Apple မှ ကိုယ်တိုင်မောင်းနှင်နိုင်သော Self-driving Car တစ်မျိုး စမ်းသပ်မည်ဟု သတင်းထွက်
Ref: Business Insider
www.carsdb.com
No.1 Car Site in Myanmar
Unicode Version
မေလမှာ ထွက်ပေါ်ခဲ့တဲ့ စာတမ်းတစ်ခုကို ကိုးကားပြီး Apple ရဲ့ Self-driving Car အကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာပါတယ်.။ အဆိုပါစာတမ်းအရ Apple ရဲ့ အင်ဂျင်နီယာများဟာ ကားများစမ်းသပ်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့  GoMentum Station ရဲ့ အုပ်ချုပ်သူများနဲ့ မေလအတွင်းက တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်.။ ဒီ  GoMentum Station ဟာ ဆမ်ဖရန်စစ္စကိုမှာ တည်ရှိတဲ့ ဧက 2,100 ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်.။
တွေ့ဆုံရတဲ့ အကြောင်းအရင်းအတိအကျ ကိုမသိရပေမယ့် Apple ဟာ ကားတီထွင်ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေခဲ့တာ ကာလအတန်ကြာပြီဖြစ်တဲ့အတွက် ဒီတွေ့ဆုံမှုဟာ Apple က ထုတ်လုပ်မယ့်ကားများ စမ်းသပ်ဖို့အတွက် ဖြစ်တယ်လို့ ထင်မြင်ယူဆရပါတယ်.။
တစ်ချိန်တည်းမှာပဲ Apple CEO Tim Cook ဟာ ဂျာမနီနိုင်ငံရှိ BMW ဌာနချုပ်ကို သွားရောက်ခဲ့ပြီး Apple Car အဖြစ် အသုံးပြုမယ့် BMW i3 ကားကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်.။ BMW i3 ဟာ ၄ ယောက်စီး လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး တံခါးလေးပေါက် ရင်ကွဲတံခါး အမျိုးအစားဖြစ်ပါတယ်.။
Apple Car အဖြစ်ပြောင်းလဲထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ BMW i3 ဟာ လျှပ်စစ်ကားအမျိုးအစား ဖြစ်တဲ့အတွက် လျှပ်စစ်ကားတွေရဲ့ သဘောတရားအတိုင်း မိုင်အနည်းငယ်သာ မောင်းနှင်နိုင်ပြီး လျှပ်စစ်အားပြန်သွင်းဖို့လိုမှာဖြစ်ပါတယ်.။ ဒီအချက်ကို ဖြေရှင်းဖို့ BMW ဟာ i3 ရဲ့ Extended Model တစ်ခုကို ထုတ်လုပ်ထားပါတယ်.။ ဒီ မော်ဒယ်မှာ လောင်စာဆီထည့်သွင်းနိုင်တဲ့ မော်တာတစ်လုံးပါဝင်ပြီး ဒီမော်တာဟာ လျှပ်စစ်ဂျင်နရေတာကို အားပြန်လည်ဖြည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်.။ ဒီ Extended Model ကားဟာ မိုင် 150 မောင်းနှင်နိုင်မှာဖြစ်တယ်လို့ BMW က ဆိုပါတယ်.။
Google ဟာလဲ Self-driving Car Project ကို စမ်းသပ်မောင်းနှင်နေခဲ့တာ အများသိပြီးဖြစ်ပါတယ်.။ Apple ဟာ ဒီစျေးကွက်ထဲမှာ Google ကို ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုကြိုးစားလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်.။
Ref: Business Insider
Written by: အောင်မွန်ချမ်း
www.carsdb.com
No.1 Car Site in Myanmar
Latest News
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »