fb-pageview-tracker
ယ​ေန႔အထိ လုပ္​​ေဆာင္​ႏိုင္​ျခင္​းမ႐ွိ​ေသးသည့္ မီးပြိဳင္​့မ်ားတြင္​ တပ္​ဆင္​ထား​ေသာ ကင္​မရာမ်ားမွတ​ဆင္​့ စည္​းကမ္​းပ်က္​ယာဥ္​မ်ား ​ေစာင္​့ၾကည္​့ ဖမ္​းဆီးမည္​့ Control Center စနစ္​


Zawgyi Version

ရန္​ကုန္​တိုင္​း​အတြင္​း မီးပြိဳင္​့မ်ားတြင္​ တပ္​ဆင္​ထား​ေသာ ကင္​မရာမ်ားမွတစ္​ဆင္​့ စည္​းကမ္​းပ်က္​ယာဥ္​မ်ားကို ​ေစာင္​့ၾကည္​့ ဖမ္​းဆီးမည္​့ Control Center စနစ္​လုပ္​ငန္​း လုပ္​​ေဆာင္​ရန္​ အဆင္​သင္​့မျဖစ္​​ေသးရာ ယ​ေန႔အထိ ဖမ္​းဆီးမွုမ်ား လုပ္​​ေဆာင္​ႏိုင္​ျခင္​းမ႐ွိ​ေသး​ေၾကာင္​း ရန္​ကုန္​တိုင္​း​ေဒသႀကီး အမွတ္​ (၂) ယာဥ္​ထိန္​းရဲ တပ္​ဖြဲ႕မွုးရံုးမွ သိရသည္။

ရန္​ကုန္​တိုင္​း​အတြင္​း ​ေမာ္​​ေတာ္​ယာဥ္ သြားလာမွုမ်ားကို ထိန္​းခ်ဳပ္​​ေစာင္​့ၾကည္​့​ျပီး စည္​းကမ္​းပ်က္​ကားမ်ားကို ဖမ္​းဆီးအ​ေရးယူမည့္ Control Center စနစ္​အား ျပီးခဲ့ေသာ ႏိုဝင္​ဘာလအတြင္း ​လုပ္​ငန္​းမ်ားျပန္လည္​ စတင္​လုပ္​​ေဆာင္​​ေနရာ အျမန္​ဆံုးၿပီးစီး​ေအာင္​လုပ္​​ေဆာင္​ရန္​ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ​ေျပာၾကားထား႐ွိ​ေၾကာင္​း သိရသည္။

"Control Center စနစ္​က​ ယာဥ္​သြားလာမွု​ေတြကို ထိန္​းခ်ဳပ္​ဖို႔ စမ္​းသပ္​​ေနပါတယ္​။ လုပ္​ရမယ္​့အပိုင္​း​ေတြက အမ်ားႀကီးက်န္​ေန​ေသးတယ္​။ ​ေျမ​ေအာက္​ႀကိဳးစနစ္​​ ခ်ိတ္​ဆက္​တဲ့အပိုင္​း​ေတြ က်န္​​ေန​ေသးတယ္​။ ဒီ​ေန႔အထိ​ေတာ့ မီးပြိဳင္​့ကင္​မရာ​ေတြက​ေန စည္​းကမ္​းပ်က္​ကား​ေတြ အ​ေရးယူတာ​မ်ိဳး​ မလုပ္​ႏိုင္​​ေသးပါဘူး။" ဟု ရန္​ကုန္​တိုင္​း​ေဒသႀကီး အမွတ္​ (၂) ယာဥ္​ထိန္​းရဲ တပ္​ဖြဲ႕မွုးရံုးမွ တာဝန္​႐ွိအရာ႐ွိတစ္​ဦးက ​ဆိုသည္​။

