တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့ :

news_this_week



  • ဟိုင္းလပ္ယာဥ္မ်ား ၿမိဳ႔တြင္းေျပးဆြဲခြင့္ ကန္႔သတ္မႈေၾကာင့္ ခရီးသည္မ်ားႏွင့္ ယာဥ္ပိုင္ရွင္မ်ား အခက္ႀကံဳ



  • ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈကို ျမင္သာကညနမွ သန္လ်င္ခ႐ုိင္႐ံုးခြဲသို႔ ေျပာင္းလဲျပဳလုပ္ေပးမည္



  • ေမတၲာလိႈင္းယာဥ္လိုင္းမွ ထပ္မံတင္သြင္းသည့္ ခရီးသည္တင္ယာဥ္မ်ား LPG ျဖင့္ ေျပာင္းလဲေျပးဆြဲမည္



  • လူကူးခံုးေက်ာ္တံတားမ်ား ယခု ဘ႑ာေရးႏွစ္အတြင္း ေဆာက္လုပ္ႏိုင္မည္မဟုတ္



  • ကေလးၿမိဳ႕တြင္း သံုးတန္အထက္ ယာဥ္မ၀င္ရ သတ္မွတ္ေနရာသို႕ ကုန္တင္ယာဥ္မ်ား ဝင္ေရာက္ပါက အေရးယူမည္



  • တ႐ုတ္ေစ်းကြက္ကို ထိုးေဖာက္ရန္ ECO ကားမ်ား အခရာက်လာမည္ဟု ဂ်ပန္သတင္းစာ သံုးသပ္



  • အာဆီယံတြင္ Chevrolet ေရာင္းအားစံခ်ိန္တင္



  • အကၡရာ အစဥ္လိုက္အတိုင္းသာ အပ္ႏွံခြင့္ ျပဳဖြယ္ရွိေသာေၾကာင့္ ‘၁က’ ကားမ်ား အ၀ယ္လိုက္



  • အိႏၵိယဇိမ္ခံကား ေရာင္းခ်ရမႈ၌ Audi ကို BMW ႐ံႈးနိမ့္ခဲ့ရ



  • ဆိပ္ကမ္းမွ ကားထုတ္ယူရာတြင္ ယာဥ္ပိုင္ရွင္မ်ား စိတ္ေက်နပ္မႈရွိေစရန္ တာ၀န္ရွိသူမ်ား ေဆာင္ရြက္ေပးေန



  • လာမည့္ဘ႑ာေရးႏွစ္ ဘ႑ာေငြရရွိမႈအေပၚ မူတည္၍ ကြန္ကရစ္လမ္းမ်ားေပၚ၌ ကတၱရာထပ္ပိုးလႊာ ခင္းမည္



  • ဥေရာပႏွင့္ အေမရိကန္တို႔မွ ေမာ္ေတာ္ယာဥ္မ်ား ျပည္တြင္းသို႔ တင္သြင္းႏုိင္ရန္ ေဟာင္ေကာင္ အေျခစိုက္ သေဘၤာလိုင္းမွ ၀န္ေဆာင္မႈေပးမည္



  • ၂၀၃၅ ခုႏွစ္မွသာ BRT စနစ္ျဖင့္ ရန္ကုန္ၿမိဳ႕တြင္း ယာဥ္လိုင္းေျပးဆြဲမႈ အေကာင္အထည္ေဖာ္ႏိုင္မည္



  • အထပ္ျမင့္ကားပါကင္ တည္ေဆာက္ခြင့္ျပဳရန္ ရန္ကုန္ၿမိဳ႕တြင္း ေနရာသံုးေနရာ ပဏာမေရြးခ်ယ္



 

ဟိုင္းလပ္ယာဥ္မ်ား ၿမိဳ႔တြင္းေျပးဆြဲခြင့္ ကန္႔သတ္မႈေၾကာင့္ ခရီးသည္မ်ားႏွင့္ ယာဥ္ပိုင္ရွင္မ်ား အခက္ႀကံဳ


ခရီးသည္တင္ ဟိုင္းလပ္ယာဥ္မ်ားကို ယခုႏွစ္ ေဖေဖာ္၀ါရီ ၁၀ ရက္ ေနာက္ဆံုးထား၍ ရန္ကုန္ၿမိဳ႕တြင္း ၀င္ေရာက္ေျပးဆြဲခြင့္ ကန္႔သတ္လိုက္ျခင္းေၾကာင့္ ခရီးသည္မ်ား ႏွင့္ ယာဥ္ပိုင္ရွင္မ်ား အခက္ႀကံဳ လ်က္ရွိေၾကာင္း စံုစမ္းသိရွိရသည္။ ကုန္တင္ယာဥ္ အငယ္စား ယာဥ္မ်ား ျဖစ္သည့္အတြက္ ခရီးသည္တင္ေဆာင္ေျပးဆြဲရန္ ယာဥ္အႏၲရာယ္ လံုၿခံဳစိတ္ခ်မႈ မရွိေသာ္လည္း ယခင္က ျမန္မာႏိုင္ငံ၏ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ မူ၀ါဒ ကန္႔သတ္ခ်က္မ်ားႏွင့္ အျခားလို အပ္ခ်က္မ်ားေၾကာင့္ အဆိုပါ ယာဥ္မ်ားကို ခရီးသည္တင္ယာဥ္အျဖစ္ အသံုးျပဳခဲ့ရေၾကာင္း၊ ယခုအခါ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ မူ၀ါဒ အေျပာင္းအလဲမ်ားအလိုက္ ၿမိဳ႕တြင္းဘတ္စ္ကားႏွင့္ လုပ္ငန္းသံုး ေမာ္ေတာ္ယာဥ္တင္သြင္းမႈမ်ား ရွိလာသည့္အတြက္ ဟိုင္းလပ္ယာဥ္မ်ား ေနရာတြင္ မီနီဘတ္စ္မ်ား အစားထိုး ေျပးဆြဲေစျခင္းႏွင့္ ခရီးသည္ တင္ေဆာင္ ေျပးဆြဲရန္ လံုၿခံဳစိတ္ခ်ရမႈ မရွိသည့္ ဟိုင္းလပ္ယာဥ္မ်ား ၿမိဳ႕တြင္းေျပးဆြဲခြင့္ကို ပိတ္ပင္ရျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ လက္ရွိတြင္ ရန္ကုန္တုိင္း ေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီး အလိုက္ ခ်ိတ္ဆက္ေျပးဆြဲေနေသာ ဟိုင္းလပ္ယာဥ္လိုင္း ၄၆ လိုင္း၌ ယာဥ္အစီးေရ ၈၅၀ ရွိေၾကာင္း၊ ယင္းတုိ႔အနက္ အစီးေရ ငါးရာေက်ာ္မွာ ယာဥ္ေဟာင္းအပ္ႏွံကာ မီနီဘတ္စ္မ်ား တင္သြင္းလိုေသာ္လည္း အစီးေရအလိုက္ ေပးသြင္းရမည့္ ေငြေၾကးႏွင့္ ဘဏ္အတိုးႏႈန္းမ်ားကို စိုးရိမ္လ်က္ရွိေနၾကေၾကာင္း၊ အပ္ႏွံျခင္းမျပဳသည့္ ယာဥ္မ်ားအေနျဖင့္လည္း ပဲခူး တိုင္းေဒသႀကီး ဂိတ္စမွ ေထာက္ၾကန္႔လမ္းဆံု ဂိတ္ဆံုး အထိသာ ေျပးဆြဲရမည္ ျဖစ္သည့္အတြက္ ယခင္ ေန႔စဥ္၀င္ေငြကို ထိခိုက္မႈ ရွိႏိုင္သည့္အျပင္ ခရီးသည္ တင္ေဆာင္ျခင္းမရွိဘဲ လက္ရွိ ေျပးဆြဲေနေသာ ‘ခ’ လုိင္စင္ ခရီးသည္ တင္ယာဥ္မွ ‘က’ လိုင္စင္ ကုန္တင္ယာဥ္အျဖစ္ ေျပာင္းလဲပါကလည္း အဆင္ေျပႏိုင္မည္မဟုတ္ေၾကာင္း ယာဥ္ေမာင္းမ်ားက ဆိုသည္။ ဟိုင္းလပ္ႏွင့္ ဒိုင္နာယာဥ္မ်ားကို ၂၀၀၉ ခုႏွစ္တြင္ ၿမိဳ႕တြင္း ေျခာက္ၿမိဳ႕နယ္၌ ၀င္ေရာက္ေျပးဆြဲခြင့္ ပိတ္ပင္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္၊ ေအာက္တိုဘာလမွစ၍ အေပၚအမိုး ၀က္ၿခံကို ျဖဳတ္သိမ္းခိုင္းကာ အမိုးစီး ခရီးသည္ တင္ေဆာင္ ေျပးဆြဲျခင္းကို ဖမ္းဆီးအေရးယူမႈမ်ား ျပဳလုပ္ခဲ့သည္။ ၂၀၁၃ ခုႏွစ္၊ စက္တင္ဘာလတြင္ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔ ပူးေပါင္း၍ ဟိုင္းလပ္ယာဥ္မ်ားအား ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာနယ္ နိမိတ္အတြင္း ၀င္ေရာက္ေျပးဆြဲခြင့္ကို ကန္႔သတ္ခဲ့ၿပီး လက္ရွိေျပးဆြဲမႈကို ယခုႏွစ္ ေဖေဖာ္၀ါရီ ၁၀ ရက္အထိ ခြင့္ျပဳထားကာ အဆိုပါ ရက္ေက်ာ္လြန္ပါက ဟိုင္းလပ္ယာဥ္မ်ား ရန္ကုန္ၿမိဳ႕တြင္းသို႔ ၀င္ေရာက္ ေျပးဆြဲခြင့္ မရွိေတာ့ေၾကာင္း သိရသည္။

 

Ref: Automobile

 

ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈကို ျမင္သာကညနမွ သန္လ်င္ခ႐ုိင္႐ံုးခြဲသို႔ ေျပာင္းလဲျပဳလုပ္ေပးမည္


ဇန္န၀ါရီ ၂၇ ရက္မွစ၍ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈကို ျမင္သာ ကညနမွ သန္လ်င္ကညန႐ံုးခြဲသို႔ ေျပာင္းလဲျပဳလုပ္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ မူ၀ါဒသစ္တြင္ ေမာ္ေတာ္ယာဥ္ သက္တမ္းအလိုက္ အပ္ႏွံခြင့္ေပး ဖြယ္ရွိေသာေၾကာင့္ ကားေဟာင္း အပ္ႏွံသူမ်ားက ယာဥ္အပ္ႏွံမႈကို တိုင္း႐ံုးမ်ား တြင္သာမက ခ႐ိုင္႐ံုး မ်ားတြင္ပါ ျပဳလုပ္ေပးရန္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနထံ အႀကံျပဳတင္ျပခဲ့သည္။ ရန္ကုန္တိုင္းေဒသႀကီး ကညနအေနျဖင့္ သန္လ်င္ကညန ခ႐ိုင္႐ံုးတြင္ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈကို ေျပာင္းေရႊ႕ျပဳလုပ္ေပးျခင္းႏွင့္ ပတ္သက္၍ ကညနမွ တာ၀န္ရွိသူတစ္ဦးက “ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈကို သန္လ်င္ကညနခ႐ိုင္႐ံုးမွာ ေျပာင္းေရႊ႕ ျပဳလုပ္ေပးခဲ့တာက ၿမိဳ႕တြင္းမွာ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့နည္းသြားဖုိ႔အတြက္ ျဖစ္ပါတယ္”ဟု ဆိုခဲ့သည္။ ျမင္သာ ကညန႐ံုးသည္ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈကို ခ႐ိုင္႐ံုးသို႔ ေျပာင္းေရႊ႕ေပးခဲ့ေသာ္လည္း ကနဦး မွတ္ပံုတင္ျခင္းႏွင့္ ယာဥ္သက္တမ္းတိုးျခင္း လုပ္ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

Ref: Auto Mobile

 

ေမတၲာလိႈင္းယာဥ္လိုင္းမွ ထပ္မံတင္သြင္းသည့္ ခရီးသည္တင္ယာဥ္မ်ား LPG ျဖင့္ ေျပာင္းလဲေျပးဆြဲမည္


ေမတၱာလိႈင္းယာဥ္လိုင္းမွ ထပ္မံတင္သြင္းမည့္ ခရီးသည္တင္ယာဥ္မ်ား သဘာ၀ဓာတ္ေငြ႕ ရရွိမႈခက္ခဲပါက LPG ဓာတ္ေငြ႕ရည္ျဖင့္ ေျပာင္းလဲေျပးဆြဲမည္ ျဖစ္ေၾကာင္း ‘ေမတၲာလိႈင္း ခရီးသည္တင္ ယာဥ္လိုင္း’မွ သတင္းရရွိသည္။ အဆိုပါ ယာဥ္လိုင္းတြင္ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလကုန္က ခရီးသည္တင္ယာဥ္ သံုးစီးခန္႔ LPG တပ္ဆင္ခဲ့ၿပီး ထပ္မံ တိုးျမႇင့္တပ္ဆင္သြားမည္ဟု သိရသည္။ ယင္းႏွင့္အတူ LPG ဓာတ္ေငြ႕ရည္ အသံုးျပဳပံုမ်ား၊ သတိျပဳရမည့္ အခ်က္မ်ားကိုလည္း သင္တန္းမ်ား ပို႔ခ်သြားမည္ ျဖစ္ေၾကာင္း သိရသည္။ ဒီ LPG က ႐ိုး႐ိုး ဒီဇယ္၊ ဓာတ္ဆီထက္စာရင္ ေစ်းႏႈန္းလည္း သက္သာၿပီး ဆီစားလည္း သက္သာတဲ့အတြက္ အခုဆိုရင္ ကားေတြကို အဲကြန္းဖြင့္ၿပီး ေမာင္းခိုင္းေနတယ္၊ အဲဒါေၾကာင့္ ခရီးသည္ေတြအေနနဲ႔ သက္ေသာင့္သက္သာ သြားလာႏိုင္သလို ကြၽန္ေတာ္တို႔ယာဥ္လိုင္းကို ေစာင့္စီးမယ့္ ခရီးသည္ေတြလည္း ပိုမ်ားလာႏိုင္တယ္၊ ယာဥ္လုပ္သားေတြကို LPG အသံုးျပဳနည္းေတြ ကြၽန္ေတာ္တို႔ အေသအခ်ာ သင္ေပးထားပါတယ္ ဟု ေမတၱာလိႈင္း ယာဥ္လိုင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ယင္း LPG ဓာတ္ေငြ႕ရည္ကို စတင္တပ္ဆင္လွ်င္ ၁၂၀ လီတာဆံ့ ဂက္စ္အိုး ေလးအိုးမွ ငါးအိုး တပ္ဆင္ႏိုင္ၿပီး ခရီးသည္တင္ယာဥ္ တစ္စီးလွ်င္ က်ပ္ သိန္းႏွစ္ဆယ္ ၀န္းက်င္ခန္႔ ကုန္က်မည္ ျဖစ္ကာ ေနာက္ပိုင္းတြင္ ဂါလန္ျဖင့္ ၀ယ္ယူႏိုင္ေၾကာင္း သိရသည္။ အဆိုပါ ဓာတ္ေငြ႕ရည္ ျဖည့္သြင္းမႈကို ျမန္မာ့ ေရနံႏွင့္ ဓာတုေဗဒလုပ္ငန္း၊ IP ၊ ျမ၀တီႏွင့္ ေရႊသန္လ်င္ ကုမၸဏီတို႔တြင္၀ယ္ယူႏိုင္ၿပီး Powertek Engineering Group ကုမၸဏီမွ Door to Door စနစ္ျဖင့္လည္း ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

Ref: Automobile

 

လူကူးခံုးေက်ာ္တံတားမ်ား ယခု ဘ႑ာေရးႏွစ္အတြင္း ေဆာက္လုပ္ႏိုင္မည္မဟုတ္


၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ ေဆာက္လုပ္ရန္ လ်ာထားေသာ ေလေအးေပးစက္ႏွင့္ စက္ေလွကားမ်ား ပါ၀င္သည့္ လူကူးခံုးေက်ာ္ တံတားမ်ားကို ယခုဘ႑ာႏွစ္ အ တြင္း ေဆာက္လုပ္ႏိုင္မည္ မဟုတ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ’မွ သတင္းရရွိသည္။ ေလေအးေပးစက္ႏွင့္ စက္ေလွကားမ်ား ပါ၀င္သည့္ ခံုးေက်ာ္တံတားမ်ားကို ကမၻာေအးဘုရား လမ္းမေပၚ ဂမုန္းပြင့္ကုန္တိုက္ေရွ႕၊ ပန္းဆိုးတန္းဘက္မွ ကမ္းနားလမ္း အကူးႏွင့္ ဆိပ္ႀကီးခေနာင္တို ေဘာခံတံတားအဆင္းမွ စဥ့္အိုးတန္းဘက္အကူး၌ တည္ေဆာက္သြားမည္ျဖစ္ၿပီး ဦးစားေပးေဆာက္လုပ္မည့္ ဂမုန္းပြင့္ကုန္တိုက္ေရွ႕ လူကူးခံုးေက်ာ္တံတားမွာ တံတားတည္ေဆာက္ရန္ ေျမေနရာ လံုေလာက္မႈမရွိျခင္းႏွင့္ သာသနာေရး ၀န္ႀကီးဌာနပိုင္ေျမမ်ား ျဖစ္ေသာေၾကာင့္ ညႇိႏိႈင္းမႈမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထို႔ျပင္ ပန္းဆိုးတန္္းႏွင့္ စဥ့္အိုးတန္း ခံုးေက်ာ္တံတားမွာလည္း တည္ေဆာက္ေရးဆိုင္ရာ စစ္တမ္းေကာက္ယူမႈ တစ္ႏွစ္ခန္႔ၾကာျမင့္မည္ျဖစ္ရာ ယခု ဘ႑ာႏွစ္တြင္ လူကူးခံုးေက်ာ္ တံတားမ်ား ေဆာက္လုပ္ႏိုင္မည္ မဟုတ္ေၾကာင္း သိရသည္။ သံုးေနရာ သတ္မွတ္ထားေပမဲ့ အရင္ဆံုး ဂမုန္းပြင့္ေရွ႕မွာ ေဆာက္ဖို႔ စီစဥ္ထားတယ္၊ ဒါေပမဲ့ ေျမေနရာ အခက္အခဲက ရွိေနတယ္၊ စႀကႍက က်ဥ္းလြန္းေတာ့ တံတားေဆာက္လိုက္ရင္ ျပည့္သြားမွာ၊ ၿပီးေတာ့ သာသနာေရး ပိုင္ေျမႀကီး ျဖစ္ေနတယ္၊ ဒါေၾကာင့္ ဒီႏွစ္ေတာ့ ေဆာက္ျဖစ္မွာ မဟုတ္ဘူး၊ ၂၀၁၄-၂၀၁၅ မွာေတာ့ တိုင္းေဒသႀကီး ဘတ္ဂ်က္နဲ႔ ဆက္ၿပီးေဆာင္ရြက္မွာပါ”ဟု ‘ၿမိဳ႕ေတာ္စည္ပင္၊ အင္ဂ်င္နီယာဌာန(လမ္း၊တံတား)’ ဒုတိယဌာနမွဴး ဦးမ်ဳိးလြင္က ေျပာသည္။ ရန္ကုန္ၿမိဳ႕တြင္ လူကူးခံုးေက်ာ္တံတား ခုနစ္စင္းရွိၿပီး ဗိုလ္ခ်ဳပ္လမ္းေပၚရွိ သူနာျပဳတကၠသိုလ္ေရွ႕၊ ဗိုလ္ခ်ဳပ္လမ္းေပၚ ဗိုလ္ခ်ဳပ္ေစ်းေရွ႕၊ အေနာ္ရထာလမ္းရွိ သိမ္ႀကီး ေစ်းေရွ႕၊ ဗႏၶဳလလမ္း သိမ္ႀကီးေစ်းေရွ႕၊ ဆူးေလ၊ ေက်ာက္တံတား ရဲစခန္းေရွ႕ႏွင့္ အလံျပဘုရားလမ္း ဒဂံု ၁ ေက်ာင္းေရွ႕ စသည္တို႔တြင္ တည္ေဆာက္ထားကာ အဆိုပါ လူကူး ခံုးေက်ာ္တံတားမ်ားကို အသံုးျပဳမႈ နည္းပါးေၾကာင္း ေတြ႕ရွိ ရသည္။

 

Ref: Automobile

 

ကန္႔သတ္ေနရာမ်ား၌ ယာဥ္ရပ္နားျခင္းေၾကာင့္ ခ်လန္ျဖတ္ အေရးယူထားသည့္ ယာဥ္မ်ား ေလးလအတြင္း ဒဏ္ေၾကးေပးေဆာင္ျခင္း မရွိပါက ယာဥ္ေမာင္းလိုင္စင္ ပိတ္သိမ္းမည္


ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးနယ္နမိတ္ ဧရိယာအတြင္း ကန္႔သတ္ေနရာမ်ား၌ ယာဥ္ရပ္နားျခင္း မ်ားေၾကာင့္ ခ်လန္ျဖတ္ အေရးယူထားသည့္ ေမာ္ေတာ္ယာဥ္ မ်ားအား ေလးလအတြင္း ဒဏ္ေၾကး လာေရာက္ ေပးေဆာင္ျခင္း မရွိပါက ယာဥ္ေမာင္းလိုင္စင္ ပိတ္သိမ္းသည္အထိ အေရးယူသြားမည္ ျဖစ္ေၾကာင္း အမွတ္ ၂ ယာဥ္ထိန္း ရဲတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ သတင္းရရွိသည္။ ၿမိဳ႕ေတာ္စည္ပင္ နယ္နိမိတ္ ဧရိယာအတြင္းရွိ အဓိကလမ္းမႀကီးမ်ား၌ ယာဥ္ရပ္နားမႈမ်ားအား ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္မွ စ၍ ဖမ္းဆီး အေရးယူျခင္းမ်ား ေဆာင္ရြက္ခဲ့ၿပီး ယင္းသို႔ ေဆာင္ရြက္ရာ၌ မဖမ္းဆီးမီ လက္ကိုင္ စပီကာျဖင့္ အသိေပး ေၾကညာခ်က္မ်ားျပဳလုပ္၍ သတ္မွတ္ခ်ိန္ အတြင္း ယာဥ္ပိုင္ရွင္ ေရာက္ရွိလာပါက ခ်လန္ျဖတ္ အေရးယူေၾကာင္းႏွင့္ သတ္မွတ္ခ်ိန္အတြင္း ယာဥ္ပိုင္ရွင္ လာေရာက္ျခင္းမရွိသည့္ ယာဥ္မ်ားကိုမူ ကရိန္းကားျဖင့္ ဆြဲယူကာ ဖမ္းဆီးထိန္းသိမ္းမႈ ျပဳလုပ္ေၾကာင္း သိရသည္။ စည္ပင္ဥပေဒအရ ယာဥ္ေတြကို အေရးယူ ေဆာင္ရြက္တဲ့ေနရာမွာ သတ္မွတ္ခ်ိန္ အတြင္းမွာ ပိုင္ရွင္ ေရာက္လာတဲ့ယာဥ္ကို ခ်လန္ျဖတ္တယ္၊ ခ်လန္ျဖတ္ အေရးယူတဲ့ေနရာမွာ ယာဥ္ေမာင္းရဲ႕ လိုင္စင္ကို ခ်လန္ျဖတ္ အေရးယူတာပါ၊ ေလးလအတြင္းမွာ အဲဒီဒဏ္ေၾကးကို လာေရာက္ေပးေဆာင္ျခင္း မရွိဘူးဆိုရင္ ယာဥ္ေမာင္းလိုင္စင္ကို ပိတ္သိမ္းမွာ ျဖစ္ပါတယ္၊ ယာဥ္ေမာင္းက ဒဏ္ေၾကး လာမေဆာင္ဘဲ အေပ်ာက္ ျပန္ေလွ်ာက္တာ မ်ဳိးေတြ ဘာေတြ လုပ္လို႔မရေအာင္ ကညနဆီလည္း စစ္ေဆးဖမ္းဆီးရရွိၿပီး ဒဏ္ေၾကး လာမေဆာင္တဲ့ စာရင္းေတြ ေပးပို႔ထားမွာ ျဖစ္ပါတယ္ ဟု အမွတ္-၂ ယာဥ္ထိန္း ရဲတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။ ယင္းကဲ့သို႔ လမ္းမႀကီးမ်ားေပၚ၌ စည္းကမ္းမဲ့ယာဥ္ရပ္နားမႈ အေရးယူျခင္းအား စတင္ အေကာင္ အထည္ေဖာ္သည့္ ၂၀၁၃ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္မွ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၅ ရက္အထိ ခ်လန္ျဖတ္ အေရးယူခဲ့သည့္အမႈေပါင္း ၁,၇၈၄ မႈရွိခဲ့ၿပီး ဒဏ္ေၾကး လာေရာက္ ေပးေဆာင္ျခင္း မရွိသည့္ ယာဥ္အစီးေရ ႏွစ္ရာေက်ာ္ရွိေနေၾကာင္း သတင္းရရွိသည္။

 

Ref: Automobile

 

ကေလးၿမိဳ႕တြင္း သံုးတန္အထက္ ယာဥ္မ၀င္ရ သတ္မွတ္ေနရာသို႕ ကုန္တင္ယာဥ္မ်ား ၀င္ေရာက္ပါက အေရးယူမည္


ကေလးၿမိဳ႕တြင္း၌ ယာဥ္ေၾကာ ႐ႈပ္ေထြးမႈ ရွိႏိုင္သည့္ လမ္းေနရာမ်ားတြင္ သံုးတန္ထက္ေက်ာ္ေသာ ယာဥ္မ်ား ၀င္ေရာက္ခြင့္ကို ပိတ္ပင္ထားခဲ့ရာ ယင္းေနရာသို႕ ကုန္တင္ယာဥ္မ်ား အေနျဖင့္ ျဖတ္သန္းသြားလာမႈမ်ား ရွိပါက အေရးယူသြားမည္ ျဖစ္ေၾကာင္း ပုဂၢလိက ေမာ္ေတာ္ယာဥ္မ်ား စနစ္တက် ေျပးဆြဲႏိုင္ေရး ေကာ္မတီ(မ .စ .က) ဥကၠ႒ ဦးစိုး၀င္းက ေျပာၾကားသည္။ ၂၀၁၃ ဒီဇင္ဘာလက စၿပီး သံုးတန္ထက္ယာဥ္ေတြ မ၀င္ရဆိုၿပီး ကေလးၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းနဲ႕ စံျပလမ္းေထာင့္ကေန လမ္းဆံုအထိ တစ္ေနရာ၊ ဘုရားႀကီးလမ္းနဲ႔ ေ၀ဇယႏၲာလမ္းပိုင္းက တစ္ေနရာ၊ ေ၀ဇယႏၲာ လမ္းေထာင့္ကေန လမ္းဆံု မီးပြိဳင့္ေနရာေတြကို သတ္မွတ္ထားပါတယ္၊ အဲဒီေနရာေတြက ယာဥ္သြား ယာဥ္လာမ်ားေတာ့ အထူးသျဖင့္ ကုန္တင္ကား ၾကီးေတြ ၀င္လိုက္ၿပီဆိုရင္ လမ္းက ပိတ္သြားတယ္၊ လမ္းက်ဥ္းတာလည္း ပါတာေပါ့၊ အဲဒါေၾကာင့္မို႕လို႕ အဲဒီေနရာေတြကို မ၀င္ခိုင္းတာပါ ဟု ၎က ရွင္းျပသည္။ ကေလးၿမိဳ႕သည္ ယခုေနာက္ပိုင္း ကာလမ်ား၌ ယာဥ္သြား ယာဥ္လာ မ်ားျပား လာေသာေၾကာင့္ ယာဥ္ေၾကာ ႐ႈပ္ေထြးပိတ္ဆို႔မႈမ်ား မၾကာခဏ ျဖစ္ေပၚလ်က္ရွိၿပီး ယင္းကဲ့သို႕ ယာဥ္ေၾကာ ႐ႈပ္ေထြး ႏိုင္သည့္ ေနရာမ်ားတြင္ သံုးတန္ထက္ေက်ာ္ေသာ ကုန္တင္ကားႀကီးမ်ား ၀င္ေရာက္ျခင္းကို ကန္႔သတ္လိုက္ျခင္းေၾကာင့္ ေဒသတြင္း ခရီးသြားျပည္သူမ်ားအတြက္ အဆင္ေျပမႈရွိခဲ့ေၾကာင္း သိရသည္။ ဗိုလ္ခ်ဳပ္လမ္းပိုင္း မွာဆိုရင္ ေလဆိပ္ေရွ႕ရယ္၊ ၿမိဳ႕မေစ်း ေရွ႕ရယ္က ယာဥ္ေၾကာ ခဏခဏ ပိတ္တယ္၊ အဲဒီေနရာေတြမွာ ယာဥ္ေတြက ႏွစ္ထပ္ေလာက္ ရပ္လိုက္ေတာ့ ကုန္တင္ကား ႀကီးေတြသာ ၀င္လိုက္မယ္ဆိုရင္ ယာဥ္ပိတ္ဆို႕ မႈေတြ ျဖစ္သြားႏိုင္တယ္ ဟု (မ .စ .က) ဥကၠ႒ ဦးစိုး၀င္းက ထပ္မံေျပာၾကားသည္။ အဆိုပါ သံုးတန္အထက္ယာဥ္မ်ား မ၀င္ရ သတ္မွတ္ေနရာမ်ားသို႕ ကုန္တင္ယာဥ္မ်ား ၀င္ေရာက္ပါက ဥပေဒေၾကာင္းအရ တရားစြဲဆိုသြားမည္ျဖစ္ၿပီး ယင္းကဲ့သို႕ အေရးယူမႈသည္ ဒဏ္ေငြ ငါးေသာင္း အထိသာ ခ်မွတ္ႏိုင္ေသာေၾကာင့္ ယာဥ္ေမာင္းမ်ား အေနျဖင့္ စည္းကမ္းလိုက္နာမႈ ပိုမို အားေကာင္းေစရန္ အေျခခံဥပေဒ အား ျပင္ဆင္ရန္ အထူးလိုအပ္ေနေၾကာင္း ဦးစိုး၀င္းက ဆိုသည္။ ထို႔ျပင္ ကေလးၿမိဳ႕၌ ယာဥ္မ်ား ယခင္ထက္ ေပါမ်ားလာေသာေၾကာင့္ ယာဥ္ေၾကာ႐ႈပ္ေထြးမႈ သက္သာေစရန္ ကေလးၿမိဳ႕၊ မင္းရဲေက်ာ္စြာလမ္းမွ တစ္ဆင့္က ေလးၿမိဳ႕နယ္၊ ေတာင္ဖီလာေတာင္ အနီးတစ္၀ိုက္အထိ ၿမိဳ႕ပတ္လမ္း ေဖာက္လုပ္ရန္ သက္ဆိုင္ရာက စီစဥ္ေနေၾကာင္းလည္း သိရွိရသည္။

 

Ref: Automobile

 

တ႐ုတ္ေစ်းကြက္ကို ထိုးေဖာက္ရန္ ECO ကားမ်ား အခရာက်လာမည္ဟု ဂ်ပန္သတင္းစာ သံုးသပ္


ဂ်ပန္ကားကုမၸဏီမ်ားအေနျဖင့္ ကမၻာေပၚတြင္ လူဦးေရအမ်ားဆံုးႏွင့္ အႀကီးမားဆံုး ကားေစ်းကြက္ျဖစ္သည့္ တ႐ုတ္ႏိုင္ငံ၌ ေရာင္းအားတက္လာရန္ ႀကိဳးစားရာတြင္ သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးႏိုင္ေသာ Eco-Friendly ကားမ်ား ထုတ္လုပ္ ေရာင္းခ်ျခင္းက အဓိကက်လာလိမ့္မည္ ဟု ‘ယိုမီအုရီရွင္းဘြန္း သတင္းစာ’ က ဇန္န၀ါရီ ၁၈ ရက္တြင္ သံုးသပ္ေရးသားခဲ့သည္။ ကမၻာ့စူပါ ပါ၀ါျဖစ္လာေသာ တ႐ုတ္ႏိုင္ငံသည္ အက်ဳိးဆက္အေနျဖင့္ ေလထု ညစ္ညမ္းမႈ ျပႆနာႏွင့္ ရင္ဆုိင္ေနရၿပီး ထိုသို႔ သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈ ျဖစ္ရျခင္း၏ အဓိကအခ်က္မွာ စက္႐ံု၊ အလုပ္႐ံုမ်ားမွ ထုတ္လႊတ္ေသာ မီးခိုးမ်ားေၾကာင့္ သာမက လမ္းမမ်ားေပၚ သြားလာေနသည့္ ကားမ်ားမွ ထုတ္လႊတ္ေသာ မီးခိုးေငြ႕မ်ားေၾကာင့္လည္း ျဖစ္သည္။ ထို႔ေၾကာင့္ တ႐ုတ္အစိုးရ အာဏာပိုင္မ်ားသည္ သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈ ျဖစ္ေပၚေစသည့္ သာမန္စက္သံုးဆီသံုးကားမ်ားအစား သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးႏိုင္ေသာ Eco-Friendly ကားမ်ား ထုတ္လုပ္ရန္ ျပည္တြင္း ကုမၸဏီမ်ားကုိ တိုက္တြန္းမႈမ်ား ျပဳလုပ္ထားသည္။ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံ၌ ပထမဆံုးအႀကိမ္အျဖစ္ ကားသစ္စီးေရ သန္း ႏွစ္ဆယ္ခန္႔ ေရာင္းခ်ႏိုင္ခဲ့ၿပီး Volkswagen Group ႏွင့္ General Motors တို႔မွာ စက္သံုးဆီ ေခြၽတာသည့္ Eco-Friendly ကားမ်ားျဖင့္ ေစ်းကြက္ ေ၀စုကို ခြဲေ၀ယူႏိုင္ခဲ့သည္။ ၂၀၁၃ ခုႏွစ္အတြင္း တ႐ုတ္ေစ်းကြက္၌ ေ၀စုအမ်ားဆံုး ရရွိခဲ့သည္မွာ ၄၀.၃ ရာခိုင္ႏႈန္းရွိေသာ ျပည္တြင္းကား အမွတ္တံဆိပ္မ်ားျဖစ္ၿပီး ဂ်ာမန္ အမွတ္တံဆိပ္မ်ားက ၁၈ .၈ ရာခိုင္ႏႈန္း၊ ဂ်ပန္အမွတ္တံဆိပ္မ်ားက ၁၆.၄ ရာခိုင္ႏႈန္းစီ ရရွိခဲ့သည္။

 

Ref: Auto Mobile

 

အာဆီယံတြင္ Chevrolet ေရာင္းအားစံခ်ိန္တင္


အေမရိကန္ထိပ္တန္း ကားကုမၸဏီ ႀကီးတစ္ခုျဖစ္သည့္ Chevrolet သည္ ၂၀၁၃ ခုႏွစ္အတြင္း အေရွ႕ ေတာင္အာရွေဒသ၌ ေရာင္းအား စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္း ‘Bernama သတင္းဌာန’က ဇန္န၀ါရီ ၁၇ ရက္၌ ေရးသားေဖာ္ျပခဲ့သည္။ ဂ်ီအမ္ကုမၸဏီလက္ေအာက္ခံ Chevrolet သည္ ၿပီးခဲ့သည့္ႏွစ္အတြင္း အာဆီယံႏိုင္ငံမ်ား၌ ကားစီးေရ ၈၂,၈၈၄ စီး ေရာင္းခ်ႏိုင္ခဲ့ၿပီး အင္ဒိုနီးရွား ေရာင္းအားမွာ စံခ်ိန္သစ္ ျဖစ္လာခဲ့သည္။ Chevrolet သည္ အင္ဒိုနီးရွားတြင္ ၁၄,၉၇၅ စီး ေရာင္းခ်ႏိုင္ခဲ့ၿပီး ထိုပမာဏမွာ ၂၀၁၂ ေရာင္းအားထက္ ၁၈၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာျခင္း ျဖစ္သလို ဖိလစ္ပိုင္တြင္လည္း ၄,၉၂၆ စီး ေရာင္းခ်ကာ ေရာင္းအား ၅၄ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့သည္။ ထိုင္းတြင္ ၅၆,၃၈၉ စီး ေရာင္းခ်ကာ ေရာင္းအား ၉၇ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ၿပီး လာအိုတြင္လည္း ၁,၀၀၈ စီး ေရာင္းခ်ကာ ေရာင္းအား ၅၂ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။ Chevrolet သည္ အျခား အာဆီယံႏိုင္ငအံမ်ား ျဖစ္သည့္ ကေမၻာဒီးယားႏွင့္ ျမန္မာႏိုင္ငံ တို႔တြင္လည္း ၎တို႔ ကုမၸဏီထုတ္ကားမ်ားအား တင္ပို႔ေရာင္းခ်ႏိုင္ရန္ စီစဥ္ေနသည္ဟု Bernama သတင္းဌာနက ေဖာ္ျပခဲ့သည္။

 

Ref: Auto Mobile

 

အကၡရာ အစဥ္လိုက္အတိုင္းသာ အပ္ႏွံခြင့္ ျပဳဖြယ္ရွိေသာေၾကာင့္ ‘၁က’ ကားမ်ား အ၀ယ္လိုက္


ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ ေပၚလစီသစ္ ထြက္ေပၚမလာေသးသျဖင့္ အကၡရာအစဥ္လိုက္ အတိုင္းသာ အပ္ႏွံဖြယ္ရွိေသာေၾကာင့္ ‘၁က’အကၡရာကားမ်ား အ၀ယ္လိုက္ ေနေၾကာင္း ကား၀ယ္/ေရာင္းမ်ားထံမွ သိရွိရသည္။ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာ ၂၅ ရက္က ‘အ’အကၡရာကားမ်ား အပ္ႏွံခြင့္ေပးမည္ဟု သတင္းထုတ္ျပန္ ခဲ့ျခင္း ႏွင့္အတူ ၂၀၁၄ ခုႏွစ္မွ စ၍ ေမာ္ေတာ္ယာဥ္သက္တမ္းအလိုက္ အပ္ႏွံခြင့္ျပဳမည္ဟု ရထားပို႔ေဆာင္ေရး ၀န္ႀကီးဌာနမွ သတင္းထုတ္ျပန္ခဲ့ေသာ္လည္း သံုးလေက်ာ္ ကာလအထိ မူ၀ါဒသစ္ကို မထုတ္ျပန္ခဲ့ေပ။ ထိုအေျခအေနတြင္ ကား၀ယ္/ေရာင္းမ်ားက အကၡရာအစဥ္လိုက္ အတိုင္းသာ အပ္ႏွံခြင့္ေပးဖြယ္ရွိသည္ဟု ယူဆၾကၿပီး ‘၁က’အကၡရာကား မ်ားကို ၀ယ္ယူေနၾကျခင္း ျဖစ္သည္။ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ မူ၀ါဒအသစ္ ထြက္ေပၚမလာေသးတဲ့ အေျခအေနမွာ ‘၁က’ အကၡရာကား ေတြကို စြန္႔စားၿပီး ၀ယ္ယူလာၾကပါတယ္၊ ေမာ္ေတာ္ယာဥ္သက္တမ္းအလိုက္ အပ္ႏွံခြင့္ျပဳခဲ့တယ္ ဆိုရင္ေတာင္မွ ‘၁က’ ကားေတြက အမ်ားႀကီး အ႐ံႈးေပၚမွာ မဟုတ္ပါဘူး၊ သက္တမ္း အလိုက္ မဟုတ္ဘဲ အကၡရာတစ္ခုခ်င္းစီ ေခၚခဲ့မယ္ဆိုရင္ေတာ့ ‘၁က’ ကားေတြ ေစ်းက သိန္းႏွစ္ဆယ္ေလာက္ ျမင့္တက္သြားမွာ ျဖစ္ပါတယ္ ဟု ကား၀ယ္/ေရာင္း တစ္ဦးက ဆိုခဲ့သည္။ ယခုရက္ပိုင္းအတြင္း ျဖစ္ေပၚေနေသာ ေစ်းကြက္အရ ‘၁က’ အကၡရာကားမ်ားမွာ သိန္း ခုနစ္ဆယ္ ၀န္းက်င္ႏွင့္ အျခား ‘က’တန္း ကားမ်ားမွာ ၆၇ သိန္း ၀န္းက်င္ ေပါက္ေစ်းရွိေၾကာင္း ကား၀ယ္/ေရာင္းမ်ားမွ သိရွိရသည္။

 

Ref: Auto Mobile

 

အိႏၵိယဇိမ္ခံကား ေရာင္းခ်ရမႈ၌ Audi ကို BMW ႐ံႈးနိမ့္ခဲ့ရ


ကမၻာေက်ာ္ ဇိမ္ခံကားအမွတ္တံဆိပ္တစ္ခုျဖစ္သည့္ BMW သည္ ၂၀၁၃ အိႏၵိယဇိမ္ခံကား ေရာင္းခ်ရမႈစာရင္းတြင္ ဂ်ာမန္ျပည္တြင္း ၿပိဳင္ဘက္ Audi ႏွင့္ Mercedes တို႔ကို ႐ံႈးနိမ့္ၿပီး တတိယေနရာတြင္သာ ရပ္တည္ႏိုင္ခဲ့သည္ဟု ‘အိႏၵိယ တိုင္းမ္သတင္းစာ’ က ဇန္န၀ါရီ ၁၇ ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။ ၂၀၁၂ ခုႏွစ္၊ အိႏၵိယဇိမ္ခံ ကားေရာင္းခ်မႈစာရင္း၌ ထိပ္ဆံုးေနရာမွ ရပ္တည္ႏိုင္ခဲ့ေသာ BMW သည္ ၂၀၁၃ ခုႏွစ္တြင္မူ ကားစီးေရ ၇,၃၂၇ စီးသာ ေရာင္းခ်ခဲ့ရေသာေၾကာင့္ တတိယေနရာသို႔ ေရာက္ရွိသြားခဲ့ျခင္း ျဖစ္သည္။ ၂၀၁၃ အိႏၵိယဇိမ္ခံကား ေရာင္းအားစာရင္းတြင္ ထိပ္ဆံုးမွ ရပ္တည္ႏုိင္ခဲ့သူမွာ Audi ျဖစ္ၿပီး စီးေရ ၁၀,၀၀၂ စီးျဖင့္ ယမန္ႏွစ္ကထက္ ေရာင္းအား ၁၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။ ဒုတိယေနရာတြင္ Mercedes က ရပ္တည္ႏိုင္ခဲ့ၿပီး စီးေရ ၉,၀၀၃ စီးျဖင့္ ယမန္ႏွစ္ ေရာင္းအားထက္ ၃၂ ရာခိုင္ႏႈန္း ျမင့္တက္ လာခဲ့သည္။ BMW မွာမူ ၂၀၁၂ ခုႏွစ္ ေရာင္းအားထက္ ၂၂ ရာခိုင္ႏႈန္း ေလ်ာ့နည္းကာ ေရာင္းအား အေကာင္းဆံုးဆုကို ၿပိဳင္ဘက္ကုမၸဏီမ်ားထံ လႊဲေျပာင္းေပး ခဲ့ရသည္။ BMW ၏ေနာက္တြင္ အစဥ္လိုက္ ရပ္တည္ႏိုင္ခဲ့ေသာ ကုမၸဏီမ်ားမွာ စီးေရ ၂,၉၁၃ စီး ေရာင္းခ်ႏိုင္ခဲ့သည္။ Jaguar Land Rover ႏွင့္ ၉၁၃ စီး ေရာင္းခ်ႏိုင္ခဲ့ေသာ Volvo တို႔ ျဖစ္သည္။

 

Ref: Auto Mobile

 

ဆိပ္ကမ္းမွ ကားထုတ္ယူရာတြင္ ယာဥ္ပိုင္ရွင္မ်ား စိတ္ေက်နပ္မႈရွိေစရန္ တာ၀န္ရွိသူမ်ား ေဆာင္ရြက္ေပးေန


ျပည္ပမွ တင္သြင္းလာေသာကားမ်ားကို ဆိပ္ကမ္းမွ ထုတ္ယူရာ၌ ယာဥ္ပိုင္ရွင္မ်ား စိတ္ေက်နပ္မႈရွိေစရန္ တာ၀န္ရွိသူမ်ားက ေဆာင္ရြက္ေပးေနေၾကာင္း ကားတင္သြင္းသူ တစ္ဦးထံမွ သိရွိရသည္။ ဆိပ္ကမ္းမ်ား၌ ပစၥည္း အေပ်ာက္အရွမ်ား ျဖစ္ေပၚေနသျဖင့္ ပို႔ေဆာင္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးက ဆိပ္ကမ္းမ်ား ကို လိုက္လံစစ္ေဆးခဲ့ၿပီး ကားထုတ္ယူသည့္ ပံုစံအခ်ဳိ႕ကိုလည္း ေျပာင္းလဲခဲ့သည္။ MITT ဆိပ္ကမ္းမွာ ကားထုတ္ယူမႈပံုစံ ေျပာင္းလဲသြားခဲ့ပါတယ္၊ ကားထုတ္ယူမယ္ ဆိုရင္ ဆိပ္ကမ္းက တာ၀န္ရွိသူတစ္ေယာက္က ထုတ္ယူမယ့္ကားဆီကို လုိက္ပို႔ေပးၿပီး စိတ္ေက်နပ္မႈရွိမွ ကားကို ထုတ္ေပးပါတယ္၊ ပစၥည္း အေပ်ာက္အရွ ရွိခဲ့ရင္လည္း ေျပလည္တဲ့အထိ ရွင္းေပးမယ္လို႔ ေျပာပါတယ္၊ ဒီလိုေဆာင္ရြက္ေပးတဲ့အတြက္ အရင္ကလို ပစၥည္းအေပ်ာက္အရွရွိမွာ မစိုးရိမ္ရေတာ့ပါဘူး ဟု ေမာ္ေတာ္ယာဥ္ တင္သြင္းသူ ကိုေက်ာ္သီဟက ဆိုခဲ့သည္။ ထိုသို႔ ဆိပ္ကမ္းမွ ကားထုတ္ယူရာတြင္ ကားအတြင္း အျပင္ပါရွိသည့္ ဂ်ဳိက္၊ အပိုဘီး၊ ဂီယာဘုလံုး၊ ေသာ့၊ အခ်က္ျပမီး၊ ႏွင္းခြဲမီး၊ လက္ကိုင္ေခြစသည္တို႔ အပါအ၀င္ Accessories ပစၥည္း စံု၊ မစံုကို ေသခ်ာစစ္ေဆးၿပီး ယာဥ္ပိုင္ရွင္ စိတ္ႀကိဳက္ျဖစ္မွ ထုတ္ယူေပးေနေၾကာင္း ကားတင္သြင္းသူ မ်ားမွတစ္ဆင့္ သိရွိရသည္။

Ref: Auto Mobile

လာမည့္ဘ႑ာေရးႏွစ္ ဘ႑ာေငြရရွိမႈအေပၚ မူတည္၍ ကြန္ကရစ္လမ္းမ်ားေပၚ၌ ကတၱရာထပ္ပိုးလႊာ ခင္းမည္


လာမည့္ ၂၀၁၄-၂၀၁၅ ဘ႑ာ ေရးႏွစ္ ဘ႑ာေငြရရွိမႈအေပၚ မူတည္၍ ရန္ကုန္ၿမိဳ႕ေတာ္အတြင္းရွိ ကြန္ကရစ္လမ္းမ်ားေပၚတြင္ ကတၲရာထပ္ပိုးလႊာမ်ား ခင္းက်င္း သြားမည္ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္းတံတား)’ မွ သတင္းရရွိသည္။ ကြန္ကရစ္လမ္းမ်ား ခင္းက်င္းရာတြင္ ကနဦး ကုန္က်စရိတ္မွာ ကတၱရာလမ္းမ်ား ခင္းက်င္းမႈထက္ မ်ားျပားေသာ္လည္း ႏွစ္စဥ္ ျပင္ဆင္မႈစရိတ္ နည္းပါးသည့္အတြက္ ပ်က္စီးလမ္းႏွင့္ အသစ္ခင္းက်င္းမည့္ လမ္းမ်ားကို ကြန္ကရစ္လမ္းမ်ား ခင္းက်င္းလ်က္ရွိသည္ဟု သိရသည္။ ယခုေနာက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕တြင္းရွိ လမ္းမႀကီး အမ်ားစုကို ကြန္ကရစ္လမ္းမ်ားအျဖစ္ အဆင့္ျမႇင့္တင္ ခင္းက်င္းခဲ့ရာ လာမည့္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္၌ လက္ရွိ ခင္းက်င္းထားေသာ ကြန္ကရစ္လမ္းမ်ားေပၚတြင္ ကတၱရာထပ္ပိုးလႊာမ်ား ခင္းက်င္းမည္ ျဖစ္ေၾကာင္း သိရသည္။ အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား)အေနျဖင့္ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္ အတြက္ ဘ႑ာေငြက်ပ္ သန္းရွစ္ေထာင္ သံုးစြဲရန္ လ်ာထား ေသာ္လည္း သန္း ငါးေထာင္ေက်ာ္သာ ကုန္က်သံုးစြဲခဲ့သည္။ ယခု ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ ေငြက်ပ္ သန္း ေလးေသာင္းေက်ာ္ ကုန္က်သံုးစြဲရန္ လ်ာထားၿပီး ဘ႑ာေရးႏွစ္ ကုန္ဆံုးျခင္း မရွိေသးသည့္အတြက္ ကုန္က်သံုးစြဲမႈ ဘ႑ာေငြ ထုတ္ျပန္ႏိုင္ျခင္းမရွိဘဲ ယင္းဘ႑ာေငြျဖင့္ ယခု ဘ႑ာေရးႏွစ္အတြင္း ရန္ကုန္ၿမိဳ႕တြင္းရွိ လမ္းေပါင္း သံုးရာေက်ာ္ကို ကြန္ကရစ္လမ္းအျဖစ္ ခင္းက်င္းခဲ့ေၾကာင္း၊ လာမည့္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္၌ ယင္းလမ္း သံုးရာေက်ာ္ကို ကတၱရာ ထပ္ပိုးလႊာမ်ား ခင္းက်င္းမည္ ျဖစ္ေၾကာင္း သိရသည္။

 

Ref: Auto mobile

 

ဥေရာပႏွင့္ အေမရိကန္တို႔မွ ေမာ္ေတာ္ယာဥ္မ်ား ျပည္တြင္းသို႔ တင္သြင္းႏုိင္ရန္ ေဟာင္ေကာင္ အေျခစိုက္သေဘၤာလိုင္းမွ ၀န္ေဆာင္မႈေပးမည္


ျပည္တြင္းသို႔ ေမာ္ေတာ္ယာဥ္တင္သြင္းရာ၌ အာရွႏိုင္ငံမ်ားအျပင္ ဥေရာပႏွင့္ အေမရိကန္တို႔မွ ေမာ္ေတာ္ယာဥ္မ်ားပါ တင္သြင္းႏိုင္မည့္ ၀န္ေဆာင္မႈကို ေဟာင္ေကာင္ အေျခစိုက္ သေဘၤာလိုင္းမွ ေပးမည္ျဖစ္ေၾကာင္း ‘Golden Land Express Limited’ မွ သိရသည္။ လက္ရွိ ျပည္တြင္းသို႔ ေမာ္ေတာ္ယာဥ္တင္သြင္းရာ၌ ဂ်ပန္ႏွင့္ စင္ကာပူကဲ့သို႔ အာရွႏိုင္ငံမ်ားကိုသာ အဓိကထား သယ္ယူပို႔ေဆာင္ေပးလ်က္ရွိၿပီး ယခုအခါ Sinor သေဘၤာလိုင္းမွ ဥေရာပႏွင့္ အေမရိကန္တို႔မွ ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းႏိုင္ရန္ ၀န္ေဆာင္မႈေပးမည္ဟု သိရသည္။ “အခု ဂ်ပန္၊ စင္ကာပူ၊ ရန္ကုန္ ခရီးစဥ္အျပင္ ဒီလကုန္မွာ ကိုရီးယား၊ ထိုင္းနဲ႔ ဒူဘိုင္းက ေမာ္ေတာ္ယာဥ္ေတြ သယ္ယူပို႔ေဆာင္ဖို႔ ေဆာင္ရြက္ထားပါတယ္၊ ဆက္ၿပီး အေမရိကန္နဲ႔ ဥေရာပဘက္က ကား တင္သြင္းခ်င္သူေတြအတြက္လည္း ေဆာင္ရြက္သြားမွာပါ”ဟု ‘Golden Land Express Limited’ ဒုတိယဥကၠ႒ ဦးေအာင္ေဇာ္ဦးက ဆိုသည္။ Sinor Line သေဘၤာလိုင္းသည္ စင္ကာပူႏုိင္ငံတြင္ မွတ္ပံုတင္ထားသည့္ ကုမၸဏီတစ္ခုျဖစ္ၿပီး ေဟာင္ေကာင္အေျခစိုက္ သေဘၤာလိုင္းျဖစ္ကာ ျမန္မာႏိုင္ငံသို႔ ေရေၾကာင္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္း၌ Golden Land Express Limited ႏွင့္ ပူးေပါင္းေဆာင္ရြက္ ထားေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသို႔ စတင္ေျပးဆြဲသည့္ ၂၀၁၂ ခုႏွစ္၊ ေအာက္တိုဘာလမွ လက္ရွိအခ်ိန္အထိ ေမာ္ေတာ္ယာဥ္အစီးေရ ငါးေထာင္ခန္႔ သယ္ယူေပးပို႔ခဲ့ၿပီး ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

Ref: Auto mobile

 

၂၀၃၅ ခုႏွစ္မွသာ BRT စနစ္ျဖင့္ ရန္ကုန္ၿမိဳ႕တြင္း ယာဥ္လိုင္းေျပးဆြဲမႈ အေကာင္အထည္ေဖာ္ႏိုင္မည္


ႏွစ္ရွည္စီမံကိန္းအျဖစ္ ေရးဆြဲေဆာင္ရြက္ေနေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ေတာ္အတြင္း BRT စနစ္ျဖင့္ ယာဥ္လုိင္းေျပးဆြဲမႈကို လာမည့္ ၂၀၃၅ ခုႏွစ္မွသာ အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ႏိုင္မည္ဟု ‘ရန္ကုန္ၿမိဳ႕ျပ သယ္ယူပို႔ေဆာင္ေရးဖြံ႕ၿဖိဳးမႈ စီမံကိန္းေရးဆြဲေရးအဖြဲ႕(YUTRA)’မွ သတင္းရရွိသည္။ အဆိုပါအဖြဲ႕ အေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္း ဘတ္စ္ကား အျမန္လမ္းေၾကာင္း ေမာင္းႏွင္သည့္စနစ္ BRT က်င့္သံုးႏိုင္ရန္ ၂၀၁၃ ခုႏွစ္အတြင္း စစ္တမ္းေကာက္ယူခဲ့ေသာ္လည္း ၿမိဳ႕ပတ္ လမ္းေၾကာင္းမ်ား ထပ္မံခ်ဲ႕ထြင္ႏိုင္ရန္ လံုေလာက္မႈ မရွိျခင္းႏွင့္ ၿမိဳ႕ပတ္လမ္းေၾကာင္းမ်ား တိုးခ်ဲ႕ေဖာက္လုပ္ရန္ ေျမေနရာခက္ခဲ့သည့္အတြက္ စီမံကိန္းေရး ဆြဲေလ့လာ မႈမ်ားအရ ၂၀၃၅ ခုႏွစ္မွသာ လမ္းေၾကာင္းသစ္မ်ား ေဖာက္လုပ္ႏိုင္ၿပီး ဘတ္စ္ကား အျမန္လမ္းေၾကာင္း ေမာင္းႏွင္သည့္စနစ္ က်င့္သံုးႏိုင္မည္ ျဖစ္ ေၾကာင္း သိရသည္။ BRT စနစ္ကို အရင္က ကာလတိုအေနနဲ႔ ေဆာင္ရြက္ဖို႔ စီစဥ္ထားပါတယ္၊ ခရီးသည္ တင္ယာဥ္ ေတြအားလံုး ၿမိဳ႕ထဲကိုပဲ ဦးတည္သြား တဲ့အတြက္ BRT စနစ္ က်င့္သံုးရင္လည္း ၿမိဳ႕ထဲကို ဦးတည္ေပးရမွာပါ၊ ဒါေပမဲ့ ၿမိဳ႕ထဲက လမ္းေတြက အရမ္းက်ဥ္းတဲ့အျပင္ လမ္းေၾကာင္းသစ္ ေဖာ္လို႔မရတဲ့အတြက္ လမ္းလည္း ခ်ဲ႕လို႔မရေတာ့ဘူး၊ ဒါေၾကာင့္ လမ္းသစ္ေတြေဖာက္လုပ္ၿပီး စီးႏုိင္တဲ့ ၂၀၃၅ ခုႏွစ္မွသာ ဒီစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ မွာပါ”ဟု ရန္ကုန္ၿမိဳ႕ျပ သယ္ယူပို႔ေဆာင္ေရး ဖြံ႕ၿဖိဳးမႈစီမံကိန္း ေရးဆြဲေရးအဖြဲ႕ ေခါင္းေဆာင္၊ JICA အဖြဲ႕မွ မစၥတာ တာကာရွိ႐ိႈးရာမက ေျပာသည္။ အဆိုပါ BRT စနစ္က်င့္သံုးရန္ ယခင္က ရန္ကုန္-ျပည္ လမ္းမ တစ္ေလွ်ာက္ကို ေရြးခ်ယ္မႈမ်ား ျပဳလုပ္ထားေသာ္လည္း ဆိုင္းငံ့ထားေၾကာင္း၊ ရန္ကုန္ၿမိဳ႕ျပ သယ္ယူပို႔ေဆာင္ေရးဖြံ႕ၿဖိဳးမႈ စီမံကိန္းေရးဆြဲေရး ပညာရွင္မ်ားက ၂၀၃၅ ခုႏွစ္တြင္ ရန္ကုန္ ၿမိဳ႕တြင္း အခ်က္အခ်ာက်သည့္ ေနရာမ်ားကို BRT စနစ္ျဖင့္ ဦးတည္ေျပးဆြဲႏိုင္မည့္ လမ္းသစ္ငါးခုခန္႔ ေပၚလာမည္ျဖစ္သည့္အျပင္ မီးရထား လမ္းေၾကာင္းသစ္ မ်ားကိုလည္း BRT စနစ္ျဖင့္ ေျပးဆြဲႏိုင္ရန္ စီမံကိန္းေရးဆြဲ စီစဥ္သြားမည္ျဖစ္ေၾကာင္း အထက္ပါ ဌာနမွ သတင္းရရွိသည္။

 

Ref: Automobile

 

အထပ္ျမင့္ကားပါကင္ တည္ေဆာက္ခြင့္ျပဳရန္ ရန္ကုန္ၿမိဳ႕တြင္း ေနရာသံုးေနရာ ပဏာမေရြးခ်ယ္


အထပ္ျမင့္ ကားပါကင္ တည္ေဆာက္ခြင့္ျပဳရန္ ရန္ကုန္ၿမိဳ႕တြင္းရွိ ေနရာသံုးေနရာကို ပဏာမေရြး ခ်ယ္ထားေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ’မွ သတင္းရရွိသည္။ ရန္ကုန္ၿမိဳ႕တြင္း ျဖစ္ေပၚလ်က္ရွိေသာ ယာဥ္ေၾကာက်ပ္တည္းမႈမ်ားကို ေျဖရွင္းရန္ မီးပြိဳင့္စနစ္ ျပင္ဆင္ျခင္း၊ လမ္းသားခ်ဲ႕ထြင္ျခင္း၊ ခံုးေက်ာ္တံတား တည္ေဆာက္ျခင္းႏွင့္ စည္းကမ္းမဲ့ယာဥ္မ်ား အေရးယူျခင္းတုိ႔အျပင္ ယာဥ္အစီးေရ မ်ားျပားလာမႈအေပၚ ကားရပ္ရန္ ေနရာလိုအပ္ခ်က္မ်ားရွိလာရာ ေျမေနရာ အခက္အခဲ ရွိေသာ္လည္း ရန္ကုန္ၿမိဳ႕တြင္း၌ အထပ္ျမင့္ကားပါကင္မ်ား တည္ေဆာက္ ရန္ခြင့္ျပဳေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ အထပ္ျမင့္ ကားပါကင္ တည္ေဆာက္ဖို႔က ညႇိႏိႈင္းစရာေတြက အမ်ားႀကီး၊ ေနရာေရြးခ်ယ္မႈကလည္း လိုေသးတယ္၊ ေျမေနရာရွိၿပီး ပါကင္ေဆာက္လိုက္ေပမဲ့ ရပ္နားမယ့္ ယာဥ္မရွိရင္ မျဖစ္ဘူး၊ ရန္ကုန္ၿမိဳ႕ရဲ႕ ေျမေနရာကလည္း ရွာရခက္တယ္၊ အဓိက ကေတာ့ ေျမေနရာမရွိလို႔ ၾကာေနတာ၊ ၂၀ ၁၄-၂၀၁၅ ဘ႑ာႏွစ္အတြင္းမွာေတာ့ စၿပီး ေဆာက္သြားမွာ၊ အခုေတာ့ ယာဥ္ေၾကာက်ပ္တည္းမႈနဲ႔ ပါကင္လိုအပ္တယ္လို႔ ထင္တဲ့ ေနရာသံုးခုကို ပဏာမ ေရြးခ်ယ္ထားတယ္၊ ဥပမာ လွည္းတန္းလိုေနရာမ်ဳိးေပါ႔ ဟု ‘ၿမိဳ႕ေတာ္စည္ပင္၊ အင္ဂ်င္နီယာဌာန(လမ္းတံတား)’ ဌာနမွဴး ဦးခင္ေမာင္ၾကည္က ေျပာသည္။ ယာဥ္ေၾကာက်ပ္တည္းမႈႏွင့္ ပတ္သက္၍ “အမ်ားဆံုးက်ပ္တာ ကုကၠိဳင္းနဲ႔ တကၠသိုလ္ရိပ္သာ လမ္းဆံု၊ ၿပီးရင္ လွည္းတန္း၊ ဆူးေလ၊ ဆူးေလက လွည္းတန္းေလာက္ မက်ပ္ဘူး၊ တကၠစီေတြက လမ္းေဘးရပ္တာနဲ႔ သြားတာရွိေနမွာပဲ၊ ကားပါကင္က အိမ္စီးကားနဲ႔ လုပ္ငန္းသံုး ကားေတြအတြက္ အဆင္ေျပမွာေပါ႔၊ လမ္းေဘးရပ္တာ ရွင္းသြားရင္ ယာဥ္လမ္းေၾကာင္း ပိုသံုးလို႔ရတာေပါ႔”ဟု အငွားယာဥ္ေမာင္း တစ္ဦးက ေျပာသည္။ အထပ္ျမင့္ ကားပါကင္မ်ားကို ယာဥ္ေၾကာက်ပ္တည္းမႈ အမ်ားဆံုးႏွင့္ လမ္းမ်က္ႏွာစာ ယာဥ္ရပ္နားမႈ အမ်ားဆံုးျဖစ္သည့္ ေနရာမ်ားတြင္ တည္ေဆာက္မည္ျဖစ္ၿပီး ကနဦးအေနျဖင့္ လွည္းတန္း လမ္းဆံုအနီး၊ ဆူးေလႏွင့္ အလံုၿမိဳ႕နယ္တို႔ကို ေရြးခ်ယ္ထားေၾကာင္း သိရသည္။ သို႔ေသာ္ ၿမိဳ႕ေတာ္စည္ပင္ အင္ဂ်င္နီယာဌာန (အေဆာက္အအံု)မွ တာ၀န္ရွိသူ တစ္ဦးကမူ အထပ္ျမင့္ ကားပါကင္မ်ားမွာ ေရွးေဟာင္း အေဆာက္အအံုမ်ား၏ ျမင္ကြင္းကြယ္မႈ ျဖစ္ပြားႏိုင္သည့္အတြက္ တည္ေဆာက္ရန္ မျဖစ္ႏိုင္ေၾကာင္း သံုးသပ္ခဲ့သည္။

 

Ref: Auto mobile

 

 

 

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week



  • ဟိုင်းလပ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့် ကန့်သတ်မှုကြောင့် ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ



  • ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို မြင်သာကညနမှ သန်လျင်ခရိုင်ရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည်



  • မေတၲာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းသည့် ခရီးသည်တင်ယာဉ်များ LPG ဖြင့် ပြောင်းလဲပြေးဆွဲမည်



  • လူကူးခုံးကျော်တံတားများ ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်နိုင်မည်မဟုတ်



  • ကလေးမြို့တွင်း သုံးတန်အထက် ယာဉ်မဝင်ရ သတ်မှတ်နေရာသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ပါက အရေးယူမည်



  • တရုတ်စျေးကွက်ကို ထိုးဖောက်ရန် ECO ကားများ အခရာကျလာမည်ဟု ဂျပန်သတင်းစာ သုံးသပ်



  • အာဆီယံတွင် Chevrolet ရောင်းအားစံချိန်တင်



  • အက္ခရာ အစဉ်လိုက်အတိုင်းသာ အပ်နှံခွင့် ပြုဖွယ်ရှိသောကြောင့် ‘၁က’ ကားများ အဝယ်လိုက်



  • အိန္ဒိယဇိမ်ခံကား ရောင်းချရမှု၌ Audi ကို BMW ရှုံးနိမ့်ခဲ့ရ



  • ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် ယာဉ်ပိုင်ရှင်များ စိတ်ကျေနပ်မှုရှိစေရန် တာဝန်ရှိသူများ ဆောင်ရွက်ပေးနေ



  • လာမည့်ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်လမ်းများပေါ်၌ ကတ္တရာထပ်ပိုးလွှာ ခင်းမည်



  • ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ ပြည်တွင်းသို့ တင်သွင်းနိုင်ရန် ဟောင်ကောင် အခြေစိုက် သင်္ဘောလိုင်းမှ ဝန်ဆောင်မှုပေးမည်



  • ၂ဝ၃၅ ခုနှစ်မှသာ BRT စနစ်ဖြင့် ရန်ကုန်မြို့တွင်း ယာဉ်လိုင်းပြေးဆွဲမှု အကောင်အထည်ဖော်နိုင်မည်



  • အထပ်မြင့်ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်း နေရာသုံးနေရာ ပဏာမရွေးချယ်



 

ဟိုင်းလပ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့် ကန့်သတ်မှုကြောင့် ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ


ခရီးသည်တင် ဟိုင်းလပ်ယာဉ်များကို ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တွင်း ဝင်ရောက်ပြေးဆွဲခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ခရီးသည်များ နှင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကုန်တင်ယာဉ် အငယ်စား ယာဉ်များ ဖြစ်သည့်အတွက် ခရီးသည်တင်ဆောင်ပြေးဆွဲရန် ယာဉ်အနၲရာယ် လုံခြုံစိတ်ချမှု မရှိသော်လည်း ယခင်က မြန်မာနိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒ ကန့်သတ်ချက်များနှင့် အခြားလို အပ်ချက်များကြောင့် အဆိုပါ ယာဉ်များကို ခရီးသည်တင်ယာဉ်အဖြစ် အသုံးပြုခဲ့ရကြောင်း၊ ယခုအခါ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒ အပြောင်းအလဲများအလိုက် မြို့တွင်းဘတ်စ်ကားနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်တင်သွင်းမှုများ ရှိလာသည့်အတွက် ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲစေခြင်းနှင့် ခရီးသည် တင်ဆောင် ပြေးဆွဲရန် လုံခြုံစိတ်ချရမှု မရှိသည့် ဟိုင်းလပ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့်ကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အလိုက် ချိတ်ဆက်ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်း၌ ယာဉ်အစီးရေ ၈၅ဝ ရှိကြောင်း၊ ယင်းတို့အနက် အစီးရေ ငါးရာကျော်မှာ ယာဉ်ဟောင်းအပ်နှံကာ မီနီဘတ်စ်များ တင်သွင်းလိုသော်လည်း အစီးရေအလိုက် ပေးသွင်းရမည့် ငွေကြေးနှင့် ဘဏ်အတိုးနှုန်းများကို စိုးရိမ်လျက်ရှိနေကြကြောင်း၊ အပ်နှံခြင်းမပြုသည့် ယာဉ်များအနေဖြင့်လည်း ပဲခူး တိုင်းဒေသကြီး ဂိတ်စမှ ထောက်ကြန့်လမ်းဆုံ ဂိတ်ဆုံး အထိသာ ပြေးဆွဲရမည် ဖြစ်သည့်အတွက် ယခင် နေ့စဉ်ဝင်ငွေကို ထိခိုက်မှု ရှိနိုင်သည့်အပြင် ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ လက်ရှိ ပြေးဆွဲနေသော ‘ခ’ လိုင်စင် ခရီးသည် တင်ယာဉ်မှ ‘က’ လိုင်စင် ကုန်တင်ယာဉ်အဖြစ် ပြောင်းလဲပါကလည်း အဆင်ပြေနိုင်မည်မဟုတ်ကြောင်း ယာဉ်မောင်းများက ဆိုသည်။ ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များကို ၂ဝဝ၉ ခုနှစ်တွင် မြို့တွင်း ခြောက်မြို့နယ်၌ ဝင်ရောက်ပြေးဆွဲခွင့် ပိတ်ပင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပေါ်အမိုး ဝက်ခြံကို ဖြုတ်သိမ်းခိုင်းကာ အမိုးစီး ခရီးသည် တင်ဆောင် ပြေးဆွဲခြင်းကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဟိုင်းလပ်ယာဉ်များအား ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ်အတွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ကန့်သတ်ခဲ့ပြီး လက်ရှိပြေးဆွဲမှုကို ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်အထိ ခွင့်ပြုထားကာ အဆိုပါ ရက်ကျော်လွန်ပါက ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက် ပြေးဆွဲခွင့် မရှိတော့ကြောင်း သိရသည်။

 

Ref: Automobile

 

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို မြင်သာကညနမှ သန်လျင်ခရိုင်ရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည်


ဇန်နဝါရီ ၂၇ ရက်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို မြင်သာ ကညနမှ သန်လျင်ကညနရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒသစ်တွင် မော်တော်ယာဉ် သက်တမ်းအလိုက် အပ်နှံခွင့်ပေး ဖွယ်ရှိသောကြောင့် ကားဟောင်း အပ်နှံသူများက ယာဉ်အပ်နှံမှုကို တိုင်းရုံးများ တွင်သာမက ခရိုင်ရုံး များတွင်ပါ ပြုလုပ်ပေးရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံ အကြံပြုတင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကညနအနေဖြင့် သန်လျင်ကညန ခရိုင်ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ပြောင်းရွှေ့ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ကညနမှ တာဝန်ရှိသူတစ်ဦးက “ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို သန်လျင်ကညနခရိုင်ရုံးမှာ ပြောင်းရွှေ့ ပြုလုပ်ပေးခဲ့တာက မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားဖို့အတွက် ဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။ မြင်သာ ကညနရုံးသည် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ခရိုင်ရုံးသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း ကနဦး မှတ်ပုံတင်ခြင်းနှင့် ယာဉ်သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Ref: Auto Mobile

 

မေတၲာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းသည့် ခရီးသည်တင်ယာဉ်များ LPG ဖြင့် ပြောင်းလဲပြေးဆွဲမည်


မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ သဘာဝဓာတ်ငွေ့ ရရှိမှုခက်ခဲပါက LPG ဓာတ်ငွေ့ရည်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ကြောင်း ‘မေတၲာလှိုင်း ခရီးသည်တင် ယာဉ်လိုင်း’မှ သတင်းရရှိသည်။ အဆိုပါ ယာဉ်လိုင်းတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်က ခရီးသည်တင်ယာဉ် သုံးစီးခန့် LPG တပ်ဆင်ခဲ့ပြီး ထပ်မံ တိုးမြှင့်တပ်ဆင်သွားမည်ဟု သိရသည်။ ယင်းနှင့်အတူ LPG ဓာတ်ငွေ့ရည် အသုံးပြုပုံများ၊ သတိပြုရမည့် အချက်များကိုလည်း သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ ဒီ LPG က ရိုးရိုး ဒီဇယ်၊ ဓာတ်ဆီထက်စာရင် စျေးနှုန်းလည်း သက်သာပြီး ဆီစားလည်း သက်သာတဲ့အတွက် အခုဆိုရင် ကားတွေကို အဲကွန်းဖွင့်ပြီး မောင်းခိုင်းနေတယ်၊ အဲဒါကြောင့် ခရီးသည်တွေအနေနဲ့ သက်သောင့်သက်သာ သွားလာနိုင်သလို ကျွန်တော်တို့ယာဉ်လိုင်းကို စောင့်စီးမယ့် ခရီးသည်တွေလည်း ပိုများလာနိုင်တယ်၊ ယာဉ်လုပ်သားတွေကို LPG အသုံးပြုနည်းတွေ ကျွန်တော်တို့ အသေအချာ သင်ပေးထားပါတယ် ဟု မေတ္တာလှိုင်း ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း LPG ဓာတ်ငွေ့ရည်ကို စတင်တပ်ဆင်လျှင် ၁၂ဝ လီတာဆံ့ ဂက်စ်အိုး လေးအိုးမှ ငါးအိုး တပ်ဆင်နိုင်ပြီး ခရီးသည်တင်ယာဉ် တစ်စီးလျှင် ကျပ် သိန်းနှစ်ဆယ် ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ကာ နောက်ပိုင်းတွင် ဂါလန်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ ဓာတ်ငွေ့ရည် ဖြည့်သွင်းမှုကို မြန်မာ့ ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၊ IP ၊ မြဝတီနှင့် ရွှေသန်လျင် ကုမ္ပဏီတို့တွင်ဝယ်ယူနိုင်ပြီး Powertek Engineering Group ကုမ္ပဏီမှ Door to Door စနစ်ဖြင့်လည်း ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

Ref: Automobile

 

လူကူးခုံးကျော်တံတားများ ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်နိုင်မည်မဟုတ်


၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် လျာထားသော လေအေးပေးစက်နှင့် စက်လှေကားများ ပါဝင်သည့် လူကူးခုံးကျော် တံတားများကို ယခုဘဏ္ဍာနှစ် အ တွင်း ဆောက်လုပ်နိုင်မည် မဟုတ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်းရရှိသည်။ လေအေးပေးစက်နှင့် စက်လှေကားများ ပါဝင်သည့် ခုံးကျော်တံတားများကို ကမ္ဘာအေးဘုရား လမ်းမပေါ် ဂမုန်းပွင့်ကုန်တိုက်ရှေ့၊ ပန်းဆိုးတန်းဘက်မှ ကမ်းနားလမ်း အကူးနှင့် ဆိပ်ကြီးခနောင်တို ဘောခံတံတားအဆင်းမှ စဉ့်အိုးတန်းဘက်အကူး၌ တည်ဆောက်သွားမည်ဖြစ်ပြီး ဦးစားပေးဆောက်လုပ်မည့် ဂမုန်းပွင့်ကုန်တိုက်ရှေ့ လူကူးခုံးကျော်တံတားမှာ တံတားတည်ဆောက်ရန် မြေနေရာ လုံလောက်မှုမရှိခြင်းနှင့် သာသနာရေး ဝန်ကြီးဌာနပိုင်မြေများ ဖြစ်သောကြောင့် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပန်းဆိုးတန်းနှင့် စဉ့်အိုးတန်း ခုံးကျော်တံတားမှာလည်း တည်ဆောက်ရေးဆိုင်ရာ စစ်တမ်းကောက်ယူမှု တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ရာ ယခု ဘဏ္ဍာနှစ်တွင် လူကူးခုံးကျော် တံတားများ ဆောက်လုပ်နိုင်မည် မဟုတ်ကြောင်း သိရသည်။ သုံးနေရာ သတ်မှတ်ထားပေမဲ့ အရင်ဆုံး ဂမုန်းပွင့်ရှေ့မှာ ဆောက်ဖို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ မြေနေရာ အခက်အခဲက ရှိနေတယ်၊ င်္စြကံက ကျဉ်းလွန်းတော့ တံတားဆောက်လိုက်ရင် ပြည့်သွားမှာ၊ ပြီးတော့ သာသနာရေး ပိုင်မြေကြီး ဖြစ်နေတယ်၊ ဒါကြောင့် ဒီနှစ်တော့ ဆောက်ဖြစ်မှာ မဟုတ်ဘူး၊ ၂ဝ၁၄-၂ဝ၁၅ မှာတော့ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ဆက်ပြီးဆောင်ရွက်မှာပါ”ဟု ‘မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား)’ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား ခုနစ်စင်းရှိပြီး ဗိုလ်ချုပ်လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ်ရှေ့၊ ဗိုလ်ချုပ်လမ်းပေါ် ဗိုလ်ချုပ်စျေးရှေ့၊ အနော်ရထာလမ်းရှိ သိမ်ကြီး စျေးရှေ့၊ ဗန္ဓုလလမ်း သိမ်ကြီးစျေးရှေ့၊ ဆူးလေ၊ ကျောက်တံတား ရဲစခန်းရှေ့နှင့် အလံပြဘုရားလမ်း ဒဂုံ ၁ ကျောင်းရှေ့ စသည်တို့တွင် တည်ဆောက်ထားကာ အဆိုပါ လူကူး ခုံးကျော်တံတားများကို အသုံးပြုမှု နည်းပါးကြောင်း တွေ့ရှိ ရသည်။

 

Ref: Automobile

 

ကန့်သတ်နေရာများ၌ ယာဉ်ရပ်နားခြင်းကြောင့် ချလန်ဖြတ် အရေးယူထားသည့် ယာဉ်များ လေးလအတွင်း ဒဏ်ကြေးပေးဆောင်ခြင်း မရှိပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းမည်


ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်နမိတ် ဧရိယာအတွင်း ကန့်သတ်နေရာများ၌ ယာဉ်ရပ်နားခြင်း များကြောင့် ချလန်ဖြတ် အရေးယူထားသည့် မော်တော်ယာဉ် များအား လေးလအတွင်း ဒဏ်ကြေး လာရောက် ပေးဆောင်ခြင်း မရှိပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။ မြို့တော်စည်ပင် နယ်နိမိတ် ဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများ၌ ယာဉ်ရပ်နားမှုများအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စ၍ ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်ရာ၌ မဖမ်းဆီးမီ လက်ကိုင် စပီကာဖြင့် အသိပေး ကြေညာချက်များပြုလုပ်၍ သတ်မှတ်ချိန် အတွင်း ယာဉ်ပိုင်ရှင် ရောက်ရှိလာပါက ချလန်ဖြတ် အရေးယူကြောင်းနှင့် သတ်မှတ်ချိန်အတွင်း ယာဉ်ပိုင်ရှင် လာရောက်ခြင်းမရှိသည့် ယာဉ်များကိုမူ ကရိန်းကားဖြင့် ဆွဲယူကာ ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ကြောင်း သိရသည်။ စည်ပင်ဥပဒေအရ ယာဉ်တွေကို အရေးယူ ဆောင်ရွက်တဲ့နေရာမှာ သတ်မှတ်ချိန် အတွင်းမှာ ပိုင်ရှင် ရောက်လာတဲ့ယာဉ်ကို ချလန်ဖြတ်တယ်၊ ချလန်ဖြတ် အရေးယူတဲ့နေရာမှာ ယာဉ်မောင်းရဲ့ လိုင်စင်ကို ချလန်ဖြတ် အရေးယူတာပါ၊ လေးလအတွင်းမှာ အဲဒီဒဏ်ကြေးကို လာရောက်ပေးဆောင်ခြင်း မရှိဘူးဆိုရင် ယာဉ်မောင်းလိုင်စင်ကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်၊ ယာဉ်မောင်းက ဒဏ်ကြေး လာမဆောင်ဘဲ အပျောက် ပြန်လျှောက်တာ မျိုးတွေ ဘာတွေ လုပ်လို့မရအောင် ကညနဆီလည်း စစ်ဆေးဖမ်းဆီးရရှိပြီး ဒဏ်ကြေး လာမဆောင်တဲ့ စာရင်းတွေ ပေးပို့ထားမှာ ဖြစ်ပါတယ် ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ယာဉ်ရပ်နားမှု အရေးယူခြင်းအား စတင် အကောင် အထည်ဖော်သည့် ၂ဝ၁၃ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ ချလန်ဖြတ် အရေးယူခဲ့သည့်အမှုပေါင်း ၁,၇၈၄ မှုရှိခဲ့ပြီး ဒဏ်ကြေး လာရောက် ပေးဆောင်ခြင်း မရှိသည့် ယာဉ်အစီးရေ နှစ်ရာကျော်ရှိနေကြောင်း သတင်းရရှိသည်။

 

Ref: Automobile

 

ကလေးမြို့တွင်း သုံးတန်အထက် ယာဉ်မဝင်ရ သတ်မှတ်နေရာသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ပါက အရေးယူမည်


ကလေးမြို့တွင်း၌ ယာဉ်ကြော ရှုပ်ထွေးမှု ရှိနိုင်သည့် လမ်းနေရာများတွင် သုံးတန်ထက်ကျော်သော ယာဉ်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ရာ ယင်းနေရာသို့ ကုန်တင်ယာဉ်များ အနေဖြင့် ဖြတ်သန်းသွားလာမှုများ ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီ(မ .စ .က) ဥက္ကဌ ဦးစိုးဝင်းက ပြောကြားသည်။ ၂ဝ၁၃ ဒီဇင်ဘာလက စပြီး သုံးတန်ထက်ယာဉ်တွေ မဝင်ရဆိုပြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းနဲ့ စံပြလမ်းထောင့်ကနေ လမ်းဆုံအထိ တစ်နေရာ၊ ဘုရားကြီးလမ်းနဲ့ ဝေဇယနၲာလမ်းပိုင်းက တစ်နေရာ၊ ဝေဇယနၲာ လမ်းထောင့်ကနေ လမ်းဆုံ မီးပွိုင့်နေရာတွေကို သတ်မှတ်ထားပါတယ်၊ အဲဒီနေရာတွေက ယာဉ်သွား ယာဉ်လာများတော့ အထူးသဖြင့် ကုန်တင်ကား ကြီးတွေ ဝင်လိုက်ပြီဆိုရင် လမ်းက ပိတ်သွားတယ်၊ လမ်းကျဉ်းတာလည်း ပါတာပေါ့၊ အဲဒါကြောင့်မို့လို့ အဲဒီနေရာတွေကို မဝင်ခိုင်းတာပါ ဟု ၎င်းက ရှင်းပြသည်။ ကလေးမြို့သည် ယခုနောက်ပိုင်း ကာလများ၌ ယာဉ်သွား ယာဉ်လာ များပြား လာသောကြောင့် ယာဉ်ကြော ရှုပ်ထွေးပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ယင်းကဲ့သို့ ယာဉ်ကြော ရှုပ်ထွေး နိုင်သည့် နေရာများတွင် သုံးတန်ထက်ကျော်သော ကုန်တင်ကားကြီးများ ဝင်ရောက်ခြင်းကို ကန့်သတ်လိုက်ခြင်းကြောင့် ဒေသတွင်း ခရီးသွားပြည်သူများအတွက် အဆင်ပြေမှုရှိခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်လမ်းပိုင်း မှာဆိုရင် လေဆိပ်ရှေ့ရယ်၊ မြို့မစျေး ရှေ့ရယ်က ယာဉ်ကြော ခဏခဏ ပိတ်တယ်၊ အဲဒီနေရာတွေမှာ ယာဉ်တွေက နှစ်ထပ်လောက် ရပ်လိုက်တော့ ကုန်တင်ကား ကြီးတွေသာ ဝင်လိုက်မယ်ဆိုရင် ယာဉ်ပိတ်ဆို့ မှုတွေ ဖြစ်သွားနိုင်တယ် ဟု (မ .စ .က) ဥက္ကဌ ဦးစိုးဝင်းက ထပ်မံပြောကြားသည်။ အဆိုပါ သုံးတန်အထက်ယာဉ်များ မဝင်ရ သတ်မှတ်နေရာများသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ အရေးယူမှုသည် ဒဏ်ငွေ ငါးသောင်း အထိသာ ချမှတ်နိုင်သောကြောင့် ယာဉ်မောင်းများ အနေဖြင့် စည်းကမ်းလိုက်နာမှု ပိုမို အားကောင်းစေရန် အခြေခံဥပဒေ အား ပြင်ဆင်ရန် အထူးလိုအပ်နေကြောင်း ဦးစိုးဝင်းက ဆိုသည်။ ထို့ပြင် ကလေးမြို့၌ ယာဉ်များ ယခင်ထက် ပေါများလာသောကြောင့် ယာဉ်ကြောရှုပ်ထွေးမှု သက်သာစေရန် ကလေးမြို့၊ မင်းရဲကျော်စွာလမ်းမှ တစ်ဆင့်က လေးမြို့နယ်၊ တောင်ဖီလာတောင် အနီးတစ်ဝိုက်အထိ မြို့ပတ်လမ်း ဖောက်လုပ်ရန် သက်ဆိုင်ရာက စီစဉ်နေကြောင်းလည်း သိရှိရသည်။

 

Ref: Automobile

 

တရုတ်စျေးကွက်ကို ထိုးဖောက်ရန် ECO ကားများ အခရာကျလာမည်ဟု ဂျပန်သတင်းစာ သုံးသပ်


ဂျပန်ကားကုမ္ပဏီများအနေဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှင့် အကြီးမားဆုံး ကားစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၌ ရောင်းအားတက်လာရန် ကြိုးစားရာတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သော Eco-Friendly ကားများ ထုတ်လုပ် ရောင်းချခြင်းက အဓိကကျလာလိမ့်မည် ဟု ‘ယိုမီအုရီရှင်းဘွန်း သတင်းစာ’ က ဇန်နဝါရီ ၁၈ ရက်တွင် သုံးသပ်ရေးသားခဲ့သည်။ ကမ္ဘာ့စူပါ ပါဝါဖြစ်လာသော တရုတ်နိုင်ငံသည် အကျိုးဆက်အနေဖြင့် လေထု ညစ်ညမ်းမှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး ထိုသို့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ရခြင်း၏ အဓိကအချက်မှာ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သော မီးခိုးများကြောင့် သာမက လမ်းမများပေါ် သွားလာနေသည့် ကားများမှ ထုတ်လွှတ်သော မီးခိုးငွေ့များကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် တရုတ်အစိုးရ အာဏာပိုင်များသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေသည့် သာမန်စက်သုံးဆီသုံးကားများအစား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သော Eco-Friendly ကားများ ထုတ်လုပ်ရန် ပြည်တွင်း ကုမ္ပဏီများကို တိုက်တွန်းမှုများ ပြုလုပ်ထားသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကားသစ်စီးရေ သန်း နှစ်ဆယ်ခန့် ရောင်းချနိုင်ခဲ့ပြီး Volkswagen Group နှင့် General Motors တို့မှာ စက်သုံးဆီ ချွေတာသည့် Eco-Friendly ကားများဖြင့် စျေးကွက် ဝေစုကို ခွဲဝေယူနိုင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်စျေးကွက်၌ ဝေစုအများဆုံး ရရှိခဲ့သည်မှာ ၄ဝ.၃ ရာခိုင်နှုန်းရှိသော ပြည်တွင်းကား အမှတ်တံဆိပ်များဖြစ်ပြီး ဂျာမန် အမှတ်တံဆိပ်များက ၁၈ .၈ ရာခိုင်နှုန်း၊ ဂျပန်အမှတ်တံဆိပ်များက ၁၆.၄ ရာခိုင်နှုန်းစီ ရရှိခဲ့သည်။

 

Ref: Auto Mobile

 

အာဆီယံတွင် Chevrolet ရောင်းအားစံချိန်တင်


အမေရိကန်ထိပ်တန်း ကားကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် Chevrolet သည် ၂ဝ၁၃ ခုနှစ်အတွင်း အရှေ့ တောင်အာရှဒေသ၌ ရောင်းအား စံချိန်တင်နိုင်ခဲ့ကြောင်း ‘Bernama သတင်းဌာန’က ဇန်နဝါရီ ၁၇ ရက်၌ ရေးသားဖော်ပြခဲ့သည်။ ဂျီအမ်ကုမ္ပဏီလက်အောက်ခံ Chevrolet သည် ပြီးခဲ့သည့်နှစ်အတွင်း အာဆီယံနိုင်ငံများ၌ ကားစီးရေ ၈၂,၈၈၄ စီး ရောင်းချနိုင်ခဲ့ပြီး အင်ဒိုနီးရှား ရောင်းအားမှာ စံချိန်သစ် ဖြစ်လာခဲ့သည်။ Chevrolet သည် အင်ဒိုနီးရှားတွင် ၁၄,၉၇၅ စီး ရောင်းချနိုင်ခဲ့ပြီး ထိုပမာဏမှာ ၂ဝ၁၂ ရောင်းအားထက် ၁၈၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သလို ဖိလစ်ပိုင်တွင်လည်း ၄,၉၂၆ စီး ရောင်းချကာ ရောင်းအား ၅၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထိုင်းတွင် ၅၆,၃၈၉ စီး ရောင်းချကာ ရောင်းအား ၉၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး လာအိုတွင်လည်း ၁,ဝဝ၈ စီး ရောင်းချကာ ရောင်းအား ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ Chevrolet သည် အခြား အာဆီယံနိုင်ငအံများ ဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ တို့တွင်လည်း ၎င်းတို့ ကုမ္ပဏီထုတ်ကားများအား တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေသည်ဟု Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

 

Ref: Auto Mobile

 

အက္ခရာ အစဉ်လိုက်အတိုင်းသာ အပ်နှံခွင့် ပြုဖွယ်ရှိသောကြောင့် ‘၁က’ ကားများ အဝယ်လိုက်


ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီသစ် ထွက်ပေါ်မလာသေးသဖြင့် အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံဖွယ်ရှိသောကြောင့် ‘၁က’အက္ခရာကားများ အဝယ်လိုက် နေကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်က ‘အ’အက္ခရာကားများ အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန် ခဲ့ခြင်း နှင့်အတူ ၂ဝ၁၄ ခုနှစ်မှ စ၍ မော်တော်ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပြုမည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သော်လည်း သုံးလကျော် ကာလအထိ မူဝါဒသစ်ကို မထုတ်ပြန်ခဲ့ပေ။ ထိုအခြေအနေတွင် ကားဝယ်/ရောင်းများက အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံခွင့်ပေးဖွယ်ရှိသည်ဟု ယူဆကြပြီး ‘၁က’အက္ခရာကား များကို ဝယ်ယူနေကြခြင်း ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ် ထွက်ပေါ်မလာသေးတဲ့ အခြေအနေမှာ ‘၁က’ အက္ခရာကား တွေကို စွန့်စားပြီး ဝယ်ယူလာကြပါတယ်၊ မော်တော်ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပြုခဲ့တယ် ဆိုရင်တောင်မှ ‘၁က’ ကားတွေက အများကြီး အရှုံးပေါ်မှာ မဟုတ်ပါဘူး၊ သက်တမ်း အလိုက် မဟုတ်ဘဲ အက္ခရာတစ်ခုချင်းစီ ခေါ်ခဲ့မယ်ဆိုရင်တော့ ‘၁က’ ကားတွေ စျေးက သိန်းနှစ်ဆယ်လောက် မြင့်တက်သွားမှာ ဖြစ်ပါတယ် ဟု ကားဝယ်/ရောင်း တစ်ဦးက ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စျေးကွက်အရ ‘၁က’ အက္ခရာကားများမှာ သိန်း ခုနစ်ဆယ် ဝန်းကျင်နှင့် အခြား ‘က’တန်း ကားများမှာ ၆၇ သိန်း ဝန်းကျင် ပေါက်စျေးရှိကြောင်း ကားဝယ်/ရောင်းများမှ သိရှိရသည်။

 

Ref: Auto Mobile

 

အိန္ဒိယဇိမ်ခံကား ရောင်းချရမှု၌ Audi ကို BMW ရှုံးနိမ့်ခဲ့ရ


ကမ္ဘာကျော် ဇိမ်ခံကားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် BMW သည် ၂ဝ၁၃ အိန္ဒိယဇိမ်ခံကား ရောင်းချရမှုစာရင်းတွင် ဂျာမန်ပြည်တွင်း ပြိုင်ဘက် Audi နှင့် Mercedes တို့ကို ရှုံးနိမ့်ပြီး တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်ဟု ‘အိန္ဒိယ တိုင်းမ်သတင်းစာ’ က ဇန်နဝါရီ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ၂ဝ၁၂ ခုနှစ်၊ အိန္ဒိယဇိမ်ခံ ကားရောင်းချမှုစာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သော BMW သည် ၂ဝ၁၃ ခုနှစ်တွင်မူ ကားစီးရေ ၇,၃၂၇ စီးသာ ရောင်းချခဲ့ရသောကြောင့် တတိယနေရာသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ အိန္ဒိယဇိမ်ခံကား ရောင်းအားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သူမှာ Audi ဖြစ်ပြီး စီးရေ ၁ဝ,ဝဝ၂ စီးဖြင့် ယမန်နှစ်ကထက် ရောင်းအား ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဒုတိယနေရာတွင် Mercedes က ရပ်တည်နိုင်ခဲ့ပြီး စီးရေ ၉,ဝဝ၃ စီးဖြင့် ယမန်နှစ် ရောင်းအားထက် ၃၂ ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်။ BMW မှာမူ ၂ဝ၁၂ ခုနှစ် ရောင်းအားထက် ၂၂ ရာခိုင်နှုန်း လျော့နည်းကာ ရောင်းအား အကောင်းဆုံးဆုကို ပြိုင်ဘက်ကုမ္ပဏီများထံ လွှဲပြောင်းပေး ခဲ့ရသည်။ BMW ၏နောက်တွင် အစဉ်လိုက် ရပ်တည်နိုင်ခဲ့သော ကုမ္ပဏီများမှာ စီးရေ ၂,၉၁၃ စီး ရောင်းချနိုင်ခဲ့သည်။ Jaguar Land Rover နှင့် ၉၁၃ စီး ရောင်းချနိုင်ခဲ့သော Volvo တို့ ဖြစ်သည်။

 

Ref: Auto Mobile

 

ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် ယာဉ်ပိုင်ရှင်များ စိတ်ကျေနပ်မှုရှိစေရန် တာဝန်ရှိသူများ ဆောင်ရွက်ပေးနေ


ပြည်ပမှ တင်သွင်းလာသောကားများကို ဆိပ်ကမ်းမှ ထုတ်ယူရာ၌ ယာဉ်ပိုင်ရှင်များ စိတ်ကျေနပ်မှုရှိစေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်း ကားတင်သွင်းသူ တစ်ဦးထံမှ သိရှိရသည်။ ဆိပ်ကမ်းများ၌ ပစ္စည်း အပျောက်အရှများ ဖြစ်ပေါ်နေသဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိပ်ကမ်းများ ကို လိုက်လံစစ်ဆေးခဲ့ပြီး ကားထုတ်ယူသည့် ပုံစံအချို့ကိုလည်း ပြောင်းလဲခဲ့သည်။ MITT ဆိပ်ကမ်းမှာ ကားထုတ်ယူမှုပုံစံ ပြောင်းလဲသွားခဲ့ပါတယ်၊ ကားထုတ်ယူမယ် ဆိုရင် ဆိပ်ကမ်းက တာဝန်ရှိသူတစ်ယောက်က ထုတ်ယူမယ့်ကားဆီကို လိုက်ပို့ပေးပြီး စိတ်ကျေနပ်မှုရှိမှ ကားကို ထုတ်ပေးပါတယ်၊ ပစ္စည်း အပျောက်အရှ ရှိခဲ့ရင်လည်း ပြေလည်တဲ့အထိ ရှင်းပေးမယ်လို့ ပြောပါတယ်၊ ဒီလိုဆောင်ရွက်ပေးတဲ့အတွက် အရင်ကလို ပစ္စည်းအပျောက်အရှရှိမှာ မစိုးရိမ်ရတော့ပါဘူး ဟု မော်တော်ယာဉ် တင်သွင်းသူ ကိုကျော်သီဟက ဆိုခဲ့သည်။ ထိုသို့ ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် ကားအတွင်း အပြင်ပါရှိသည့် ဂျိုက်၊ အပိုဘီး၊ ဂီယာဘုလုံး၊ သော့၊ အချက်ပြမီး၊ နှင်းခွဲမီး၊ လက်ကိုင်ခွေစသည်တို့ အပါအဝင် Accessories ပစ္စည်း စုံ၊ မစုံကို သေချာစစ်ဆေးပြီး ယာဉ်ပိုင်ရှင် စိတ်ကြိုက်ဖြစ်မှ ထုတ်ယူပေးနေကြောင်း ကားတင်သွင်းသူ များမှတစ်ဆင့် သိရှိရသည်။

Ref: Auto Mobile

လာမည့်ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်လမ်းများပေါ်၌ ကတ္တရာထပ်ပိုးလွှာ ခင်းမည်


လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ ရေးနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ရန်ကုန်မြို့တော်အတွင်းရှိ ကွန်ကရစ်လမ်းများပေါ်တွင် ကတၲရာထပ်ပိုးလွှာများ ခင်းကျင်း သွားမည်ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)’ မှ သတင်းရရှိသည်။ ကွန်ကရစ်လမ်းများ ခင်းကျင်းရာတွင် ကနဦး ကုန်ကျစရိတ်မှာ ကတ္တရာလမ်းများ ခင်းကျင်းမှုထက် များပြားသော်လည်း နှစ်စဉ် ပြင်ဆင်မှုစရိတ် နည်းပါးသည့်အတွက် ပျက်စီးလမ်းနှင့် အသစ်ခင်းကျင်းမည့် လမ်းများကို ကွန်ကရစ်လမ်းများ ခင်းကျင်းလျက်ရှိသည်ဟု သိရသည်။ ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး အများစုကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းခဲ့ရာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ လက်ရှိ ခင်းကျင်းထားသော ကွန်ကရစ်လမ်းများပေါ်တွင် ကတ္တရာထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)အနေဖြင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် အတွက် ဘဏ္ဍာငွေကျပ် သန်းရှစ်ထောင် သုံးစွဲရန် လျာထား သော်လည်း သန်း ငါးထောင်ကျော်သာ ကုန်ကျသုံးစွဲခဲ့သည်။ ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း လေးသောင်းကျော် ကုန်ကျသုံးစွဲရန် လျာထားပြီး ဘဏ္ဍာရေးနှစ် ကုန်ဆုံးခြင်း မရှိသေးသည့်အတွက် ကုန်ကျသုံးစွဲမှု ဘဏ္ဍာငွေ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ယင်းဘဏ္ဍာငွေဖြင့် ယခု ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ လမ်းပေါင်း သုံးရာကျော်ကို ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းခဲ့ကြောင်း၊ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ ယင်းလမ်း သုံးရာကျော်ကို ကတ္တရာ ထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။

 

Ref: Auto mobile

 

ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ ပြည်တွင်းသို့ တင်သွင်းနိုင်ရန် ဟောင်ကောင် အခြေစိုက်သင်္ဘောလိုင်းမှ ဝန်ဆောင်မှုပေးမည်


ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းရာ၌ အာရှနိုင်ငံများအပြင် ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များပါ တင်သွင်းနိုင်မည့် ဝန်ဆောင်မှုကို ဟောင်ကောင် အခြေစိုက် သင်္ဘောလိုင်းမှ ပေးမည်ဖြစ်ကြောင်း ‘Golden Land Express Limited’ မှ သိရသည်။ လက်ရှိ ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းရာ၌ ဂျပန်နှင့် စင်ကာပူကဲ့သို့ အာရှနိုင်ငံများကိုသာ အဓိကထား သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ယခုအခါ Sinor သင်္ဘောလိုင်းမှ ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ တင်သွင်းနိုင်ရန် ဝန်ဆောင်မှုပေးမည်ဟု သိရသည်။ “အခု ဂျပန်၊ စင်ကာပူ၊ ရန်ကုန် ခရီးစဉ်အပြင် ဒီလကုန်မှာ ကိုရီးယား၊ ထိုင်းနဲ့ ဒူဘိုင်းက မော်တော်ယာဉ်တွေ သယ်ယူပို့ဆောင်ဖို့ ဆောင်ရွက်ထားပါတယ်၊ ဆက်ပြီး အမေရိကန်နဲ့ ဥရောပဘက်က ကား တင်သွင်းချင်သူတွေအတွက်လည်း ဆောင်ရွက်သွားမှာပါ”ဟု ‘Golden Land Express Limited’ ဒုတိယဥက္ကဌ ဦးအောင်ဇော်ဦးက ဆိုသည်။ Sinor Line သင်္ဘောလိုင်းသည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဟောင်ကောင်အခြေစိုက် သင်္ဘောလိုင်းဖြစ်ကာ မြန်မာနိုင်ငံသို့ ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ Golden Land Express Limited နှင့် ပူးပေါင်းဆောင်ရွက် ထားကြောင်းနှင့် မြန်မာနိုင်ငံသို့ စတင်ပြေးဆွဲသည့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလမှ လက်ရှိအချိန်အထိ မော်တော်ယာဉ်အစီးရေ ငါးထောင်ခန့် သယ်ယူပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

 

Ref: Auto mobile

 

၂ဝ၃၅ ခုနှစ်မှသာ BRT စနစ်ဖြင့် ရန်ကုန်မြို့တွင်း ယာဉ်လိုင်းပြေးဆွဲမှု အကောင်အထည်ဖော်နိုင်မည်


နှစ်ရှည်စီမံကိန်းအဖြစ် ရေးဆွဲဆောင်ရွက်နေသောကြောင့် ရန်ကုန်မြို့တော်အတွင်း BRT စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲမှုကို လာမည့် ၂ဝ၃၅ ခုနှစ်မှသာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ‘ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေးအဖွဲ့(YUTRA)’မှ သတင်းရရှိသည်။ အဆိုပါအဖွဲ့ အနေဖြင့် ရန်ကုန်မြို့တွင်း ဘတ်စ်ကား အမြန်လမ်းကြောင်း မောင်းနှင်သည့်စနစ် BRT ကျင့်သုံးနိုင်ရန် ၂ဝ၁၃ ခုနှစ်အတွင်း စစ်တမ်းကောက်ယူခဲ့သော်လည်း မြို့ပတ် လမ်းကြောင်းများ ထပ်မံချဲ့ထွင်နိုင်ရန် လုံလောက်မှု မရှိခြင်းနှင့် မြို့ပတ်လမ်းကြောင်းများ တိုးချဲ့ဖောက်လုပ်ရန် မြေနေရာခက်ခဲ့သည့်အတွက် စီမံကိန်းရေး ဆွဲလေ့လာ မှုများအရ ၂ဝ၃၅ ခုနှစ်မှသာ လမ်းကြောင်းသစ်များ ဖောက်လုပ်နိုင်ပြီး ဘတ်စ်ကား အမြန်လမ်းကြောင်း မောင်းနှင်သည့်စနစ် ကျင့်သုံးနိုင်မည် ဖြစ် ကြောင်း သိရသည်။ BRT စနစ်ကို အရင်က ကာလတိုအနေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်၊ ခရီးသည် တင်ယာဉ် တွေအားလုံး မြို့ထဲကိုပဲ ဦးတည်သွား တဲ့အတွက် BRT စနစ် ကျင့်သုံးရင်လည်း မြို့ထဲကို ဦးတည်ပေးရမှာပါ၊ ဒါပေမဲ့ မြို့ထဲက လမ်းတွေက အရမ်းကျဉ်းတဲ့အပြင် လမ်းကြောင်းသစ် ဖော်လို့မရတဲ့အတွက် လမ်းလည်း ချဲ့လို့မရတော့ဘူး၊ ဒါကြောင့် လမ်းသစ်တွေဖောက်လုပ်ပြီး စီးနိုင်တဲ့ ၂ဝ၃၅ ခုနှစ်မှသာ ဒီစနစ်ကို အကောင်အထည်ဖော်နိုင် မှာပါ”ဟု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်၊ JICA အဖွဲ့မှ မစ္စတာ တာကာရှိရှိုးရာမက ပြောသည်။ အဆိုပါ BRT စနစ်ကျင့်သုံးရန် ယခင်က ရန်ကုန်-ပြည် လမ်းမ တစ်လျှောက်ကို ရွေးချယ်မှုများ ပြုလုပ်ထားသော်လည်း ဆိုင်းငံ့ထားကြောင်း၊ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး ပညာရှင်များက ၂ဝ၃၅ ခုနှစ်တွင် ရန်ကုန် မြို့တွင်း အချက်အချာကျသည့် နေရာများကို BRT စနစ်ဖြင့် ဦးတည်ပြေးဆွဲနိုင်မည့် လမ်းသစ်ငါးခုခန့် ပေါ်လာမည်ဖြစ်သည့်အပြင် မီးရထား လမ်းကြောင်းသစ် များကိုလည်း BRT စနစ်ဖြင့် ပြေးဆွဲနိုင်ရန် စီမံကိန်းရေးဆွဲ စီစဉ်သွားမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ သတင်းရရှိသည်။

 

Ref: Automobile

 

အထပ်မြင့်ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်း နေရာသုံးနေရာ ပဏာမရွေးချယ်


အထပ်မြင့် ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်းရှိ နေရာသုံးနေရာကို ပဏာမရွေး ချယ်ထားကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြောကျပ်တည်းမှုများကို ဖြေရှင်းရန် မီးပွိုင့်စနစ် ပြင်ဆင်ခြင်း၊ လမ်းသားချဲ့ထွင်ခြင်း၊ ခုံးကျော်တံတား တည်ဆောက်ခြင်းနှင့် စည်းကမ်းမဲ့ယာဉ်များ အရေးယူခြင်းတို့အပြင် ယာဉ်အစီးရေ များပြားလာမှုအပေါ် ကားရပ်ရန် နေရာလိုအပ်ချက်များရှိလာရာ မြေနေရာ အခက်အခဲ ရှိသော်လည်း ရန်ကုန်မြို့တွင်း၌ အထပ်မြင့်ကားပါကင်များ တည်ဆောက် ရန်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အထပ်မြင့် ကားပါကင် တည်ဆောက်ဖို့က ညှိနှိုင်းစရာတွေက အများကြီး၊ နေရာရွေးချယ်မှုကလည်း လိုသေးတယ်၊ မြေနေရာရှိပြီး ပါကင်ဆောက်လိုက်ပေမဲ့ ရပ်နားမယ့် ယာဉ်မရှိရင် မဖြစ်ဘူး၊ ရန်ကုန်မြို့ရဲ့ မြေနေရာကလည်း ရှာရခက်တယ်၊ အဓိက ကတော့ မြေနေရာမရှိလို့ ကြာနေတာ၊ ၂ဝ ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်းမှာတော့ စပြီး ဆောက်သွားမှာ၊ အခုတော့ ယာဉ်ကြောကျပ်တည်းမှုနဲ့ ပါကင်လိုအပ်တယ်လို့ ထင်တဲ့ နေရာသုံးခုကို ပဏာမ ရွေးချယ်ထားတယ်၊ ဥပမာ လှည်းတန်းလိုနေရာမျိုးပေါ့ ဟု ‘မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်းတံတား)’ ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ ယာဉ်ကြောကျပ်တည်းမှုနှင့် ပတ်သက်၍ “အများဆုံးကျပ်တာ ကုက္ကိုင်းနဲ့ တက္ကသိုလ်ရိပ်သာ လမ်းဆုံ၊ ပြီးရင် လှည်းတန်း၊ ဆူးလေ၊ ဆူးလေက လှည်းတန်းလောက် မကျပ်ဘူး၊ တက္ကစီတွေက လမ်းဘေးရပ်တာနဲ့ သွားတာရှိနေမှာပဲ၊ ကားပါကင်က အိမ်စီးကားနဲ့ လုပ်ငန်းသုံး ကားတွေအတွက် အဆင်ပြေမှာပေါ့၊ လမ်းဘေးရပ်တာ ရှင်းသွားရင် ယာဉ်လမ်းကြောင်း ပိုသုံးလို့ရတာပေါ့”ဟု အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။ အထပ်မြင့် ကားပါကင်များကို ယာဉ်ကြောကျပ်တည်းမှု အများဆုံးနှင့် လမ်းမျက်နှာစာ ယာဉ်ရပ်နားမှု အများဆုံးဖြစ်သည့် နေရာများတွင် တည်ဆောက်မည်ဖြစ်ပြီး ကနဦးအနေဖြင့် လှည်းတန်း လမ်းဆုံအနီး၊ ဆူးလေနှင့် အလုံမြို့နယ်တို့ကို ရွေးချယ်ထားကြောင်း သိရသည်။ သို့သော် မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူ တစ်ဦးကမူ အထပ်မြင့် ကားပါကင်များမှာ ရှေးဟောင်း အဆောက်အအုံများ၏ မြင်ကွင်းကွယ်မှု ဖြစ်ပွားနိုင်သည့်အတွက် တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

 

Ref: Auto mobile

 

 

 

 

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »