အဆင့်မြင့် ယာဉ်ရပ်နားစခန်း သုံးခု ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အဆင့်မြင့် ယာဉ်ရပ်နားစခန်းသုံးခုကို ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ‘ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ’မှ သတင်းရရှိသည်။

[caption id="attachment_387788" align="alignnone" width="500"]Car Park Car Park[/caption]

ယာဉ်ရပ်နားစခန်းများကို ဗိုလ်တထောင်မြို့နယ်တွင် ၄၅ လမ်း ရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကနှင့် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ၀၆၈ ဧကတို့တွင် လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေဧရိယာ ၀ ဒ သမ ၁၀၃ ဧကတွင် လည်းကောင်း တည်ဆောက်ရန် ရွေးချယ်ထားကြောင်း သိရသည်။“အဆင့်မြင့် ယာဉ်ရပ်နားစခန်းဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ဌာနနဲ့ ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားတယ်၊ ၂၀၁၃ ခုနှစ် လွှတ်တော်အစည်း အဝေးမှာကတည်းက အထပ်မြင့် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ဖို့ တင်ပြခဲ့ပေမဲ့ အချက်အလက် စုဆောင်းမှု၊ မြေနေရာ ရှာဖွေမှုတွေကြောင့် အခုမှ စတင်ဖြစ်တာပါ၊ နောက်ပိုင်းကျရင်တော့ ရန်ကုန်မြို့ရဲ့ အဆင်ပြေမယ့် မြေနေရာတွေမှာ ယာဉ်ရပ်နားစခန်းတွေ ဆောက်လုပ်သွားဖို့ ရှိပါတယ်”ဟု ‘မြို့တော် စည်ပင်၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)’မှ လက်ထောက်ဌာနမှူးက ပြောသည်။ယာဉ်ရပ်နားစခန်း လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တွင် တင်ဒါလျှောက်လွှာ တစ်စုံ အမေရိကန်ဒေါ်လာ ငါးရာ၊ သို့မဟုတ် ကျပ်ငွေ ငါးသိန်း ဖြင့် လာရောက် ၀ယ်ယူနိုင်ပြီး မတ် ၃၁ ရက် နောက်ဆုံးထား၍ တင်ဒါလျှောက်လွှာနှင့်အတူ အာမခံ အမေရိကန် ဒေါ်လာ တစ်သိန်း စပေါ်ငွေတင်၍ လျှောက်ထားနိုင် ကြောင်းသိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်းအဖြစ် မြေနီကုန်း၊ ရှင်စောပု ယာဉ်ရပ်နား စခန်းတစ်ခုသာရှိပြီး ၂၀၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။


 

Ref: Automobile

Latest News

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »
Download Android App