ယာဉ်အို၊ ယာဉ်ဟောင်း လဲလှယ်ရေး မူဝါဒသစ်ကို ကားလောကမှ စိတ်ဝင်တစား စောင့်ကြည့်

(၂၀၁၄) တွင် သက်တမ်းအလိုက် အပ်နှံမှုဖြင့် ဆောင်ရွက်မည် ဆိုသော ယာဉ်၊ အိုယာဉ်ဟောင်း လဲလှယ်ရေး မူဝါဒမှာ တိကျစွာ ထွက်ရှိလာခြင်း မရှိသဖြင့် ကားလောက အတွင်းမှ စိတ်ဝင်တစားဖြင့် စောင့်ကြည့် နေကြောင်း သိရသည်။

D-Car

ထုတ်လုပ်သည့် ခုနှစ်မှ နှစ်(၂၀) အတွင်းရှိ ယာဉ်ဟောင်းများ အပ်နှံနိုင်ရပြီး အက္ခရာတန်း အလိုက်ဖြင့်သာ အပ်နှံမှုလက်ခံနိုင်သည် ဟူသော သတင်းများလည်း ထွက်လာကာ (၁က) အက္ခရာဖြင့် စတင်နိုင် ကြောင်းလည်း သုံးသပ်နေကြသည်။ အကယ်၍ နှစ် (၂၀) သက်တမ်းရှိ ယာဉ်ဟောင်းများ အပ်နှံမှုဖြင့် လုပ်ပါက အက္ခရာတန်း များအား အပိုင်းလိုက် အပ်ခွင့်ပေးပါက အဆင်ပြေနိုင်ကြောင်း ကားလုပ်ငန်းရှင် တစ်ဦးကပြောပြခဲ့သည်။ စဖွင့်ရင်တောင် (၁က) နဲ့ လာနိုင်ပေမယ့် နှစ် (၂၀) သက်တမ်းရှိတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း လို့ပြောတဲ့အတွက် (၉၃-၉၄) ခုနှစ် အောက်ကားတွေ ထည့်တွက်ရမှာပဲ။ (၁က) အက္ခရာတစ်ခုတည်း မဟုတ်ဘဲ ဥပမာ (၁က) ကနေ (၅က) ထိ အပိုင်းလိုက် ပေးတာမျိုးပေါ့။ နောက်ပြီး ဒီလိုသက်တမ်း အလိုက်အပ်နှံခွင့် ပေးမယ်လို့တရားဝင် ကြေညာထားတဲ့ အတွက် အက္ခရာတန်းနဲ့ မသွားနိုင်လောက်ဘူး ထင်တယ်။ အဲ့လိုသာလုပ်ရင် ဘာမှကြေညာ နေစရာမလိုဘူးလေ။ (အ) ပြီး (၁က) ပဲ လက်ခံရုံပဲပေါ့လို့ ရှင်းပြသည်။ ဇန်န၀ါရီ (၂၅) ရက်နေ့တွင် (၁က) အက္ခရာမှာ (၇၂၊ ၇၃) သိန်း ဈေး ပေါက်ကာ (အ) အက္ခရာမှာ သိန်း(၉၀) ရှိနေကြောင်း သိရသည်။ (၁က) အက္ခရာကားအား ကြိုတင် ၀ယ်ယူသူများလည်း ရှိနေကာ ကျိန်းသေပေါက် ဖြစ်လာနိုင်သည် ဟုတွက်ဆ နေသူများလည်း ရှိနေကြောင်း သိရသည်။ အစ်ကိုကတော့ (၁က) နဲ့ စဖွင့်မယ်လို့ ကိုထင်တယ်။ ဒါပေမယ့် အပိုင်းလိုက် ပေးရင်တော့ ပိုကောင်းတာပေါ့။ (၁က)ကနေ ဘယ်အက္ခရာ ထိပေါ့။ တစ်ခုပြီးမှ တစ်ခုသွားတာထက် အဲ့လိုအပိုင်းလိုက် ပေးလိုက်ရင် စီးရမယ့်သူတွေ၊ အရောင်းအ၀ယ် လုပ်တဲ့သူတွေ ပိုကောင်းသွားမယ် လို့ကားဟောင်း၊ ရောင်းဝယ်ခြင်း နှင့်စလစ် အရောင်းအ၀ယ် လုပ်သူတစ်ဦးကလည်း ပြောပြခဲ့သည်။
Ref: Auto World

Latest News

ရန်​ကုန်​မြို့တွင်း...

Traffic 150x150

ရန်ကုန် မြို့တွင်း ယာဉ်​သွားလာမှူ အ​​ခြေအ​နေများကို ​စောင့်​ကြည့်​​နေမည့်​ Control Center မှ တစ်ဆင့် ထိန်းချုပ် စောင့်ကြည့်သည့် အစီအစဉ်ကို...

Read more »

မကြာခင်ေ​ရာက်​မည့်​ YBS ကားအစီး ၁၀၀၀ ကို...

Bbb 150x150

မကြာခင်ေ​ရာက်​မည့်​ YBS ကားအစီး ၁၀၀၀ ကို လိုအပ်ေ​နတဲ့ ယာဉ်လိုင်းေ​​တွ​နေရာမှာအစားထိုး​ပြေးဆွဲ​ပေးသွားမှာ​​ဖြစ်​​တယ်လို့​...

Read more »

ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေ​​ကြောင်း...

Ybs 1 150x150

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်​လက်​ထပ်​တွင်​ အသစ်ပြန်လည်ပြေးဆွဲခဲ့သော YBS စနစ်သည် ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေကြောင်း ရန်ကုန်တိုင်း...

Read more »

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း ...

Old car 150x150

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းမှူစနစ်​အား အခြားစနစ်​တစ်​ခုနဲ့ ​ပြောင်းလဲသွားမှာ ဖြစ်​တယ်​လို့...

Read more »

ဝန်ကြီး​ဌာနမှ လုပ်ကိုင်ေ​​​​သာ...

Insurance 2 150x150

ဝန်​ကြီးဌာနများတွင်​ လုပ်​ကိုင်​​နေ​သောအာမခံလုပ်ငန်းများကိုပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ​စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန...

Read more »
Download Android App