BAIC မော်တော်ယာဉ် ကုမ္ပဏီက ၂၀၁၄ ခုနှစ်အတွင်း အင်ဂျင်မှ ကိုယ်ထည်အထိ ပြုပြင်နိုင်သော အရောင်းစင်တာများ ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေးမြို့များတွင် တိုးချဲ့ဖွင့်လှစ်သွားမည်

တရုတ်နိုင်ငံ အခြေစိုက် BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီက ၂၀၁၄ ခုနှစ်တွင် မေိာတော်ယာဉ် အင်ဂျင်မှ ကိုယ်ထည်အထိ ပြုပြင်နိုင်သော အရောင်းစင်တာ များကို ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေးမြို့ များတွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Aung Gabar Co.,Ltd မှ သိရှိရပါသည်။

BASIC-Co.Ltd_

Aung Gabar Service Co.,Ltd မှ Managing Director ဦးအောင်စိန်က “၂၀၁၄ ခုနှစ် အတွင်းမှာ BAIC ကုမ္ပဏီထုတ် မော်တော်ယာဉ်တွေကို အင်ဂျင်ကနေ ကားဆေး ဘော်ဒီအထိ ပြုပြင်နိုင်တဲ့ After Sale Service စင်တာတွေကို ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေးမြို့ကြီးတွေမှာ တိုးချဲ့ ဖွင့်လှစ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။  BAIC (Beijing Automotive Group) မော်တော်ယာဉ် ကုမ္ပဏီ၏ အဆိုပါ အထွေထွေ ဝန်ဆောင်မှု အရောင်းစင်တာများကို လာမည့် ဇူလိုင် နှင့်သြဂုတ်လ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း Aung Gabar Service Co.,Ltd မှ Managing Director က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် BAIC ကုမ္ပဏီ၏ 3S စင်တာကို အမှတ် (၁၀၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းတောင့် ဗဟန်းမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်နေ့ ကဖွင့်လှစ်ခဲ့သည်။ BASIC ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ကုမ္ပဏီကြီး ၅ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျာမနီ အခြေစိုက် Daimler AG၊ တောင်ကိုရီးယား အခြေစိုက် Hyundai ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်လျှက် ရှိသည့်အပြင် ၂၀၀၉ ခုနှစ်တွင် ဆာ့ဘ်ကုမ္ပဏီ၏ တာဘိုနည်းပညာအား ဝယ်ယူ အသုံးချပြီး မော်တော်ယာဉ်များတွင် အသုံးပြုခဲ့သည်။ BAIC ကုမ္ပဏီအနေဖြင့် BASIC Motor, FOTO, BMW, BHMC, R&D အစရှိသော မော်တော်ယာဉ် ကုမ္ပဏီများ ပါဝင်ပြီး Spare Part ထုတ်လုပ်သော လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ မော်တော်ယာဉ် ကုမ္ပဏီများ၏ အရောင်းစင်တာများကို ရန်ကုန်မြို့တွင် အဓိကထား ဖွင့်လှစ် ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။
Ref: News-Eleven.com

Latest News

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

"လမ်းအန္တရာယ်ကင်းရှင်းဖို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »

အခွန်​နှူန်းထားများတိုးမြှင့် ချက်ေ​ကြာင့်...

Car shipping 150x150

ပြည်​ပမှတင်​သွင်းလာ​သည့်​ ​မော်​​တော်​ယာဉ်​များကို ဆိပ်​ကမ်း​ရောက်​တန်​ဖိုးမြင့်​လာခြင်း၊ မိုဒယ်​သတ်​မှတ်​ချက်​အရ ဘယ်​​မောင်း...

Read more »

လိုက်ထရပ် ​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ...

Sfdgrgr 150x150

လိုက်ထရပ်​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ လက်​ကျန်​အင်​ဂျင်​ ၂၀၀ ​ကျော်​ရှိရာ ထိုကားများကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်ဖြစ်​၍...

Read more »
Download Android App