြေးမှာလည်း ယာဉ်​တစ်​စီးလျှင်​ ကျပ်​သိန်း ၂၀ မှ ကျပ်​ ၂၅ သိန်းဝန်းကျင်​အထိ ကျသင့်ေ​ပး​ဆောင်​ရမည်​ဖြစ်​ရာ အုပ်​စု (ဂ) 1/4 AV ဒဏ်​​ကြေးမှာ ကားတစ်​စီးကို ၃၃ သိန်း ကျသင့်​မည်ဖြစ်​ပြီး အုပ်​စု (ဃ) 1/AV ဒဏ်​​ကြေး​မှာ ကျပ်​ ၁၃၅ သိန်း အထိ ကျသင့်​မည်ဖြစ်​သောကြောင့် ကားများထုတ်​ယူနိုင်​ရန်​ မလွယ်​ကူကြ​၍ ဒဏ်​​ကြေး​ဖြေ​လျော့ရန်​ ​စောင့်​ဆိုင်း​နေခဲ့​သော ကားများစွာကျန်​ရှိ​နေ​သေး​ကြောင်းလည်း သိရသည်။


Unicode Version

ဆိပ်ကမ်းများနှင့် နယ်စပ်များမှ တင်သွင်းထားရှိသော ID ဖွင့်လှစ်ထားသည့် Delivery Van ကားများကို ယခင်သတ်မှတ်ထားသော ဒဏ်ကြေးများပေးဆောင်၍ ယာဉ်မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပေးသွားရန် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆိပ်ကမ်းများနှင့် နယ်စပ်များမှ တင်သွင်းခဲ့သော Delivery Van ကားများတွင် ID ဖွင့်လှစ်ပြီးသော ကားအစီးရေ ၁၅၉၉ စီးကိုသာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိနောက်ဆုံးလုပ်ငန်း ဆောင်ရွက်ပေးရန် သတ်မှတ်ထားရှိခဲ့ရာ ID ဖွင့်လှစ်ပြီး ကျန်ရှိနေသော Delivery Van ကားများကို ယခင်သတ်မှတ်ထားသော ဒဏ်ကြေးအတိုင်း အုပ်စု (ဂ) ကားများ 1/4 AV နှင့် အုပ်စု (ဃ)ကားများ 1/AV ဒဏ်ကြေး အတိုင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

"ID ဖွင့်လှစ်ထားတာ ကျန်နေတဲ့ Delivery Van ကားတွေကို လုပ်ငန်းလုပ်ဆောင်တာ ခွင့်ပြုပေးဖို့ ကြီး/ကော် အစည်းအဝေးမှာ ဆုံးဖြတ်ထားတာရှိတယ်။ ID ဖွင့်ပြီးသားဆိုရင်တော့ ဆိပ်ကမ်းမှာရော နယ်စပ်ရော ပါမှာပါ။ အရင်က သတ်မှတ်ထားတဲ့ ဒဏ်ကြေးအတိုင်းပဲ ခွင့်ပြုပေးဖို့ရှိပါတယ်။" ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆိပ်ကမ်းများနှင့် နယ်စပ်များမှ တင်သွင်းထားရှိသော Delivery Van ကားများမှာ ဖေဖေါ်ဝါရီလမှ စတင် တင်သွင်းထားရှိရာ သြဂုတ်လ ၃၁ ရက်အထိ နောက်ဆုံးလုပ်ငန်းဆောင်ရွက်ပေးရန် သတ်မှတ်ထားရှိပြီး စစ်ဆေးရန်ကျန်ရှိသော မော်တော်ယာဉ်စာရင်းမှအပ ထပ်မံတိုးမြှင့်စစ်ဆေးခြင်း၊ တင်ပြခြင်းခွင့်ပြုမည်မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ကြေညာထားရှိခဲ့ပြီး ဆိပ်ကမ်းထားခ ဒဏ်ကြေးမှာလည်း ယာဉ်တစ်စီးလျှင် ကျပ်သိန်း ၂၀ မှ ကျပ် ၂၅ သိန်းဝန်းကျင်အထိ ကျသင့်ပေးဆောင်ရမည်ဖြစ်ရာ အုပ်စု (ဂ) 1/4 AV ဒဏ်ကြေးမှာ ကားတစ်စီးကို ၃၃ သိန်း ကျသင့်မည်ဖြစ်ပြီး အုပ်စု (ဃ) 1/AV ဒဏ်ကြေးမှာ ကျပ် ၁၃၅ သိန်း အထိ ကျသင့်မည်ဖြစ်သောကြောင့် ကားများထုတ်ယူနိုင်ရန် မလွယ်ကူကြ၍ ဒဏ်ကြေးဖြေလျော့ရန် စောင့်ဆိုင်းနေခဲ့သော ကားများစွာကျန်ရှိနေသေးကြောင်းလည်း သိရသည်။

Latest News

ရန်​ကုန်​​ဆေးရုံကြီးဝန်းအတွင်း...

Zawgyi Version ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးဝန်းအဝင်​ဝနှင့်​ လမ်းမများ​ပေါ်တွင်​ စည်းကမ်းမဲ့ရပ်​နားထား​သော တက္ကစီများ...

Read more »

ရန်​ကုန်​လိုင်​စင်​အားခွင့်​ပြု/မပြု...

Zawgyi Version ရန်​ကုန်​လိုင်​စင်​အား YVQC စနစ်​ဖြင့်​ ခွင့်​ပြု/မပြုကို တိကျစွာ သတင်းထုတ်​ပြန်​​ပေးရန်​ လိုအပ်​​နြေ​ပီး...

Read more »

ကားဘောနက် ဟစိ နဲ့ heat တက်တဲ့ အယူအဆ အမှားများ

Zawgyi Version အခု ရန်ကုန်က taxi တချို့ car bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ။ အရင်က...

Read more »

Ford EcoSport Review (International)

Zawgyi Version အမေရိက က ထရပ်ကားအရုပ်လေးတွေနဲ့ဆင်တဲ့ small SUV Ford EcoSport ဟာ ဖျတ်ဖျတ်လတ်လတ် မောင်းနှင်နိုင်မယ့် ကားမျိုးပါ။...

Read more »

လတ်တလောအမြင်နဲ့ မဆုံးဖြတ်ပါနဲ့

Zawgyi Version လတ်တလောအမြင်နဲ့ မဆုံးဖြတ်ပါနဲ့။ သံပြားထူရင်ပိုမာပါတယ်။ ပိုမာလို့ထိခိုက်ရင် ပိုမိုတောင့်ခံနိုင်တယ်၊ ပိုမိုအန္တရယ်ကင်းတယ်လို့...

Read more »