CarsDB နှင့် Ayeyar Myanmar Insurance (AMI) တို့၏ ပူးပေါင်းမှုဖြင့် www.carsdb.com တွင် အာမခံ ပရီမီယံကြေးများ တွက်ချက်နိုင်




CarsDB-AMI-500x185


www.ami-insurance.com

www.carsdb.com
No. 1 Car Site in Myanmar



Unicode Version

မိမိတို့၏ကားများအား အာမခံပြုလုပ်ရန်အတွက် ကျသင့်မည့် တစ်နှစ်စာ ပရီမီယံ အာမခံကြေးများကို တွက်ချက်နိုင်မည့်ကဏ္ဍတစ်ခုကို www.carsdb.com တွင် စတင်ထည့်သွင်းလိုက်ပြီဖြစ်ပါသည်.။

ယခုအခါတွင် လမ်းမပေါ်၌မောင်းနှင်နေသော ကားအရေအတွက်များပြားလာသကဲ့သို့ ကမ္ဘာအနှံ့တွင် ကားမတော်တဆမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများလဲ များပြားလာသည့်အတွက် မိမိကားကို အာမခံထားခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်ထားနိုင်မည်ဖြစ်သည်.။ ထို့အပြင် သဘာဝဘေးအန္တရာယ်၊ ရန်သူမျိုးငါးပါး အန္တရာယ်၊ စစ်ပွဲအန္တရာယ်၊ ခိုးမှုအန္တရာယ် စသည်တို့မှလဲ ကာကွယ်ထားနိုင်မည်ဖြစ်သည်.။

CarsDB ၏ အဆိုပါကဏ္ဍသစ်ကို www.carsdb.com/my/pages/ami/premium-calculator မှတဆင့် (သို့မဟုတ်) www.carsdb.com ၏ Menu bar မှ “Tools” ၏ အောက်ရှိ “ကားအာမခံ ပရီမီယံ တွက်ရန်” ဟူသော Menu ကို ရွေးချယ်၍ အသုံးပြုနိုင်မည်ဖြစ်သည်.။ အဆိုပါကဏ္ဍတွင် မိမိအာမခံထားရှိလိုသော ကား၏ အင်ဂျင်ပါဝါ နှင့် တန်ဖိုးတို့ကို ထည့်သွင်းလိုက်ပါက တစ်နှစ်စာကျသင့်မည့် အာမခံကြေးများကို အလွယ်တကူ တွက်ချက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်.။

CarsDB-AMI-500x185

ထည့်သွင်းတွက်ချက်နိုင်သော အာမခံအချက်အလက်များမှာ Basic Premium ၊ သူတပါးထိခိုက်မှု အကာအကွယ်၊ လေကာမှန်အကာအကွယ်၊ နှူတ်ဖြတ်ငွေအကာအကွယ် လုပ်ငန်း၊ သပိတ်မှောက်၊ အဓိကရုဏ်း၊ မသမာသူကြောင့်ပျက်စီးမှု၊ သဘာဝဘေးအန္တရာယ်၊ စစ်နှင့်စစ်အသွင်အန္တရာယ်၊ ခိုးမှုအန္တရာယ် အစရှိသည်တို့ကို တွက်ချက်နိုင်မည်ဖြစ်သည်.။ ၎င်းအပြင် ပိုမို၍ အသေးစိတ်သိရှိလိုပါက မိမိအမည်နှင့် ဖုန်းနံပါတ်တို့ကို ထည့်သွင်းပေးရုံဖြင့် Ayeyar Myanmar Insurance (AMI) မှပြန်လည်၍ ဆက်သွယ်ပေးမည်ဖြစ်ပါသည်.။

Ayeyar Myanmar Insurance (AMI) သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းလိုပါက
No.23, Kan Yeik Thar Road, Lake View Tower
PH: 95-1-291797,8619409,8619410, Fax 95-1-8619406, Hotline 95-9-49305224
www.ami-insurance.com
သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်.။

www.carsdb.com
No. 1 Car Site in Myanmar

Latest News

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »

အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...

Read more »

စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...

Latest news1 12 150x150

Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...

Read more »