အောင်မင်္ဂလာလမ်းမကြီး သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိသည့်အတွက် အဝေးပြေးဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှု ဆက်လက်ဖြစ်ပွား

၂၀၁၃ ခုနှစ်၊ မေလတွင် စတင် ဖောက်လုပ်ခဲ့သော အောင်မင်္ဂလာလမ်းမကြီးမှာ ဒီဇင်ဘာလအတွင်း ပြီးစီးရန် သတ်မှတ်ထားသော်လည်း ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလအထိ ပြီးစီးမှုမရှိသည့်အတွက် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ယာဉ်ကြောကျပ်မှုဆက်လက် ဖြစ်ပွားလျက်ရှိပြီး ယာဉ်အ၀င်၊ အထွက်နေရာများ၌ အခက်အခဲများ ဖြစ်ပွားလျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ စုံစမ်းသိရသည်။

Highway1

ပြီးခဲ့သည့်နှစ်အတွင်း အောင်မင်္ဂလာအဝေးပြေးဝင်း အတွင်းရှိ လမ်းပေါင်း နှစ်ဆယ် ပြုပြင်ခင်းကျင်းခြင်းနှင့် ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံ တည်ဆောက်ခြင်း များကြောင့် ၀င်းအတွင်း ယာဉ်အ၀င်/အထွက် ဂိတ်ပေါက်များ ပြောင်းလဲခဲ့ရပြီး ယခုအခါ အဓိက ယာဉ်ဝင်/ထွက်ပေါက်အဖြစ် အသုံးပြုနေသော အောင်မင်္ဂလာလမ်းမကြီး မှာလည်း သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိသောကြောင့် ယာဉ်ကြောကျပ်မှု ပြဿနာ ဆက်လက် ဖြစ်ပွားနေရကြောင်းနှင့် သုဓမ္မာလမ်းမကြီးကို အသုံးပြုနေရသော ခရီးသွားမှာလည်း အခက်ကြုံ နေရကြောင်း သိရသည်။ အဝေးပြေးဝင်းမှာ ပိတ်နေတော့ သုဓမ္မာလမ်းတစ်လျှောက်လည်း ပိတ်တာပဲ၊ မြို့ထဲလည်းပိတ်၊ မြို့ပြင်ပိတ်၊ ဘယ်နေရာမဆို ပိတ်နေတော့ ခက်တာပါပဲ၊ ဒါပေမဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းပိတ်တာ၊ ရုံးတက်/ရုံးဆင်း၊ ကျောင်းတက်/ကျောင်းဆင်းချိန်ကြီး ပိတ်နေတော့ အဆင်မပြေဘူး၊ တက္ကသိုလ်ကျောင်းသားတွေက ကိစ္စမရှိပေမဲ့ ရုံးသမားတွေက ဒုက္ခအရမ်း ရောက်တယ်ဟု မင်္ဂလာဒုံမြို့နေ မဥမ္မာက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့တော်စည်ပင် (အခွန်ဌာန)မှ ဌာနခွဲမှူး ဦးဇော်မင်းက ရေမြောင်း ပြင်ဆင်မှုနဲ့ လမ်းမတစ်လျှောက် ကားရပ်နားနေရာတွေ ထည့်သွင်း တည်ဆောက်နေရတဲ့ အတွက်ပါ၊ အရင်လမ်းဟောင်းကို ပြုပြင်ခင်းကျင်းရတာ ဖြစ်တဲ့အတွက် အခက်အခဲတော့ ရှိပါတယ်၊ လမ်းချဲ့မယ့်နေရာက ကန်စွန်းခင်းအဟောင်း တွေဆိုတော့ မြေဖို့တာ ကိုလည်း တော်တော်လေး လုပ်ခဲ့ရတယ်၊ အခုက ၉၀ ရာခိုင်နှုန်းပြီးနေပါပြီ၊ မကြာခင်ဖွင့်နိုင်မှာပါ၊ တစ်ခြမ်းခင်းစနစ်နဲ့ သွားရတဲ့အတွက်ယာဉ်ကြော ပိတ်တာတော့ အနည်းငယ်ရှိမှာပါဟု ပြောသည်။

 

 

Ref: Automobile

Latest News

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »
Download Android App