အရက္ေသာက္ၿပီး ယာဥ္ေမာင္းမယ္ဆိုရင္

ဒီေန႔ စိတ္ဝင္စားစရာ ေဆာင္းပါးတစ္ပုဒ္ဖတ္လိုက္ရပါတယ္.။ RoadSafety Website ကျဖစ္ပါတယ္.။ ေဆာင္းပါးမွာေရးထားတာက အေမရိကန္မွာ ယာဥ္ေမာင္း (၆) ဦး အနက္ (၁) ဦးဟာ မနက္ပိုင္းမွာစစ္ေဆးတဲ့ Alcoholic Test ကို က်ရံႈးတဲ့အေၾကာင္းပါ.။ ေဆာင္းပါးရဲ႕ အဆိုအရ ယမန္ေန႔ညက ေသာက္ခဲ့တဲ့ Alcohol ဟာ ဒီေန႔မနက္မွာ ေရဘယ္ေလာက္ခ်ိဳးခ်ိဳး၊ ေကာ္ဖီဘယ္ေလာက္ေသာက္ေသာက္ မေပ်ာက္ပါဘူးတဲ့.။ အဲဒီလို မေပ်ာက္ေပမယ့္ ယာဥ္ေမာင္းအတြက္ကေတာ့ ေခါင္းၾကည္ၿပီး အရက္ရဲ႕ Effect ေတြဘာမွ မခံစားရတဲ့အတြက္ မသိႏိုင္ပါဘူး.။ အေမရိကန္ရဲေတြက စစ္ေဆးလိုက္တဲ့အခါမွာေတာ့ ေသြးထဲမွာ အရက္ပါဝင္မႈႏႈန္းဟာ သတ္မွတ္ခ်က္ထက္ မ်ားေနပါေတာ့တယ္.။ ဒီအခါ ဥပေဒအရ အျပစ္ေပးခံရပါတယ္.။

ဥပမာအေနနဲ႔ ျပရရင္ သင္ဟာ ဝိုင္တစ္လံုးကို ညေနပိုင္းကစေသာက္ၿပီး ညသန္းေခါင္အခ်ိန္မွာ ကုန္သြားတယ္ဆိုပါစို႔.. ဒါဆိုရင္ မနက္လင္းတဲ့အခါ သင့္စိတ္ထဲမွာ ၾကည္ၾကည္လင္လင္ရွိေနေပမယ့္ သင့္ေသြးထဲက Alcohol ကေတာ့ ေန႔လည္ (၁၂) နာရီအထိ က်န္ရွိေနပါေသးသတဲ့..

ေအာက္မွာေဖာ္ျပထားတာကေတာ့ ေသြးထဲမွာရွိေနတဲ့ Alcohol ကုန္ဆံုးသြားရန္ အၾကမ္းျဖင္းၾကာခ်ိန္ ျဖစ္ပါတယ္.။

Alcohol 5% ပါဝင္တဲ့ 330ml ပုလင္းေသးတစ္လံုး : ၂ နာရီ
Alcohol 15% ပါဝင္တဲ့ ဝိုင္ခြက္ ခပ္ႀကီးႀကီးတစ္ခြက္ : ၄ နာရီ
Alcohol 4% ပါဝင္တဲ့ ဘီယာ ငါးၾကင္းခြက္တစ္ခြက္ : ၂ နာရီခြဲ
Alcohol 5% ပါဝင္တဲ့ ဘီယာ၊ ဝိုင္ ငါးၾကင္းခြက္တစ္ခြက္ : ၃ နာရီ
Vodka တစ္ပက္ : ၁ နာရီခြဲ
Alcohol 15% ပါဝင္တဲ့ ဝိုင္တစ္ပုလင္း : ၁၂ နာရီ
Alcohol 5% ပါဝင္တဲ့ ဘီယာတစ္ဗူး : ၂ နာရီခြဲ

ဒါကေတာ့ အၾကမ္းျဖင္းပါ.။ ေသာက္သံုးသူရဲ႕ က်န္းမာေရး၊ ေဆးဝါးေတြေသာက္သံုးမႈ၊ အစားအစာ နဲ႔ ေယာက္်ားမိန္းမ ဒါေတြအေပၚမွာလိုက္ၿပီး ေျပာင္းလဲမႈရွိႏိုင္ပါတယ္.။

အေကာင္းဆံုးကေတာ့ ယာဥ္ေမာင္းမယ္ဆိုရင္ ဘာမွမေသာက္တာအေကာင္းဆံုးပါ.။ ေနာက္တစ္ေန႔မွာ ေမာင္းစရာရွိတယ္ဆိုရင္လဲ ယေန႔ညမွာ အမ်ားႀကီးမေသာက္တာ ေကာင္းပါတယ္.။ အရက္ေသာက္သံုးၿပီး ယာဥ္ေမာင္းျခင္းျဖင့္ ဥပေဒအရ အေရးယူခံရတာထက္ မိမိရဲ႕ အသက္အႏၱရာယ္၊ ယာဥ္ေပၚပါလာသူေတြရဲ႕ အႏၱရာယ္ကို ထိခိုက္ေစႏိုင္ပါတယ္.။ အေမရိကန္မွာေတာ့ ရဲေတြက Alcohol စစ္တဲ့ကိရိယာေတြနဲ႔ မသကၤာသူေတြကို ခ်က္ခ်င္းစစ္ေဆးပါတယ္.။ ဒီမွာကေတာ့ အဲဒီလိုစစ္ေဆးမႈ မရွိတဲ့အတြက္ အရက္ေသာက္သံုးၿပီး ေမာင္းႏွင္သူေတြ ရွိေနၾကပါတယ္.။ ဒါေၾကာင့္ MyanmarCarsDB ပရိသတ္မ်ား အႏၱရာယ္ကင္းေစဖို႔ တင္ျပေပးလိုက္ပါတယ္.။

Aung Mon Chan
www.myanmarcarsdb.com
No. 1 Car Site in Myanmar

Ref: RoadSafety.com



Unicode Version

ဒီနေ့ စိတ်ဝင်စားစရာ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါတယ်.။ RoadSafety Website ကဖြစ်ပါတယ်.။ ဆောင်းပါးမှာရေးထားတာက အမေရိကန်မှာ ယာဉ်မောင်း (၆) ဦး အနက် (၁) ဦးဟာ မနက်ပိုင်းမှာစစ်ဆေးတဲ့ Alcoholic Test ကို ကျရှုံးတဲ့အကြောင်းပါ.။ ဆောင်းပါးရဲ့ အဆိုအရ ယမန်နေ့ညက သောက်ခဲ့တဲ့ Alcohol ဟာ ဒီနေ့မနက်မှာ ရေဘယ်လောက်ချိုးချိုး၊ ကော်ဖီဘယ်လောက်သောက်သောက် မပျောက်ပါဘူးတဲ့.။ အဲဒီလို မပျောက်ပေမယ့် ယာဉ်မောင်းအတွက်ကတော့ ခေါင်းကြည်ပြီး အရက်ရဲ့ Effect တွေဘာမှ မခံစားရတဲ့အတွက် မသိနိုင်ပါဘူး.။ အမေရိကန်ရဲတွေက စစ်ဆေးလိုက်တဲ့အခါမှာတော့ သွေးထဲမှာ အရက်ပါဝင်မှုနှုန်းဟာ သတ်မှတ်ချက်ထက် များနေပါတော့တယ်.။ ဒီအခါ ဥပဒေအရ အပြစ်ပေးခံရပါတယ်.။

ဥပမာအနေနဲ့ ပြရရင် သင်ဟာ ဝိုင်တစ်လုံးကို ညနေပိုင်းကစသောက်ပြီး ညသန်းခေါင်အချိန်မှာ ကုန်သွားတယ်ဆိုပါစို့.. ဒါဆိုရင် မနက်လင်းတဲ့အခါ သင့်စိတ်ထဲမှာ ကြည်ကြည်လင်လင်ရှိနေပေမယ့် သင့်သွေးထဲက Alcohol ကတော့ နေ့လည် (၁၂) နာရီအထိ ကျန်ရှိနေပါသေးသတဲ့..

အောက်မှာဖော်ပြထားတာကတော့ သွေးထဲမှာရှိနေတဲ့ Alcohol ကုန်ဆုံးသွားရန် အကြမ်းဖြင်းကြာချိန် ဖြစ်ပါတယ်.။

Alcohol 5% ပါဝင်တဲ့ 330ml ပုလင်းသေးတစ်လုံး : ၂ နာရီ
Alcohol 15% ပါဝင်တဲ့ ဝိုင်ခွက် ခပ်ကြီးကြီးတစ်ခွက် : ၄ နာရီ
Alcohol 4% ပါဝင်တဲ့ ဘီယာ ငါးကြင်းခွက်တစ်ခွက် : ၂ နာရီခွဲ
Alcohol 5% ပါဝင်တဲ့ ဘီယာ၊ ဝိုင် ငါးကြင်းခွက်တစ်ခွက် : ၃ နာရီ
Vodka တစ်ပက် : ၁ နာရီခွဲ
Alcohol 15% ပါဝင်တဲ့ ဝိုင်တစ်ပုလင်း : ၁၂ နာရီ
Alcohol 5% ပါဝင်တဲ့ ဘီယာတစ်ဗူး : ၂ နာရီခွဲ

ဒါကတော့ အကြမ်းဖြင်းပါ.။ သောက်သုံးသူရဲ့ ကျန်းမာရေး၊ ဆေးဝါးတွေသောက်သုံးမှု၊ အစားအစာ နဲ့ ယောက်ျားမိန်းမ ဒါတွေအပေါ်မှာလိုက်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်.။

အကောင်းဆုံးကတော့ ယာဉ်မောင်းမယ်ဆိုရင် ဘာမှမသောက်တာအကောင်းဆုံးပါ.။ နောက်တစ်နေ့မှာ မောင်းစရာရှိတယ်ဆိုရင်လဲ ယနေ့ညမှာ အများကြီးမသောက်တာ ကောင်းပါတယ်.။ အရက်သောက်သုံးပြီး ယာဉ်မောင်းခြင်းဖြင့် ဥပဒေအရ အရေးယူခံရတာထက် မိမိရဲ့ အသက်အန္တရာယ်၊ ယာဉ်ပေါ်ပါလာသူတွေရဲ့ အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်.။ အမေရိကန်မှာတော့ ရဲတွေက Alcohol စစ်တဲ့ကိရိယာတွေနဲ့ မသင်္ကာသူတွေကို ချက်ချင်းစစ်ဆေးပါတယ်.။ ဒီမှာကတော့ အဲဒီလိုစစ်ဆေးမှု မရှိတဲ့အတွက် အရက်သောက်သုံးပြီး မောင်းနှင်သူတွေ ရှိနေကြပါတယ်.။ ဒါကြောင့် MyanmarCarsDB ပရိသတ်များ အန္တရာယ်ကင်းစေဖို့ တင်ပြပေးလိုက်ပါတယ်.။

Aung Mon Chan
www.myanmarcarsdb.com
No. 1 Car Site in Myanmar

Ref: RoadSafety.com

Latest News

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »