အရက်သေစာ သောက်စား၍ အရှိန်ပြင်းစွာယာဉ်မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်သေစာ သောက်စား၍ အရှိန်ပြင်းစွာ ယာဉ်မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေအရ အများဆုံး ထောင်ဒဏ်တစ်နှစ်အထိ ကျခံစေ မည် ဖြစ်ကြောင်း

2 (2)

‘အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်း ရရှိသည်။ မော်တော်ယာဉ်အား အရက် သေစာသောက်စား၍ ဖြစ်စေ၊ အရှိန်ပြင်းစွာ မောင်းနှင်၍ဖြစ်စေ၊ ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်၍ ဖြစ်စေ၊ မော်တော်ယာဉ် အာမခံထားရှိခြင်း မရှိသည့် သက်တမ်းပျက်ယာဉ်နှင့် အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်တွင် မောင်းနှင်ခြင်း များအား ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ “အရက်သေစာ မူးယစ်သောက် စားထားတယ်၊ မထားဘူး ဆိုတာကို စစ်ဖို့အတွက် Alcohol တွေကို အသုံးပြုမယ်၊ အရှိန်ပြင်း မောင်းနှင်တာတွေကို စစ်ဆေးဖို့ အမြန်နှုန်းတိုင်း ကိရိယာတွေကို အသုံးပြုဆောင်ရွက်သွားမှာပါ၊ စစ်ဆေးမှုကို မကြာမီအမြန် ဆုံးဆောင် ရွက်သွားမှာပါ”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်၌ မဆင်မခြင် မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေ ပုဒ်မ(၂၁) အရ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်ငွေ (၅၀၀) အထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်ပြီး ယင်းပြစ်မှုအား တစ်နှစ် အတွင်း ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ငါးရာမှ ၁,၅၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်ကြောင်း သိရ သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အရက်သေစာ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခဲ့သူ တစ်ဦးအား ထောင်ဒဏ် တစ်လချမှတ် အရေးယူ ဆောင်ရွက်မှုပြုခဲ့ ပြီး ယခုနောက်ပိုင်း၌ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေနိုင်မှုကို မကြာမီကာလအတွင်း ဆောင်ရွက်မည် ဖြစ်သည်ဟု အထက်ပါ ဌာနမှ သိရသည်။


 

Ref : Automobile

Latest News

ကနဦးမှတ်​ပုံတင်​​ငွေခန်းကို ဧပြီ ၃ ရက်​...

Grewgwreg 150x150

မော်​​တော်​ယာဉ်​များကနဦးမှတ်​ပုံတင်​လုပ်​ငန်း​ဆောင်​ရွက်​သည့်​ ​ငွေခန်းကို ဧပြီ ၃ ရက်​တွင်​ပြန်​လည်​လုပ်​​ဆောင်​​ပေးသွားမှာဖြစ်​တယ်​လို့...

Read more »

သင်္ကြန်​ရက်​များတွင်​ ကားတင်​သွင်းသည့်​...

Gege 150x150

ကားတင်​သွင်းသည့်​ လိုင်​စင်လျှောက်​ထားခြင်း သင်္ကြန်​ရက်​များတွင်​လည်း လုပ်​​ဆောင်​​​​​ပေးသွားမည်​ဖြစ်​တယ်​လို့...

Read more »

သင်္ကြန်ကာလအဝေးပြေးခရီးယာဉ်များနှင့် YBS ယာဉ်များ...

2012 yangon thingyan yelwinoo 18 150x150

သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးတွင်​ ​ပြေးဆွဲ​နေသည့်​ အဝေးပြေး ခရီးသည် တင်ယာဉ်များနှင့် YBS ယာဉ်များကို မူလသတ်မှတ် ဈေးနှုန်းထား အတိုင်း...

Read more »

စက်သုံးဆီလုပ်ငန်းများကို ...

Petrol 150x150

စက်သုံးဆီလုပ်ငန်းများကိုပြည်ပစီးပွားရေးလုပ်ငန်းရှင်များအား မကြာခင် လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မြန်မာ့ရင်းနှီးမြုပ်နှံမှူ ကော်မရှင်က...

Read more »

ကညနနှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်းကို...

Car exchange auto yangon ka nya na 150x150

ကညန နှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်း ပုဂ္ဂလိကအား သတ်​မှတ်​ချက်​နဲ့အညီ ​လုပ်​ကိုင်​ခွင့်​ပြုသွားမည်​ဖြစ်​​တယ်လို့...

Read more »
Download Android App