ရန်ကုန်ကားဈေးကွက်အခြေအနေ

အပ်နှံရန်မျှော်လင့်ထားသည့် အ အက္ခရာယာဉ်များမှာ အောက်တိုဘာ ၂၉ ရက်နေ့တွင် လက်ခံလိုက်သဖြင့် အပ်ကားဈေးကွက်မှာ အရောင်းအဝယ်သွက်မလာခဲ့ကြောင်း ဝယ်ရောင်းကြီးများက ပြောကြားသည်။ ၁၁၈ သိန်းထိဈေးမြင့်ခဲ့သော စလစ်ဈေးမှာ အောက်တိုဘာ ၂၉ နေ့တွင် ၁၁၃ သိန်းဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း အောက်တိုဘာ ၃၀ နေ့တွင် ၁၀၃ သိန်းအထိ ဈေးကျသွားခဲ့ပြီး အရောင်းအဝယ်အေးစက်နေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

7408509744_1c0dcc5c60 (1)

ယခုတစ်ပတ် သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်း၏ ဈေးကွက်အခြေအနေမှာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ်အေးစက်သွားကြောင်း ကားဝယ်ရောင်းများက ပြောသည်။ ယခင်က ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ရှိခဲ့သော ၁၃၀၀ စီစီ ကားများမှာလည်း ယခုတစ်ပတ်တွင် အရောင်းအဝယ်အေးစက်နေခဲ့ပြီး BB,CC စသော ကားများမှာလည်း အရောင်းအဝယ်အေးနေကာ သိန်းတစ်ရာဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အမြင့်ကားများထဲတွင်လည်း Prado, Surf စသော စလစ်ကားများမှာလည်း အနည်းငယ်သာအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယခင်က နယ်ဝယ်လက်များလာပြီး အရောင်းအဝယ်ဖြစ်သော်လည်း ယခုတစ်ပတ်တွင် နယ်ဝယ်လက်ဆင်းလာမှုနည်းသွားပြီး အရောင်းအဝယ်မှာ ထင်သလောက်မဖြစ်ဘဲ အေးစက်နေကာ ကားဈေးနှုန်းမှာလည်း စလစ်ဈေးပေါ်တွင်သာ မူတည်ကြောင်း ဝယ်ရောင်းကြီးတစ်ဦးက ဆိုသည်။

ယခုတစ်ပတ် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း၏ ဈေးကွက်အခြေအနေမှာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်အနည်းငယ်အေးသွားကြောင်း ကားဝယ်ရောင်းများက ပြောသည်။ အမြင့်ကားများဖြစ်သော Hilux Surf ၊ Prado ၊ Landcruiser စသော 4WD ကားများမှာ အရောင်းအဝယ်အေးနေပြီး ၁၃၀၀ စီစီကားများဖြစ်သည့် Ad Van ၊ Honda Fit(GE 6) ကားများမှာလည်း အရောင်းအဝယ်အနည်းငယ်သာရှိကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်းစလစ်ဈေးမှာလည်း အနည်းငယ်တန့်နေကာ စလစ်ကပ် အမြင့်ကားတစ်ချို့ အရောင်းအဝယ်ပြန်ဖြစ်နေသော်လည်း နောက်အက္ခရာတစ်ခု လက်ခံမှုကြာမြင့်ပါက အရောင်းအဝယ်အေးသွားနိုင်ကြောင်း ကားဝယ်ရောင်းများကပြောသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo Credit by Stefan Munder

 

 

Latest News

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »

လမ်း​​ဘေး​ပလပ်ဖောင်း ပြုပြင်ရေးနှင့်...

11111 1 150x150

Photo Credit လမ်း​ဘေးပလက်​​ဖောင်းများနဲ့ ကားမှတ်​တိုင်တည်​​ဆောက်​ခြင်းများကိုကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၁၀ဝဖြင့် ရန်ကုန်မြို့ ရေကြီးရေလျှံ...

Read more »

ဇူလိုင်​ ၁ ရက်​မှစ၍ ၁၉၉၅ မိုဒယ်ေ​အာက်...

1111 2 150x150

Photo Credit ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့်​ ၁၉၉၅ မိုဒယ်ေ​အာက် ခရီးသည်​တင်​ယာဉ်​များကို CNG ထုတ်​​ပေးမှူကို ယဇူလိုင်​လ ၁ ရက်​တွင်​...

Read more »
Download Android App