၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်

ရန်ကုန်၊ သြဂုတ် ၆
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကားဈေးကွက်မှာ မကြာသောကာလအတွင်း ဈေးကွက် ပုံစံအသစ်များ ပြောင်းလဲ၍ ဈေးနှုန်းများ သိသာစွာ ထိုးကျသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

2999141259_cf51a26a06

၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့သော ကားတင်သွင်းခွင့် မူသစ်ကြောင့် ယခင်ကထက် ကားဈေးနှုန်းများ သိသာစွာ ကျဆင်းလာခဲ့သော်လည်း နိုင်ငံတကာ ပေါက်ဈေးများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံရှိ ကားဈေးမှာ ဒေသတွင်းနိုင်ငံများထက် မြင့်မားလျက်ပင် ရှိနေသေးသည်ဟု ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက မှတ်ချက်ပြုသည်။

မကြာမီ ပြောင်းလဲကျင့်သုံးမည့် အခွန်ဆိုင်ရာ မူဝါဒအသစ်ကြောင့် လက်ရှိ ဖြစ်ပေါ်နေသော ကားဈေးနှုန်းမှာ နိုင်ငံတကာ ပေါက်ဈေးနှင့်အညီ တန်းတူသတ်မှတ် ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတရုံး ဒုဝန်ကြီး ဦးသန့်ရှင်က ခန့်မှန်းပြောကြားသည်။ “၂၀၁၅ မှာ ကျင့်သုံးတော့မယ့် အာဆီယံ အခွန်မဲ့ ကုန်သွယ်မှုစနစ်က ဒီကိစ္စကို အများကြီး သက်ရောက်သွားစေနိုင်တယ်။ ကားဈေးကလည်း အဲဒီအချိန်ကျရင် ဒီထက် ထက်ဝက်လောက်ကို ကျသွားနိုင်တဲ့ အခြေအနေမှာရှိတယ်” ဟု ၄င်းက ဆိုသည်။

ယင်းကာလတွင် ဒေသတွင်း ကားထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းနေသော ထိုင်း၊ မလေးရှား၊ စင်ကာပူ အစရှိသော နိုင်ငံများက ကားတင်ပို့မှုကို တွင်ကျယ်စွာ ပြုလုပ်လာနိုင်ပြီး ကားစက်ရုံ တည်ဆောက်မှုများလည်း နိုင်ငံတွင် ဖွံ့ဖြိုးလာနိုင်ကာ အခွန်ကင်းလွတ်ခွင့်စနစ်ကြောင့် ပြိုင်ဆိုင်မှုများမှာလည်း ပိုမိုအားကောင်းလာနိုင်သည်ဟု ဈေးကွက်ကျွမ်းကျင်သူ ဦးကျော်ဝင်းကလည်း မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၌ ကားစီးနိုင်သူ ဦးရေမှာ လူတစ်ထောင်လျှင် ၂၀ ဦးပင် မပြည့်သေးသောကြောင့် ဒေသတွင်းနိုင်ငံများထက် နှိုင်းယှဉ်ပါက အရေအတွက် နည်းပါးနေသေးကာ ကားဈေးကွက် ပြောင်းလဲမှုကြောင့် နိုင်ငံသားများအဖို့ အခွင့်အလမ်း ပိုမိုရရှိလာနိုင်မည်ဟု လေ့လာမှုများက ဆိုသည်။ ထိုသို့ ဈေးကွက်ပြောင်းလဲလာမှု အခြေအနေ အကြောင်းအချက်ကြောင့် ပြည်တွင်းကားရောင်းဝယ်မှု ဈေးကွက်မှာ တည်ငြိမ်မှုမရှိဘဲ အရောင်းကား အငှားဈေးကွက်မှာ ပိုမိုအားကောင်းလာဖွယ်ရှိကြောင်း ရန်ကုန်မြို့ အခြေစိုက် ကားဝယ်ရောင်း အကျိုးဆောင်များက ပြောပြခဲ့သည်။

News Watch Weekly မှကူးယူဖော်ပြသည်။
Photo credit by ZeroOne

Latest News

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Ggege 150x150

Photo Credit ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​ ယာဉ်မှတ်ပုံတင်...

Read more »

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »
Download Android App