နှစ်ပတ်အတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုပေါင်း ရှစ်ရာကျော်အထိ ဖမ်းဆီးအရေးယူ

ယခုနှစ်ဦးရက်သတ္တပတ် နှစ်ပတ်တာ ကာလအတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုပေါင်း ရှစ်ရာကျော်အထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး မှသတင်းရရှိသည်။Low-of-Car1
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု လျော့ကျစေရန် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ မြို့တွင်း လမ်းမကြီးများပေါ်၌ ယာဉ်ရပ်နားမှုများအား ကြေညာချက်များ ထုတ်ပြန်ကာ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၏ ၁၄ ရက်တာကာလအတွင်း၌ စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်အစီးရေ ရှစ်ရာကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ အဆိုပါ အရေးယူမှုများတွင် ကရိန်းဖြင့်ဆွဲယူခဲ့သည့် ယာဉ် ၁၈၀ ကျော်နှင့် ချလန်ဖြတ် အရေးယူခဲ့သည့် ယာဉ် ၆၅၀ ခန့်အထိ ပါဝင်ကြောင်း သိရသည်။ ယာဉ်ကြောတွေ ရှင်းလင်းဖို့အတွက် အရေးယူ ဆောင်ရွက်တာတွေကို အဖွဲ့လေးဖွဲ့ခွဲပြီး လှည့်လည်စစ်ဆေး ဖမ်းဆီးနေပါတယ်၊ ယာဉ်မောင်းသူတွေနဲ့ လမ်းအသုံးပြုသူတွေ စည်းကမ်းကို စနစ်တကျလိုက်နာမယ်၊ ဖမ်းဆီးဆောင်ရွက်ရတဲ့ အမှုတွေ လျော့နည်းလာမယ်ဆိုရင် တိုင်းပြည် ဂုဏ်တက် စေတာပေါ့ ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယာဉ်မရပ်ရ သတ်မှတ်နေရာများ၌ ယာဉ်ရပ်နား၍ ဖမ်းဆီး အရေးယူခြင်းခံရပါက ကရိန်းနှင့် ဆွဲယူသည့်ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ပြီး ချလန်ဖြတ်အရေးယူပါက ယာဉ်မောင်းအား ဒဏ်ငွေကျပ် နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကာ ယင်းမှာ စည်ပင်ဥပဒေ ပုဒ်မ ၆၈ အရ ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို စစ်ဆေးဖမ်းဆီး အရေးယူခြင်းများ စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက်အထိ အမှုပေါင်း ၃,၀၅၆ မှု ရှိခဲ့ပြီး ယင်းတွင် ကရိန်းဖြင့် ဖမ်းဆီးအရေးမှု ၆၈၃ မှု၊ ချလန်ဖြတ် အရေးယူမှု ၂,၃၇၃ မှုအထိ ရှိကြောင်း သတင်းရရှိသည်။

 

Ref: Automobile

Latest News

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

"လမ်းအန္တရာယ်ကင်းရှင်းဖို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »

အခွန်​နှူန်းထားများတိုးမြှင့် ချက်ေ​ကြာင့်...

Car shipping 150x150

ပြည်​ပမှတင်​သွင်းလာ​သည့်​ ​မော်​​တော်​ယာဉ်​များကို ဆိပ်​ကမ်း​ရောက်​တန်​ဖိုးမြင့်​လာခြင်း၊ မိုဒယ်​သတ်​မှတ်​ချက်​အရ ဘယ်​​မောင်း...

Read more »

လိုက်ထရပ် ​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ...

Sfdgrgr 150x150

လိုက်ထရပ်​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ လက်​ကျန်​အင်​ဂျင်​ ၂၀၀ ​ကျော်​ရှိရာ ထိုကားများကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်ဖြစ်​၍...

Read more »
Download Android App