ကားပါကင် ထောက်ခံချက် စနစ်အား အစားထိုး အသုံးပြုမည့် စနစ် မကြာခင်ထုတ်ပြန်ပေးသွားမည်



parking





ခေတ်သစ်



Unicode Version


parking

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုလျော့နည်း စေရန်အတွက် ကားပါကင်ရှိမှ ကားတင်သွင်းရမည့်စနစ်ကျင့်သုံးခဲ့သည်။ ထိုစနစ် အသုံးပြုရာတွင် အမှန်တစ်ကယ် ကားမတင်သွင်းပဲ မြေနေရာများပြ၍ ပါကင်ထောက်ခံချက်များရောင်းစားခြင်း မြေပြင်ထိလိုက်လံစစ်ဆေးမှုအားနည်းခြင်းတို့ကြောင့် ဧပြီလမှစ၍ ကားပါကင်ထောက်ခံချက်စနစ်ရပ်ဆိုင်းခဲ့သည်။


ကားတင်သွင်းမှုများ ပြန်လည်အဆင်ပြေစေရန်အတွက် ကားပါကင်ထောက်ခံချက်စနစ်အား အစားထိုးဆောင်ရွက်နိုင်မည့် စနစ်တစ်ခုကို မကြာခင်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။မည်သို့ လုပ်ဆောင်မည်ကိုမူ တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းသုံး ၅တန်အထက်ကားများနှင့် လှုဒါန်းယာဉ် ယန္တရားယာဉ် လူမှုရေးလုပ်ငန်းများတွင် အသုံငးပြုမည့် ကားများကိုမူ ပါကင်ထောက်ခံချက်မလိုပဲ တင်သွင်းခွင့်ပြုနေကြောင်းသိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် ကားပါကင်ထောက်ခံချက်ရှိမှ ကားတင်သွင်းရမည့်စနစ်ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့ပြီး ၂ဝ၁၆ ဧပြီလမှစ၍ ရပ်ဆိုင်းခဲ့ကာ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုမှာလည်း ရပ်နားလိုက်ရပြီး ကားအရောင်းအဝယ်လုပ်ကိုင်သူများ အခက်တွေ့နေကြောင်းသိရသည်။

ခေတ်သစ်

Latest News

မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...

Img 0809 150x150

Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...

Read more »

city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...

Read more »

နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...

Latest news1 9 150x150

Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...

Read more »

The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...

Pizza 150x150

Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...

Read more »

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »