ယာဥ္မေတာ္တဆ ျဖစ္ပြားၿပီး တိုက္ထြက္ေျပးမႈတြင္ ခရီးသည္တင္ ယာဥ္ေမာင္းမ်ား အမ်ားဆံုးျဖစ္ေန

ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာ နယ္နိမိတ္အတြင္း ျဖစ္ပြားခဲ့သည့္ ယာဥ္မေတာ္တဆျဖစ္စဥ္မ်ား၏ တိုက္ထြက္ေျပးမႈမ်ားတြင္ ကိုယ္ပိုင္ႏွင့္ အငွားယာဥ္ေမာင္း မ်ားထက္ ခရီးသည္တင္ယာဥ္ေမာင္းမ်ား အမ်ားဆံုးျဖစ္ေၾကာင္း ‘အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ မွဴး႐ံုး’၏  မွတ္တမ္းမ်ားအရ သိရသည္။

2

စည္ပင္သာယာ နယ္နိမိတ္အတြင္း ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၁ ရက္မွ ေဖေဖာ္၀ါရီ ၂၈ ရက္အထိ ႏွစ္လတာကာလအတြင္း ယာဥ္မေတာ္တဆမႈ ၃၇၆ မႈ ျဖစ္ပြားခဲ့ၿပီး ယင္း တြင္ ယာဥ္ေမာင္းထြက္ေျပး သြားသည့္ ျပစ္မႈေပါင္း ၁၅၀ ခန္႔ ပါ၀င္ေနကာ ထြက္ေျပးသူ အမ်ားစုမွာ ခရီးသည္တင္ယာဥ္ေမာင္းမ်ား ျဖစ္ေၾကာင္း သိရသည္။ “လစဥ္ျဖစ္ပြား တဲ့ ယာဥ္မေတာ္တဆမႈေတြရဲ႕ ၄၀ ရာခိုင္ႏႈန္းက တိုက္ထြက္ေျပးေတြျဖစ္ေနၿပီးေတာ့ ယာဥ္မေတာ္တဆမႈျဖစ္ရင္ ထြက္ေျပးသူ အမ်ားစုက ခရီးသည္ တင္ယာဥ္ေမာင္း ေတြမ်ားတယ္” ဟု အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွဳး႐ံုးမွ တာ၀န္ရိွသူတစ္ဦးက ဆိုသည္။ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၁၁ ရက္မွ မတ္ ၁၅ ရက္အထိ စည္ပင္သာယာနယ္နိမိတ္ ၿမိဳ႕နယ္ ၃၁ ၿမိဳ႕နယ္အတြင္း ခရီးသည္တင္ယာဥ္ မေတာ္တဆမႈ ၇၁ မႈ ျဖစ္ပြားခဲ့ၿပီး ေသဆံုးသူ ၁၉ ဦး၊ ဒဏ္ရာရရိွသူ ၂၁၆ ဦးအထိ ရိွခဲ့ေၾကာင္း သိရသည္။ “ခရီးသည္တင္ ယာဥ္ေမာင္းေတြအေနနဲ႔ သတ္မွတ္အရည္အခ်င္း ျပည့္၀မွသာ ခရီးသည္တင္ယာဥ္ကို ေမာင္းႏွင္သင့္ပါတယ္၊ တခ်ဳိ႕ယာဥ္ေမာင္းေတြဟာ သတ္မွတ္လိုင္စင္ မဟုတ္ဘဲ ေမာင္းႏွင္တာေတြ စစ္ေဆးေတြ႕ရိွရတယ္၊ တခ်ဳိ႕ ယာဥ္ေနာက္လိုက္ေတြဆိုရင္လည္း မထသ(ဗဟို)က ေပးတဲ့ ယာဥ္ေနာက္လိုက္ လိုင္စင္မရိွဘဲနဲ႔ ယာဥ္ေနာက္လိုက္ လုပ္တယ္၊ မေတာ္တဆျဖစ္ရင္ ခရီးသည္ေတြပဲ နစ္နာတာ၊ သူတို႔က ထြက္ေျပးၾကတယ္”ဟု အမွတ္-၂ ယာဥ္ထိန္း ရဲတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာ၀န္ရိွသူတစ္ဦးက ေျပာၾကား ခဲ့သည္။ ခရီးသည္တင္ယာဥ္ ေမာင္းႏွင္ရန္အတြက္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ေပးသည့္ ယာဥ္ေမာင္းလိုင္စင္ (င) အမ်ဳိးအစားကို ကိုင္ေဆာင္ ေမာင္းႏွင္ရန္ လိုအပ္ၿပီး ယာဥ္ေနာက္ လိုက္မ်ားအေနျဖင့္လည္း မထသ (ဗဟို)မွ ခြင့္ျပဳေပးသည့္ ယာဥ္ေနာက္လိုက္လိုင္စင္ရွိရန္ လိုအပ္ေၾကာင္း သိရသည္။


