စိတ်ဖြင့် ထိန်းချုပ်ရသည့်ကား တရုတ်ပညာရှင်များတီထွင်

ဘေကျင်း၊ ဇူလိုင် ၁၉

ကားပေါ်တွင် ထိုင်လိုက်ပြီးသည်နှင့် ကားကိုလက်ဖြင့်သော့ဖွင့်ပြီး စက်နှိုးစရာလည်းမလို၊ လက်ကိုင်ဘီးကိုလည်း ထိန်းချုပ်စရာမလိုဘဲ၊ စိတ်ဖြင့်ထိန်းချုပ်မောင်းနှင်နိုင်သည့် ဦးနှောက်စွမ်းအင်ကားတစ်မျိုးကို တရုတ်နိုင်ငံမှ ပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်.။

 

တီယန်ကျင်းမြို့ရှိ နန်ကိုင်းတက္ကသိုလ်မှ တရုတ်ပညာရှင်များသည် Great Wall Motor ကားကုမ္ပဏီနှင့် ပူးပေါင်းပြီး စိတ်စွမ်းအင်ကားကို ပထမဆုံးပွဲထုတ်ပြသခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်.။

 

ယင်းကားမောင်းသူသည် ဆင်ဆာ ၁၆ မျိုးပါဝင်သည့် ဦးခေါင်းစွပ်တစ်မျိုးကို တပ်ဆင်ထားရန်လိုအပ်ပြီး ကား၏ လုပ်ဆောင်မှုအားလုံးကို စိတ်ဖြင့် ထိန်းချုပ်လုပ်ဆောင်သွားနိုင်စေရန် တီထွင်ထားသည်.။

 

ကားကိုရှေ့တိုးခိုင်းခြင်း၊ နောက်ဆုတ်ခိုင်းခြင်း၊ သော့ဖွင့် သော့ပိတ်ခိုင်းခြင်း အားလုံးကို ကားမောင်းမည့်နေရာတွင် ခေါင်းစွပ်ဖြင့် ထိုင်နေသူက စိတ်ဖြင့် အားလုံးလုပ်ဆောင်ပြသွားနိုင်ခဲ့ခြင်း ဖြစ်သည်.။

 

ကားမောင်းသူခေါင်းစွပ်အတွင်း ထည့်ထားသော ဆင်ဆာများသည် ဦးနှောက်က မည်သည့်အရာကို ခိုင်းစေနေကြောင်း ဖမ်းယူပြီးနောက် ကားစက်များအတွင်းထည့်ထားသည့် လုပ်ဆောင်နိုင်မှုများဆီသို့ အခန်းလိုက်၊ အကန့်လိုက် သင်္ကေတလှိုင်းများပေးပို့ကာ သက်ဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်နိုင်စေရန် တီထွင်ထားခြင်းဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်.။

 

"နည်းပညာက အရမ်းဖွံ့ဖြိုးတိုးတက်နေပါပြီ.။ ကားမှာပါဝင်တဲ့ အီလက်ထရွန်နစ် စက်ပစ္စည်းတွေနဲ့ စိတ်ကိုဆက်သွယ်နိုင်အောင် ပြုလုပ်လိုက်တာဟာ ပိုပြီးတော့ လုံခြုံစိတ်ချရတဲ့လောကတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်" ဟု တီထွင်သည့် အဖွဲ့မှ ပါမောက္ခ ဒေါင်ဖန်းကဆိုသည်.။

 

The Voice : Monday, July 20, 2015 မှ..

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Latest News

ကညနနှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်းကို...

Car exchange auto yangon ka nya na 150x150

ကညန နှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်း ပုဂ္ဂလိကအား သတ်​မှတ်​ချက်​နဲ့အညီ ​လုပ်​ကိုင်​ခွင့်​ပြုသွားမည်​ဖြစ်​​တယ်လို့...

Read more »

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ...

Delivery van 150x150

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ မှတ်​ပုံတင်​ထုတ်​​ပေးရာတွင်​ လူစီးယာဉ်​အဖြစ်​အသုံးပြုခွင့်​မရှိ​ကြောင်း...

Read more »

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »
Download Android App