ကုန်သေတ္တာတင်ယာဉ်(၃၂၀)ခန့် ရပ်နားနိုင်သည့် ယာဉ်ရပ်နားစခန်း(အလုံ) တည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီး

ကမ်းနားလမ်းသစ်ပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်း(အလုံ) တည်ဆောက်ရေး လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှသတင်းရရှိသည်။

container

အဆိုပါယာဉ်ရပ်နားစခန်းတွင် ကုန်သေတ္တာတင်ယာဉ်(၃၂၀)ခန့်ရပ်နားနိုင်မည်ဖြစ်ပြီး ကမ်းနားလမ်းသစ်ကြီးပေါ် တွင်တည်ရှိကာ အကျယ်အဝန်း(၁၀ ဒသမ ၅၆၅ဧက) ကျယ်ဝန်းကြောင်းလည်းသိရသည်။ကွန်ကရစ်နှစ်လွှာ ကြမ်းခင်းအမျိုးအစားဖြစ်ပြီး ယာဉ်ရပ်နားစခန်းပတ်လည်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ထည့်သွင်းတည်ဆောက်ထားကြောင်းသိရှိရသည်။

ကြည့်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဆိပ်ကမ်းနေရာများအထိ ကမ်းနားတစ်လျှောက် ကုန်သေတ္တာယာဉ်များ အဆင်ပြေသလို ရပ်တန့်မှုများရှိနေခဲ့ပြီး ယင်းယာဉ်ကြီးများကြောင့်ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကုန်သေတ္တာတင်ယာဉ်ကြီးများကြောင့် ဖြစ်ပေါ်လာမည် ယာဉ်ကြောပိတ်ဆို့မှု များရှင်းလင်းနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။


Automobile Weekly Car Journal မှကူးယူဖော်ပြသည်။

Photo credits to sludgegulper

Latest News

လာမည့်နှစ်တွင်​ လုပ်​ငန်းသုံး ၄...

86 150x150

လာမည့်နှစ် ​မော်​​တော်​ယာဉ်​များတင်​သွင်းခွင့်ပြုရာတွင်​လုပ်​ငန်းသုံး ၄ တန်​အောက်​ကားများ ကို ဘယ်​​မောင်း တစ်​မျိုးတည်း...

Read more »

YBS အမှတ် ၃၈ ယာဉ်၏ Gas ပိုက်ပြုတ်၍...

Ybs 150x150

တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်၊သစ္စာလမ်းမပေါ်တွင် YBS အမှတ်(၃၈)ယာဉ်တစ်စီး Gas ပိုက်ပြုတ်၍ မီး​လာင်မှူ ​ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်​။...

Read more »

၁၉၉၅ မိုဒယ်​​အောက်​ကားများ ​...

2232 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းတွင်​ ​ပြေးဆွဲ​နေ​သော ၁၉၉၅ မိုဒယ်​​အောက်​ကားများကို ယာဉ်​အပ်​နှံမှူ ဇွန်​ ၃၀ အစား ရက်​ထပ်​မံတိုး...

Read more »

အမြန်လမ်းမပေါ်တွင် အိမ်စီးကားမှလွဲ၍...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »
Download Android App