ရန္​ကုန္​ၿမိဳ႕ ယာဥ္​သြားလာမွုထိန္​းခ်ဳပ္​​ေသာ Traffic Control Center မွာ သတ္မွတ္ခ်ိန္အတြင္း ၿပီးစီးမႈမရွိသျဖင့္ ကုမၸဏီထံမွ ဒဏ္ေၾကးေငြ က်ပ္ ၂၁ သန္းရရွိခဲ့​ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္၏ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ အစီရင္ခံစာတြင္ ေဖာ္ျပထားခဲ့သည္။ ယင္းအစီရင္ခံစာတြင္ ၂၀၁၅-၂၀၁၆ ခုႏွစ္ ဘ႑ာႏွစ္အတြင္း ရန္ကုန္ၿမိဳ႕ေတာ္၌ ယာဥ္ေၾကာပိတ္ဆုိ႔မႈ ရွင္းလင္းရန္အတြက္ ေခတ္မီ မီး အခ်က္ျပစနစ္ တပ္ဆင္ျခင္းႏွင့္ ထိန္းခ်ဳပ္ေရးစင္တာ တည္ေဆာက္ျခင္း လုပ္ငန္းအတြက္ တင္ဒါ ေအာင္ျမင္သည့္ ကုမၸဏီ Myanmar Shwe Ying International Co.,Ltd ႏွင့္ China Railway 21st Bureau Group Co.,Ltd. (တရုတ္) ႏွင့္တန္ဖုိးက်ပ္ ၁၈ ဒသမ ၉၃၈ ဘီလ်ံျဖင့္ စာခ်ဳပ္ခ်ဳပ္ဆုိ ေဆာင္ရြက္ခဲ့ျပီး သတ္မွတ္ခ်ိန္အတြင္း လုပ္ငန္းၿပီးစီးမႈ မရိွသျဖင့္ ဒဏ္ေၾကးက်ပ္ ၂၁ သန္း ရရွိထားေသာ္လည္း လက္ရိွအခ်ိန္တြင္ ဒဏ္ေၾကးဆက္လက္ ေပးေဆာင္ထားမႈ မရွိျခင္းႏွင့္ လုပ္ငန္းၿပီးစီးမႈလည္း မရွိေသးေၾကာင္း သိရသည္။


Unicode Version

ရန်ကုန်တိုင်းအတွင်း မီးပွိုင့်များတွင် တပ်ဆင်ထားသော ကင်မရာများမှတစ်ဆင့် စည်းကမ်းပျက်ယာဉ်များကို စောင့်ကြည့် ဖမ်းဆီးမည့် Control Center စနစ်လုပ်ငန်း လုပ်ဆောင်ရန် အဆင်သင့်မဖြစ်သေးရာ ယနေ့အထိ ဖမ်းဆီးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှုးရုံးမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ် သွားလာမှုများကို ထိန်းချုပ်စောင့်ကြည့်ပြီး စည်းကမ်းပျက်ကားများကို ဖမ်းဆီးအရေးယူမည့် Control Center စနစ်အား ပြီးခဲ့သော နိုဝင်ဘာလအတွင်း လုပ်ငန်းများပြန်လည် စတင်လုပ်ဆောင်နေရာ အမြန်ဆုံးပြီးစီးအောင်လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားရှိကြောင်း သိရသည်။

"Control Center စနစ်က ယာဉ်သွားလာမှုတွေကို ထိန်းချုပ်ဖို့ စမ်းသပ်နေပါတယ်။ လုပ်ရမယ့်အပိုင်းတွေက အများကြီးကျန်နေသေးတယ်။ မြေအောက်ကြိုးစနစ် ချိတ်ဆက်တဲ့အပိုင်းတွေ ကျန်နေသေးတယ်။ ဒီနေ့အထိတော့ မီးပွိုင့်ကင်မရာတွေကနေ စည်းကမ်းပျက်ကားတွေ အရေးယူတာမျိုး မလုပ်နိုင်သေးပါဘူး။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိအရာရှိတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ ယာဉ်သွားလာမှုထိန်းချုပ်သော Traffic Control Center မှာ သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိသဖြင့် ကုမ္ပဏီထံမှ ဒဏ်ကြေးငွေ ကျပ် ၂၁ သန်းရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။ ယင်းအစီရင်ခံစာတွင် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တော်၌ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန်အတွက် ခေတ်မီ မီး အချက်ပြစနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ Myanmar Shwe Ying International Co.,Ltd နှင့် China Railway 21st Bureau Group Co.,Ltd. (တရုတ်) နှင့်တန်ဖိုးကျပ် ၁၈ ဒသမ ၉၃၈ ဘီလျံဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှု မရှိသဖြင့် ဒဏ်ကြေးကျပ် ၂၁ သန်း ရရှိထားသော်လည်း လက်ရှိအချိန်တွင် ဒဏ်ကြေးဆက်လက် ပေးဆောင်ထားမှု မရှိခြင်းနှင့် လုပ်ငန်းပြီးစီးမှုလည်း မရှိသေးကြောင်း သိရသည်။

Latest News

ခြင့္ျပဳႏုိင္ေသာေျပာင္းလဲျခင္းႏွင့္...

Zawgyi Version ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္အမ်ိဳးအစားေျပာင္းလဲျခင္းႏွင့္စပ္လ်ဥ္းၿပီး...

Read more »

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အဆုံးစြန္နဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »