ဝါးတန်းမီးရထားဘူတာတွင် ကွန်​တိန်​နာယာဉ်​ ဝါယာကြိုး အပူလွန်​ကဲရာမှ မီး​လောင်​မှုဖြစ်



Zawgyi Version







Unicode Version

ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက် ဝါးတန်းမီးရထားကုန်ရုံဘူတာတွင် ဇန်နဝါရီလ ၁၆ ၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရပ်ထားသော ကွန်တိန်နာယာဉ်တစ်စီး ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ ကုန်သေတ္တာပါ ကွန်တိန်နာယာဉ်၏ ခေါင်းခန်းမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်သွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနက သိရပါသည်။

ထိုကုန်သေတ္တာပါ ကွန်တိန်နာယာဉ်၏ ခေါင်းခန်းမှ မီးစတင်လောင်ကျွမ်းခြင်းကို ဆိပ်ကမ်းမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောက်တံတားမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း တပ်ဖွဲ့ဝင် ၂၅ ဦး နှင့်မီးသတ်ယာဉ် ၅ စီးဖြင့် မီးငြိမ်း သတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့သူမရှိကြောင်း သိရသည်။

ကွန်တိန်နာယာဉ် မီးလောင်မှုဖြစ်ပွားအောင် မဆင်မခြင်ပေါ့ဆစွာ အသုံးပြုသူ အသက် ၄၉ နှစ်အရွယ်ယာဉ်မောင်း စိုင်း လှမောင်ကို ဆိပ်ကမ်းမြို့မရဲစခန်းက(ပ)၁၉/၂၀၁၈၊ ရာဇသက်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Latest News

ယာဉ်​​ရောင်းဝယ်​​ရေးစခန်းများတွင်...

Cardb latest news 3 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း လုပ်​ကိုင်​​နေ​သော ယာဉ်​​ရောင်းဝယ်​​ရေးစခန်းများ၊ ယာဉ်​အပိုပစ္စည်း ​ရောင်းဝယ်​​ရေးစခန်းများ၊...

Read more »

သက်​တမ်း နှစ်​ ၂၀ ပြည့်​ပြီးကားများ...

News 150x150

Zawgyi Versionရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းတွင်​ရှိ​နေ​သော ​သက်​တမ်းနှစ်​ ၂၀ ပြည့်​ပြီးသား ၁၉၉၈ မိုဒယ်​​အောက်​ကားများ ယာဉ်​​ဟောင်း...

Read more »

ခန့်ညားကြံ့ခိုင်တဲ့ Ford Ranger Wildtrak

Zawgyi VersionFord Ranger မော်ဒယ်ကားအမျိုးအစားများတွင် အခန်းတစ်ခန်းတည်းကား၊ တစ်ခန်းခွဲကားနှင့် နှစ်ခန်းပါကားဟူ၍ အမျိုးအစားသုံး မျိုးရှိရာ Ford...

Read more »

စက်သုံးဆီအရည်အသွေး 500ppm အစား ဒီဇယ် 10ppm...

27901187 2248028151916602 53515596 o 1 150x150

Zawgyi Version ပြည်​တွင်းတွင် သုံးစွဲ​နေ​သော စက်သုံးဆီအရည်းအသွေးကို နိုင်ငံတကာအဆင့်နှင့်အညီ 500ppm အစား ဒီဇယ် 10ppm...

Read more »

Original delivery van သတ်​မှတ်​ချက်​ ၄ ချက်​...

27536843 2238616232857794 493741989 o

Zawgyi Version ပြည်​ပမှတင်​သွင်း​သော original delivery van အဖြစ် သတ်မှတ်သော အချက်​ ၄ ချက်​ဖြင့် ကိုက်​ညီသည့် ကားများကို ထုတ်​ခွင့်​​ပေး၊...

Read more »