ဗိုလ္တေထာင္ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္း အဆင့္ျမႇင့္တင္ တည္ေဆာက္မည္

ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တေထာင္ ျမိဳ႕နယ္အတြင္း တည္ေဆာက္ ထားသည့္ ဗိုလ္တေထာင္ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္းအား အဆင့္ျမႇင့္တင္ သြားမည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ စီမံေရးရာဌာန’မွ သတင္းရရွိသည္။

Cntainer

အဆိုပါ ေမာ္ေတာ္ယာဥ္ ရပ္နားစခန္းအား ၂၀၁၃ ခုႏွစ္ အေစာပိုင္း ကာလတြင္ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္းအျဖစ္ အသံုးျပဳရန္ အမွတ္ ၆ သေဘၤာ၀င္း ေျမေနရာကို ျပဳျပင္အသံုးျပဳခဲ့ၿပီး လက္ရွိ ယင္းေနရာအား ထပ္မံအဆင့္ျမႇင့္တင္ရန္ စီစဥ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။ “ဒီကုန္ေသတၱာတင္ ယာဥ္ရပ္နားစခန္း အဆင့္ျမႇင့္တင္ တည္ေဆာက္ဖို႔ အတြက္ စီစဥ္ေနတာေတာ့ ေလးလေလာက္ရွိေနၿပီ၊ ေလာေလာဆယ္မွာေတာ့ ေျမႀကီးညႇိတုန္းပဲ ရွိေသးတယ္၊ လတ္တေလာ အေနနဲ႔ေတာ့ တည္ေဆာက္ေရး လုပ္ငန္းေတြ မစႏိုင္ေသးဘူး၊ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္မွာ စျဖစ္မယ္”ဟု စီမံေရးရာဌာနမွ ဒုတိယဌာနမွဴး ဦးညီညီဦးက ဆိုသည္။ ယင္းသို႔ အဆင့္ျမႇင့္ တင္ေဆာင္ရြက္ရန္ စီစဥ္မႈမ်ားေၾကာင့္ လက္ရွိတြင္ ဗိုလ္တေထာင္ ကုန္ေသတၱာတင္ ယာဥ္ရပ္နားစခန္းမွ ယာဥ္မ်ားအေနျဖင့္ အလံုၿမိဳ႕နယ္ရွိ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္းသို႔ သြားေရာက္ကာ ယာဥ္မ်ား ရပ္နားၾကရၿပီး ယာဥ္အမ်ားစုမွာ အလံုယာဥ္ရပ္နားစခန္းသို႔ သြားေရာက္ ရပ္နားျခင္း မျပဳဘဲ ဗိုလ္တေထာင္ ယာဥ္ရပ္နား၀င္း အနီးရွိ လမ္းမမ်ား၊ လမ္းသြယ္မ်ား၌ ရပ္နားမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 

Ref: Auto mobile



Unicode Version

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်အတွင်း တည်ဆောက် ထားသည့် ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအား အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန’မှ သတင်းရရှိသည်။

Cntainer

အဆိုပါ မော်တော်ယာဉ် ရပ်နားစခန်းအား ၂ဝ၁၃ ခုနှစ် အစောပိုင်း ကာလတွင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအဖြစ် အသုံးပြုရန် အမှတ် ၆ သင်္ဘောဝင်း မြေနေရာကို ပြုပြင်အသုံးပြုခဲ့ပြီး လက်ရှိ ယင်းနေရာအား ထပ်မံအဆင့်မြှင့်တင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်ဖို့ အတွက် စီစဉ်နေတာတော့ လေးလလောက်ရှိနေပြီ၊ လောလောဆယ်မှာတော့ မြေကြီးညှိတုန်းပဲ ရှိသေးတယ်၊ လတ်တလော အနေနဲ့တော့ တည်ဆောက်ရေး လုပ်ငန်းတွေ မစနိုင်သေးဘူး၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ စဖြစ်မယ်”ဟု စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးညီညီဦးက ဆိုသည်။ ယင်းသို့ အဆင့်မြှင့် တင်ဆောင်ရွက်ရန် စီစဉ်မှုများကြောင့် လက်ရှိတွင် ဗိုလ်တထောင် ကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်းမှ ယာဉ်များအနေဖြင့် အလုံမြို့နယ်ရှိ ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းသို့ သွားရောက်ကာ ယာဉ်များ ရပ်နားကြရပြီး ယာဉ်အများစုမှာ အလုံယာဉ်ရပ်နားစခန်းသို့ သွားရောက် ရပ်နားခြင်း မပြုဘဲ ဗိုလ်တထောင် ယာဉ်ရပ်နားဝင်း အနီးရှိ လမ်းမများ၊ လမ်းသွယ်များ၌ ရပ်နားမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Ref: Auto mobile

Latest News

၂၀၁၈ တြင္ YBS ေငြေပးေခ်မႈစနစ္ကိုု...

Untitled 2 150x150

Zawgyi Version YBS ေငြေပးေခ်မႈ စနစ္ကို ၂၀၁၈ ခုႏွစ္တြင္ ဘဏ္မ်ားျဖင့္ ခ်ိတ္ဆက္ထားေသာ ကဒ္စနစ္ျဖင့္ ေပးေခ်ဖို႔ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း...

Read more »

၂၀၁၈ တြင္ ၂၅ ​ေပ ႏွင့္အထက္...

Image uploaded from ios 1 150x150

Zawgyi Version ၂၀၁၈ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ စည္​ပင္​သာယာနယ္​နမိတ္​အတြင္​း တည္​​ေဆာက္​ရန္​ တင္​ျပထား​ေသာ အထပ္ျမင့္ အေဆာက္အအံုမ်ားကိုု...

Read more »

YBS စနစ္ တစ္​ႏွစ္​အတြင္​း ၇၀ ရာခိုင္​ႏႈန္​းအထိ...

Img 3144 2 150x150

Zawgyi Version ရန္ကုန္ သယ္​ယူပို႔​ေဆာင္​​ေရး YBS စနစ္​ အေကာင္အထည္ေဖာ္သည့္ တစ္​ႏွစ္​တာကာလအတြင္​း ၇၀ ရာခိုင္​ႏႈန္​း ​ေအာင္​ျမင္​ခဲ့ၿပီး...

Read more »

ဝါးတန္​းမီးရထားဘူတာတြင္ ကြန္​တိန္​နာယာဥ္​...

Container burn 150x150

Zawgyi Version ဆိပ္​ကမ္​းၿမိဳ႕နယ္​၊​ ေမာ္​တင္​ရပ္​ကြက္​ ဝါးတန္​းမီးရထားကုန္​႐ုံဘူတာတြင္ ဇန္​နဝါရီလ ၁၆ ၊ နံနက္​ ၁၀ နာရီ ၄၅ မိနစ္​တြင္​​...

Read more »

ျပစ္​မႈျဖစ္​ပြား​ေသာကားမ်ားႏွင့္...

Untitled 1 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​ေဒသႀကီးတြင္​ ျပစ္​မႈက်ဴးလြန္​ထား​ေသာကားမ်ားႏွင့္ တရားမဝင္​ လိုင္​စင္​မဲ့ without ကားမ်ား ကို control...

Read more »