 

Ref: Automobile



Unicode Version

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆဖြစ်စဉ်များ၏ တိုက်ထွက်ပြေးမှုများတွင် ကိုယ်ပိုင်နှင့် အငှားယာဉ်မောင်း များထက် ခရီးသည်တင်ယာဉ်မောင်းများ အများဆုံးဖြစ်ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး’၏  မှတ်တမ်းများအရ သိရသည်။

2

စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ နှစ်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၃၇၆ မှု ဖြစ်ပွားခဲ့ပြီး ယင်း တွင် ယာဉ်မောင်းထွက်ပြေး သွားသည့် ပြစ်မှုပေါင်း ၁၅ဝ ခန့် ပါဝင်နေကာ ထွက်ပြေးသူ အများစုမှာ ခရီးသည်တင်ယာဉ်မောင်းများ ဖြစ်ကြောင်း သိရသည်။ “လစဉ်ဖြစ်ပွား တဲ့ ယာဉ်မတော်တဆမှုတွေရဲ့ ၄ဝ ရာခိုင်နှုန်းက တိုက်ထွက်ပြေးတွေဖြစ်နေပြီးတော့ ယာဉ်မတော်တဆမှုဖြစ်ရင် ထွက်ပြေးသူ အများစုက ခရီးသည် တင်ယာဉ်မောင်း တွေများတယ်” ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ မတ် ၁၅ ရက်အထိ စည်ပင်သာယာနယ်နိမိတ် မြို့နယ် ၃၁ မြို့နယ်အတွင်း ခရီးသည်တင်ယာဉ် မတော်တဆမှု ၇၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉ ဦး၊ ဒဏ်ရာရရှိသူ ၂၁၆ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ “ခရီးသည်တင် ယာဉ်မောင်းတွေအနေနဲ့ သတ်မှတ်အရည်အချင်း ပြည့်ဝမှသာ ခရီးသည်တင်ယာဉ်ကို မောင်းနှင်သင့်ပါတယ်၊ တချို့ယာဉ်မောင်းတွေဟာ သတ်မှတ်လိုင်စင် မဟုတ်ဘဲ မောင်းနှင်တာတွေ စစ်ဆေးတွေ့ရှိရတယ်၊ တချို့ ယာဉ်နောက်လိုက်တွေဆိုရင်လည်း မထသ(ဗဟို)က ပေးတဲ့ ယာဉ်နောက်လိုက် လိုင်စင်မရှိဘဲနဲ့ ယာဉ်နောက်လိုက် လုပ်တယ်၊ မတော်တဆဖြစ်ရင် ခရီးသည်တွေပဲ နစ်နာတာ၊ သူတို့က ထွက်ပြေးကြတယ်”ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ ခရီးသည်တင်ယာဉ် မောင်းနှင်ရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင် (င) အမျိုးအစားကို ကိုင်ဆောင် မောင်းနှင်ရန် လိုအပ်ပြီး ယာဉ်နောက် လိုက်များအနေဖြင့်လည်း မထသ (ဗဟို)မှ ခွင့်ပြုပေးသည့် ယာဉ်နောက်လိုက်လိုင်စင်ရှိရန် လိုအပ်ကြောင်း သိရသည်။


 

Ref: Automobile

Latest News

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »