ဆိုင်သိမ်းချိန်ဓားပြတိုက်ရန် ရောက်လာသူများ၏ကားကို ဘာဂါကင်းဝန်ထမ်းက ဝှက်ထားခဲ့


burger_king



 





Unicode Version

ကားတစ်စီးကို ဝှက်ထားခဲ့ကြောင်း ဝန်ခံသော်လည်း ရဲအရာရှိများက ကယ်လီဖိုးနီးယားပြည်နယ်သားတစ်ဦးကို အရေးယူ၍ မရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

burger_king

မေလ(၂၆)ရက်နေ့က ကယ်လီဖိုးနီယားရှိ စတော့တန်မြို့တွင် ဖွင့်လှစ်ထားသော ဘာဂါကင်း အသင့်စားဆိုင်တစ်ဆိုင်သို့ လူတစ်စုဝင်ရောက်လာပြီး ကောင်တာမှ ဆိုင်ဝန်ထမ်းကို ရှိသမျှပိုက်ဆံထုတ်ပေးရန် သေနတ်နှင့်ချိန်၍တောင်းခဲ့သည်ဟု ဆိုသည်။ ဆိုင်သိမ်းချိန်တွင် ဓားပြတိုက်ရန် ဝင်လာသူနှစ်ဦးမှာ ပိုက်ဆံရရှိရန် အလုပ်များနေစဉ် ဆိုင်ဝန်ထမ်းတစ်ဦးက ကားပါကင်အတွင်းရှိစက်နှိုးလျက် ထား,ထားသော ကားတစ်စီးကိုသတိထားမိသဖြင့် ဆိုင်ထဲမှတိတ်တဆိတ်ထွက်လာကာ အဆိုပါကားကို ဓားပြများမတွေ့နိုင်သည့်နေရာသို့ ဝှက်ထားခဲ့သည်။ ၎င်း၏ရည်ရွယ်ချက်မှာ ဓားပြများ ဝေးဝေးမပြေးနိုင်စေရန် ဖြစ်သည်။

ဓားပြတိုက်ပြီးနောက် ဆိုင်ပြင်သို့ထွက်လာသူများသည် ကားကိုရှာမတွေ့သောအခါ အနီးရှိလယ်ကွင်းတစ်ခုထဲတွင် အပြေးအလွှားပုန်းအောင်းခဲ့ကြသည်။ ဓားပြတိုက်မှုကို ရဲသို့တိုင်ကြားပြီးနောက်တွင် ရဲများက ဘာဂါကင်းဝန်ထမ်းများကို စစ်ဆေးမေးမြန်းခဲ့ကြသည်။ ယခုအခါရဲဘက်က အဆိုပါဓားပြနှစ်ဦးကို ဖမ်းမိသွားပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးကို လက်နက်ကိုင်ဆောင်လုယက်မှုဖြင့် အရေးယူထားကြောင်း သိရှိရသည်။

 

Auto World journal မှကူးယူဖော်ပြသည်။

Photo Credits to ell brown

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »