အာဆီယံစံႏႈန္း ကုန္ႏွင့္ယာဥ္တန္ခ်ိန္ သတ္မွတ္ခ်က္ ႏွစ္ကုန္ပိုင္းတြင္ စတင္အေကာင္အထည္ေဖာ္မည္

ရန္ကုန္၊ ဇန္နဝါရီ ၄

အာဆီယံစံႏႈန္း ယာဥ္ႏွင့္ကုန္တန္ခ်ိန္စနစ္ကို ၂၀၁၅ ခုႏွစ္တြင္ ေဆာင္ရြက္ရန္သတ္မွတ္ထားရာ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာလမွသာ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ထိုအခ်ိန္မတိုင္မီ အထိ သက္ဆိုင္ရာ လမ္းတံတားဂိတ္မ်ားအေနျဖင့္ ပံုမွန္ခြင့္ျပဳထားသည့္ ယာဥ္ႏွင့္ကုန္တန္ခ်ိန္ သတ္မွတ္ခ်က္အတိုင္း ဆက္လက္ေကာက္ခံမည္ျဖစ္ေၾကာင္းႏွင့္ တံတားတန္ပုိဒဏ္ေၾကး ေကာက္ခံမႈႏႈန္းထားမွာမူ ေျပာင္းလဲသတ္မွတ္မႈရွိေၾကာင္း သိရသည္.။

၂၀၁၅ ခုႏွစ္ဇန္နဝါရီလ (၁) ရက္မွ စတင္၍ ေအာင္ေဇယ်ႀကိဳးတံတားတြင္ တန္ပိုျဖတ္သန္းခြင့္မျပဳေတာ့ေၾကာင္း၊ စီမံကိန္းဝင္တံတား၊ သာမန္တံတားမ်ားတြင္ တံတားေၾကးအျဖစ္ ေကာက္ခံရာတြင္ တန္ပိုဒဏ္ေၾကးအျဖစ္ တစ္တန္ႏႈန္း၊ သံုးဘီးဆိုင္ကယ္မွ ဒိုင္နာ၊ ကန္တာႏွင့္ ကိုယ္ထည္အလ်ား ၁၅ေပအထက္ ေျခာက္ဘီးကားမ်ားအတြက္ တံတားေၾကး၏ ၁၀ဆ၊ BM ခရီးသည္တင္ယာဥ္ (လတ္) အမ်ိဳးအစားမွ ေနာက္တြဲမပါ ဝင္ရိုးငါးခုပါ ကုန္တင္ယာဥ္မ်ားအထိ တံတားေၾကး၏ ေျခာက္ဆ၊ ေနာက္တြဲပါ ကုန္တင္ယာဥ္ႀကီးမ်ားအတြက္ တံတားေၾကး၏ သံုးဆကို ဒဏ္ေၾကးအျဖစ္ေကာက္ခံသြားမည္ ဟုေဖာ္ျပထားသည္.။

တံတားတန္ပိုေၾကးကို ယခင္က တံတားေၾကး၏ ၁၀ဆသာ ေကာက္ခံရာမွ ယခုႏႈန္းထားသစ္အရ တစ္တန္ႏႈန္းအျဖစ္ တံတားေၾကး၏ သံုးဆမွ ၁၀ဆအထိ ယာဥ္အမ်ိဳးအစားလိုက္ ခြဲျခားသတ္မွတ္လိုက္သျဖင့္ ရန္ကုန္ၿမိဳ႕တြင္းသြား ကုန္တင္ယာဥ္မ်ားအတြက္ ပိုမိုကုန္က်ႏိုင္ၿပီး အေဝးေျပးကုန္တင္ယာဥ္မ်ားမွာမူ ဒဏ္ေၾကးေပးေဆာင္ရမႈ နည္းပါးႏိုင္ေၾကာင္း ကားဂိတ္ပိုင္ရွင္တစ္ဦးက ေျပာသည္.။

---------------

ရန်ကုန်၊ ဇန်နဝါရီ ၄
အာဆီယံစံနှုန်း ယာဉ်နှင့်ကုန်တန်ချိန်စနစ်ကို ၂၀၁၅ ခုနှစ်တွင် ဆောင်ရွက်ရန်သတ်မှတ်ထားရာ နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှသာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုအချိန်မတိုင်မီ အထိ သက်ဆိုင်ရာ လမ်းတံတားဂိတ်များအနေဖြင့် ပုံမှန်ခွင့်ပြုထားသည့် ယာဉ်နှင့်ကုန်တန်ချိန် သတ်မှတ်ချက်အတိုင်း ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်းနှင့် တံတားတန်ပိုဒဏ်ကြေး ကောက်ခံမှုနှုန်းထားမှာမူ ပြောင်းလဲသတ်မှတ်မှုရှိကြောင်း သိရသည်.။
၂၀၁၅ ခုနှစ်ဇန်နဝါရီလ (၁) ရက်မှ စတင်၍ အောင်ဇေယျကြိုးတံတားတွင် တန်ပိုဖြတ်သန်းခွင့်မပြုတော့ကြောင်း၊ စီမံကိန်းဝင်တံတား၊ သာမန်တံတားများတွင် တံတားကြေးအဖြစ် ကောက်ခံရာတွင် တန်ပိုဒဏ်ကြေးအဖြစ် တစ်တန်နှုန်း၊ သုံးဘီးဆိုင်ကယ်မှ ဒိုင်နာ၊ ကန်တာနှင့် ကိုယ်ထည်အလျား ၁၅ပေအထက် ခြောက်ဘီးကားများအတွက် တံတားကြေး၏ ၁ဝဆ၊ BM ခရီးသည်တင်ယာဉ် (လတ်) အမျိုးအစားမှ နောက်တွဲမပါ ဝင်ရိုးငါးခုပါ ကုန်တင်ယာဉ်များအထိ တံတားကြေး၏ ခြောက်ဆ၊ နောက်တွဲပါ ကုန်တင်ယာဉ်ကြီးများအတွက် တံတားကြေး၏ သုံးဆကို ဒဏ်ကြေးအဖြစ်ကောက်ခံသွားမည် ဟုဖော်ပြထားသည်.။
တံတားတန်ပိုကြေးကို ယခင်က တံတားကြေး၏ ၁ဝဆသာ ကောက်ခံရာမှ ယခုနှုန်းထားသစ်အရ တစ်တန်နှုန်းအဖြစ် တံတားကြေး၏ သုံးဆမှ ၁ဝဆအထိ ယာဉ်အမျိုးအစားလိုက် ခွဲခြားသတ်မှတ်လိုက်သဖြင့် ရန်ကုန်မြို့တွင်းသွား ကုန်တင်ယာဉ်များအတွက် ပိုမိုကုန်ကျနိုင်ပြီး အဝေးပြေးကုန်တင်ယာဉ်များမှာမူ ဒဏ်ကြေးပေးဆောင်ရမှု နည်းပါးနိုင်ကြောင်း ကားဂိတ်ပိုင်ရှင်တစ်ဦးက ပြောသည်.။

 

Aung Mon Chan

www.myanmarcarsdb.com

Latest News

သယ္ယူပိုု႔ေဆာင္ေရးမူဝါဒႏွင့္...

Img 4279 150x150

Zawgyi Version • ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာအရ လိုင္စင္မဲ့ without ကားမ်ားကို ဖမ္းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္ဘာလတြင္ လိုင္စင္မဲ့ကား ၁၆...

Read more »

Suzuki Ciaz brand new ကားဝယ္​ယူရန္​...

Ciaz 150x150

Zawgyi Version ျမန္​မာႏိုင္​ငံတြင္​ SKD စနစ္​ျဖင့္ တပ္ဆင္​ထုတ္​လုပ္​​ေနသည့္ Suzuki ကားထုတ္​လုပ္​သည့္ စက္ရံုမွ Suzuki Ciaz brand new...

Read more »

တစ္​ႏိုင္​ငံလံုး ဒီဇင္​ဘာလအတြင္​း...

Zawgyi Version ျမန္​မာတစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ လိုင္​စင္​မဲ့ without ကားမ်ားကို ဖမ္​းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္​ဘာလတြင္​...

Read more »

ရိုုးမ ရန္ကုုန္အျပည္ျပည္ဆုုိင္ရာ...

Yyim 2017 participants cross the finish line image credit to yoma strategic holdings ltd 150x150

Zawgyi Version Yoma Strategic Holdings၊ First Myanmar Investment (FMI) ႏွင့္ ရန္ကုုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတိုု႔ ဦးစီး က်င္းပသည့္...

Read more »

ရန္ကုန္တြင္ ေျမေအာက္လူကူးလမ္း တည္​​ေဆာက္​မည့္...

Latest news1 1 150x150

Zawgyi Version ရန္ကုန္ျမိဳ႕ လူစည္​ကားရာ​ေနရာမ်ားတြင္​ တည္​​ေဆာက္​မည့္ ေျမေအာက္လူကူးလမ္း(underpass) စီမံကိန္​း ၃ ခုကို တင္ဒါေခၚယူမႈ...

Read more »