ကားပါကင္ ေထာက္ခံခ်က္ထုတ္ေပးမႈ ရပ္ဆိုင္းမႈအေပၚ ကိုထြဋ္ထိပ္ (Distinct Trading Co., Ltd) ရဲ႕ အျမင္


viber

ေမး - ကားပါကင္ေထာက္ခံခ်က္ထုတ္ေပးမွဳကို ေခတၱရပ္ဆိုင္းလိုက္တယ္ဆိုတဲ့ သတင္းအေပၚ ဘယ္လိုျမင္ပါလဲခင္ဗ်ာ။

ေျဖ - ကားပါကင္ေထာက္ခံခ်က္ ေနရာမွာ အစားထုိးမယ့္ ေပၚလစီတစ္ခုခု ရွိၿပီးမွ ရပ္ဆိုင္းရင္ေတာ့ ပိုအဆင္ေျပတာေပ့ါ။ အခုက်ေတာ့ ရန္ကုန္လိုင္စင္ပိတ္လိုက္တာနဲ႔ အတူတူေလာက္ျဖစ္သြားတယ္။ အခုက ဘာမွျပင္ဆင္ခ်ိန္မရေတာ့ ဆိပ္ကမ္းထဲက ကားေတြ၊ on the way ကားေတြ၊ ႏိုင္ငံျခားမွာ ၀ယ္ၿပီးသားကားေတြအတြက္လည္း စဥ္းစားေပးသင့္တယ္။

ေမး - အခ်ိန္ၾကာၾကာအထိ ရပ္ဆိုင္းထားမယ္ဆိုရင္ ကားေလာကအေပၚ ဘယ္လိုအက်ိဳးသက္ေရာက္မွဳမ်ား ရွိႏိုင္ပါလဲခင္ဗ်ာ။

ေျဖ - အဲ့အခါက်ရင္ေတာ့ ရန္ကုန္လိုင္စင္ကားေတြ အနည္းနဲ႔အမ်ား ေစ်းတက္သြားႏိုင္တယ္။ မျဖစ္မေန ကားအသစ္လိုခ်င္တဲ့သူေတြက်ေတာ့ နယ္လိုင္စင္ေတြနဲ႔ စီးၾကရေတာ့မွာေပါ့။

ေမး - ကားပါကင္ေထာက္ခံခ်က္ဟာ ကားတင္သြင္းေရာင္းခ်မွဳမ်ားအတြက္ ဘယ္လုိအခက္အခဲေတြရွိခဲ့ၿပီး ယာဥ္ေၾကာၾကပ္တည္းမွဳေလွ်ာ႔ခ်ေရးအတြက္ အေထာက္အကူျဖစ္ခဲ့ပါလားခင္ဗ်ာ။

ေျဖ - အဲ့ဒီအေၾကာင္းကို ခဏခဏ ေျပာဖူးပါတယ္။ ပါကင္ေထာက္ခံခ်က္ ေလွ်ာက္လို႔ ျပန္က်၊ မက်ဆိုတာ မသိရဘူး။ ဘယ္ေလာက္ၾကာမယ္ဆိုတာလည္း အတိအက် မရွိဘူး။ ဒီေတာ့ အခ်ိန္ကုန္တယ္၊ အလုပ္ရႈပ္တယ္။ တဆင့္ ျပန္၀ယ္ရတဲ့အခါ ေငြပိုကုန္တယ္။ ကိုယ့္ဆီမွာ ပါကင္ေနရာအမွန္တကယ္ရွိေနပါလ်က္နဲ႔ ေလွ်ာက္တဲ့အခါ က်ခ်င္မွလည္း က်တာ။ တခ်ဳိ႕ဆို ကားက ဆိပ္ကမ္းေရာက္ေနၿပီ၊ ကိုယ္ေလွ်ာက္ထားတဲ့ ပါကင္ေထာက္ခံခ်က္က က်မလာဘူး၊ ဒီေတာ့ သူမ်ားနာမည္နဲ႔ တဆင့္၀ယ္လိုက္ရတယ္။ အဲ့ဒီေတာ့မွ ကုိယ့္ပါကင္ေထာက္ခံခ်က္က က်လာေတာ့ အလကားျဖစ္သြားေရာ။ ေငြကုန္၊ အခ်ိန္ကုန္၊ လူပန္းတာပဲ အဖတ္တင္တယ္။ ရန္ကုန္မွာ ကားေလ်ာ့သြားလားဆိုေတာ့လည္း သိပ္မထူးပါဘူး။ ျပည္သူသာ ေငြကုန္ၿပီး ႏိုင္ငံေတာ္အေနနဲ႔လည္း ဘာမွမရဘူး။ ဒီေတာ့ ပါကင္ဖိုးကုန္မယ့္ေငြကိုသာ အစိုးရဆီ တရား၀င္ ေပးသြင္းလုိက္တာမွ လမ္း၊ တံတားေတြ၊ infrastructure ေတြအတြက္ အသံုးျပဳလိုက္မယ္ဆို ပိုအက်ဳိးရွိဦးမယ္။ အခုက်ေတာ့ ကုန္ရက်ဳိးမနပ္ဘူး။ ရန္ကုန္လိုင္စင္လိုခ်င္တဲ့သူကေတာ့ ေငြကုန္ခံၿပီး ရန္ကုန္လိုင္စင္ပဲ ရေအာင္ေလွ်ာက္မွာပဲ။ ဒီေတာ့ ဒီစနစ္ေၾကာင့္ ယာဥ္ေၾကာရွင္းသြားတယ္လို႔ ေျပာလို႔မရဘူး။ ဒါေပမယ့္ အနည္းအက်ဥ္းေတာ့ နယ္လိုင္စင္ယူလိုက္တဲ့ ကားေတြေတာ့ ရွိမွာေပါ့။ အဲ့ေလာက္ပါပဲ။

ေမး - အကယ္၍ ကားပါကင္ေထာက္ခံခ်က္ကို ပယ္ဖ်က္ၿပီး ျပည္သူမ်ားအတြက္ အဆင္အေျပႏိုင္ဆံုး နည္းလမ္းအသစ္မ်ားကို အသံုးျပဳသြားမယ္ဆိုလွ်င္ ဘယ္လိုအစီအစဥ္မ်ား ျဖစ္လာႏိုင္ေခ်ရွိပါလဲခင္ဗ်ာ။

ေျဖ - ရန္ကုန္လိုင္စင္အတြက္ဆိုရင္ ရန္ကုန္တုိင္းအစိုးရအဖြဲ႔ကို ေငြဘယ္ေလာက္ တရား၀င္ေပးသြင္းရမယ္ဆိုတာမ်ဳိး လုပ္လည္းရတယ္။ ေငြကုန္မွာခ်င္းအတူတူ အလုပ္မရႈပ္ဘူး၊ စိတ္မဆင္းရဲၾကရေတာ့ဘူးေပါ့။ အဲဒီေငြကိုလည္း အက်ဳိးရွိရွိ အသံုးျပဳလို႔ရသြားတာေပါ့။ ေနာက္ထပ္စနစ္ေတြလည္း ရွိဦးမွာပါ။ အဓိကကေတာ့ ဘယ္စနစ္၊ ဘယ္ပံုစံကိုသံုးသံုး ႀကိဳႀကိဳတင္တင္ ပြင့္လင္းျမင္သာဖို႔နဲ႔ ေရရွည္တည္တံ့ဖို႔ေတာ့ လိုမယ္ထင္တယ္။

ေမး - အျခားတိုင္းျပည္မ်ားတြင္ ယခုလို ကားပါကင္ေထာက္ခံခ်က္လိုမ်ိဳး ရွိပါသလားခင္ဗ်ာ။

ေျဖ - ႏိုင္ငံတကာနဲ႔ယွဥ္ရင္ ကိုယ္ေတြတုိင္းျပည္မွာ ကားအေရအတြက္ အရမ္းနည္းေနပါေသးတယ္။ မကန္႔သတ္သင့္ပါဘူး။ လြတ္လြတ္လပ္လပ္ စီးၾကပါေစဗ်ာ။ ရန္ကုန္ကေတာ့ ကားအရမ္းပိတ္တာမို႔ ျခြင္းခ်က္ေပါ့။

ေမး - ယခုလက္ရွိ ေပၚလစီမ်ားအတိုင္းဆိုလွ်င္ ၂၀၁၆ ခုႏွစ္အတြက္ ျပည္တြင္းေမာ္ေတာ္ယာဥ္ အေရာင္းအဝယ္ေစ်းကြက္အေျခအေန ဘယ္လိုျဖစ္လာႏိုင္ပါသလဲခင္ဗ်ာ။

ေျဖ - လက္ရွိေပၚလစီကုိက ဘယ္လိုမွန္း အတိအက်မသိေသးေတာ့ ေစ်းကြက္အလားအလာ မွန္းဖို႔ ေစာေနပါေသးတယ္။ ေသခ်ာတာက ေပၚလစီေတြ တင္းၾကပ္ေလေလ ကားေစ်းက တက္ေလေလပါ။ ကားေစ်းတက္ေတာ့ ျပည္သူအမ်ားရဲ႕ ကိုယ္ပုိင္ကားစီးခ်င္တဲ့ အိပ္မက္ေလးေတြနဲ႔က ေ၀းေလေလေတာ့ျဖစ္ေနမွာပါ။ ဒါေပမယ့္လည္း တုိင္းျပည္ရဲ႕ လက္တေလာ အေနအေျခအရ ျပည္သူေတြ ကိုယ္ပိုင္ကား စီးႏိုင္ၾကဖို႔ထက္ တျခားအေရးၾကီးတဲ့ ပညာေရး၊ က်န္းမာေရး စတာေတြ ရွိေနေသးတာမုိ႔ ဖိအားတစ္ခုအေနနဲ႔ ဘာမွ မေတာင္းဆိုလိုပါဘူး။ အစုိးရသစ္လက္ထက္မွာ Public transportation ကို အဓိကထား အားေပးသြားမွာေတာ့ ေသခ်ာပါတယ္။ ဆိုးဆုိးရြားရြား ေပၚလစီမဟုတ္ဘူးဆိုရင္ေတာ့ ဘာပဲျဖစ္ျဖစ္ ျဖစ္လာသမွ်အေျခအေနအေပၚမွာ လက္ခံသြားမွာပါ။

ယခုလုိ ေမးခြန္းမ်ားကို စိတ္ရွည္လက္ရွည္ေျဖၾကားေပးသြားပါေသာ ကို Htut Htake ကို အထူးေက်းဇူးတင္ရွိပါတယ္ ခင္ဗ်ာ။



Unicode Version

viber

မေး - ကားပါကင်ထောက်ခံချက်ထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းအပေါ် ဘယ်လိုမြင်ပါလဲခင်ဗျာ။

ဖြေ - ကားပါကင်ထောက်ခံချက် နေရာမှာ အစားထိုးမယ့် ပေါ်လစီတစ်ခုခု ရှိပြီးမှ ရပ်ဆိုင်းရင်တော့ ပိုအဆင်ပြေတာပေါ့။ အခုကျတော့ ရန်ကုန်လိုင်စင်ပိတ်လိုက်တာနဲ့ အတူတူလောက်ဖြစ်သွားတယ်။ အခုက ဘာမှပြင်ဆင်ချိန်မရတော့ ဆိပ်ကမ်းထဲက ကားတွေ၊ on the way ကားတွေ၊ နိုင်ငံခြားမှာ ဝယ်ပြီးသားကားတွေအတွက်လည်း စဉ်းစားပေးသင့်တယ်။

မေး - အချိန်ကြာကြာအထိ ရပ်ဆိုင်းထားမယ်ဆိုရင် ကားလောကအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုများ ရှိနိုင်ပါလဲခင်ဗျာ။

ဖြေ - အဲ့အခါကျရင်တော့ ရန်ကုန်လိုင်စင်ကားတွေ အနည်းနဲ့အများ စျေးတက်သွားနိုင်တယ်။ မဖြစ်မနေ ကားအသစ်လိုချင်တဲ့သူတွေကျတော့ နယ်လိုင်စင်တွေနဲ့ စီးကြရတော့မှာပေါ့။

မေး - ကားပါကင်ထောက်ခံချက်ဟာ ကားတင်သွင်းရောင်းချမှုများအတွက် ဘယ်လိုအခက်အခဲတွေရှိခဲ့ပြီး ယာဉ်ကြောကြပ်တည်းမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်ခဲ့ပါလားခင်ဗျာ။

ဖြေ - အဲ့ဒီအကြောင်းကို ခဏခဏ ပြောဖူးပါတယ်။ ပါကင်ထောက်ခံချက် လျှောက်လို့ ပြန်ကျ၊ မကျဆိုတာ မသိရဘူး။ ဘယ်လောက်ကြာမယ်ဆိုတာလည်း အတိအကျ မရှိဘူး။ ဒီတော့ အချိန်ကုန်တယ်၊ အလုပ်ရှုပ်တယ်။ တဆင့် ပြန်ဝယ်ရတဲ့အခါ ငွေပိုကုန်တယ်။ ကိုယ့်ဆီမှာ ပါကင်နေရာအမှန်တကယ်ရှိနေပါလျက်နဲ့ လျှောက်တဲ့အခါ ကျချင်မှလည်း ကျတာ။ တချို့ဆို ကားက ဆိပ်ကမ်းရောက်နေပြီ၊ ကိုယ်လျှောက်ထားတဲ့ ပါကင်ထောက်ခံချက်က ကျမလာဘူး၊ ဒီတော့ သူများနာမည်နဲ့ တဆင့်ဝယ်လိုက်ရတယ်။ အဲ့ဒီတော့မှ ကိုယ့်ပါကင်ထောက်ခံချက်က ကျလာတော့ အလကားဖြစ်သွားရော။ ငွေကုန်၊ အချိန်ကုန်၊ လူပန်းတာပဲ အဖတ်တင်တယ်။ ရန်ကုန်မှာ ကားလျော့သွားလားဆိုတော့လည်း သိပ်မထူးပါဘူး။ ပြည်သူသာ ငွေကုန်ပြီး နိုင်ငံတော်အနေနဲ့လည်း ဘာမှမရဘူး။ ဒီတော့ ပါကင်ဖိုးကုန်မယ့်ငွေကိုသာ အစိုးရဆီ တရားဝင် ပေးသွင်းလိုက်တာမှ လမ်း၊ တံတားတွေ၊ infrastructure တွေအတွက် အသုံးပြုလိုက်မယ်ဆို ပိုအကျိုးရှိဦးမယ်။ အခုကျတော့ ကုန်ရကျိုးမနပ်ဘူး။ ရန်ကုန်လိုင်စင်လိုချင်တဲ့သူကတော့ ငွေကုန်ခံပြီး ရန်ကုန်လိုင်စင်ပဲ ရအောင်လျှောက်မှာပဲ။ ဒီတော့ ဒီစနစ်ကြောင့် ယာဉ်ကြောရှင်းသွားတယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် အနည်းအကျဉ်းတော့ နယ်လိုင်စင်ယူလိုက်တဲ့ ကားတွေတော့ ရှိမှာပေါ့။ အဲ့လောက်ပါပဲ။

မေး - အကယ်၍ ကားပါကင်ထောက်ခံချက်ကို ပယ်ဖျက်ပြီး ပြည်သူများအတွက် အဆင်အပြေနိုင်ဆုံး နည်းလမ်းအသစ်များကို အသုံးပြုသွားမယ်ဆိုလျှင် ဘယ်လိုအစီအစဉ်များ ဖြစ်လာနိုင်ချေရှိပါလဲခင်ဗျာ။

ဖြေ - ရန်ကုန်လိုင်စင်အတွက်ဆိုရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ငွေဘယ်လောက် တရားဝင်ပေးသွင်းရမယ်ဆိုတာမျိုး လုပ်လည်းရတယ်။ ငွေကုန်မှာချင်းအတူတူ အလုပ်မရှုပ်ဘူး၊ စိတ်မဆင်းရဲကြရတော့ဘူးပေါ့။ အဲဒီငွေကိုလည်း အကျိုးရှိရှိ အသုံးပြုလို့ရသွားတာပေါ့။ နောက်ထပ်စနစ်တွေလည်း ရှိဦးမှာပါ။ အဓိကကတော့ ဘယ်စနစ်၊ ဘယ်ပုံစံကိုသုံးသုံး ကြိုကြိုတင်တင် ပွင့်လင်းမြင်သာဖို့နဲ့ ရေရှည်တည်တံ့ဖို့တော့ လိုမယ်ထင်တယ်။

မေး - အခြားတိုင်းပြည်များတွင် ယခုလို ကားပါကင်ထောက်ခံချက်လိုမျိုး ရှိပါသလားခင်ဗျာ။

ဖြေ - နိုင်ငံတကာနဲ့ယှဉ်ရင် ကိုယ်တွေတိုင်းပြည်မှာ ကားအရေအတွက် အရမ်းနည်းနေပါသေးတယ်။ မကန့်သတ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ် စီးကြပါစေဗျာ။ ရန်ကုန်ကတော့ ကားအရမ်းပိတ်တာမို့ ခြွင်းချက်ပေါ့။

မေး - ယခုလက်ရှိ ပေါ်လစီများအတိုင်းဆိုလျှင် ၂ဝ၁၆ ခုနှစ်အတွက် ပြည်တွင်းမော်တော်ယာဉ် အရောင်းအဝယ်စျေးကွက်အခြေအနေ ဘယ်လိုဖြစ်လာနိုင်ပါသလဲခင်ဗျာ။

ဖြေ - လက်ရှိပေါ်လစီကိုက ဘယ်လိုမှန်း အတိအကျမသိသေးတော့ စျေးကွက်အလားအလာ မှန်းဖို့ စောနေပါသေးတယ်။ သေချာတာက ပေါ်လစီတွေ တင်းကြပ်လေလေ ကားစျေးက တက်လေလေပါ။ ကားစျေးတက်တော့ ပြည်သူအများရဲ့ ကိုယ်ပိုင်ကားစီးချင်တဲ့ အိပ်မက်လေးတွေနဲ့က ဝေးလေလေတော့ဖြစ်နေမှာပါ။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ လက်တလော အနေအခြေအရ ပြည်သူတွေ ကိုယ်ပိုင်ကား စီးနိုင်ကြဖို့ထက် တခြားအရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး စတာတွေ ရှိနေသေးတာမို့ ဖိအားတစ်ခုအနေနဲ့ ဘာမှ မတောင်းဆိုလိုပါဘူး။ အစိုးရသစ်လက်ထက်မှာ Public transportation ကို အဓိကထား အားပေးသွားမှာတော့ သေချာပါတယ်။ ဆိုးဆိုးရွားရွား ပေါ်လစီမဟုတ်ဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှအခြေအနေအပေါ်မှာ လက်ခံသွားမှာပါ။

ယခုလို မေးခွန်းများကို စိတ်ရှည်လက်ရှည်ဖြေကြားပေးသွားပါသော ကို Htut Htake ကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

Latest News

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »