fb-pageview-tracker
တစ်​နိုင်​ငံလုံးတွင်​ ၄ လအတွင်း လိုင်​စင်​မဲ့ ကားအစီးရေ ၉၇ စီး ဖမ်းဆီးရမိ၊ အ​ထောက်​အထားအတုများဖြင့်​ လိုင်​စင်​မဲ့ကားစီး​နေသူများကိုပါ ထိ​ရောက်​စွာစစ်​​ဆေးမည်


Zawgyi Version


ရန်​ကုန်​တိုင်း​ဒေသအတွင်း​၌လည်း တရားမဝင်လိုင်​စင်​မဲ့ကားများကို ထိ​ရောက်​စွာအ​ရေးယူမှုများ ပြုလုပ်​နိုင်​ရန်​ စီမံချက်​ဖြင့်​ ဌာန​ပေါင်းစုံပါဝင်​​သောအဖွဲ့ ၁၀ ဖွဲ့နှင့် ဖမ်းဆီးစစ်ေ​ဆးမှုများပြုလုပ်​​နေရာ ၂၀၁၉ ခုနှစ်​၊ ဇန်​နဝါရီလမှ ဧပြီလအထိ ရန်​ကုန်​တိုင်းတွင်​ လိုင်​စင်​မဲ့ကားအစီး​ရေ ၄၃ စီး၊ တနင်္သာရီတိုင်း​ဒေသကြီးတွင်​ ၇ စီး၊ မွန်ပြည်​တွင်​ ၄၃ စီး၊ ဧရာဝတီတိုင်း​ဒေသကြီးတွင်​ ၄ စီး စုစု​ပေါင်း လိုင်​စင်​မဲ့ကားဖမ်းဆီးရရှိခဲ့မှု ၉၇ စီးကို ဖမ်းဆီးရမိခဲ့​ကြောင်း ယခင်​နှစ်​များထက်​ပိုမို၍ဖမ်းဆီးရမိမှု များပြားလာခဲ့​ကြောင်းသိရသည်​။




Unicode Version

တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၉ ခုနှစ် ၄ လတာကာလအတွင်း တရားမဝင် စီးနင်းမောင်းနှင်နေလျက်ရှိသည့် လိုင်စင်မဲ့ကားအစီးရေ ၉၇ စီးကို ဖမ်းဆီးရမိခဲ့ပြီး အထောက်အထားအတုများဖြင့် လိုင်စင်မဲ့ကားစီးနေသူများကိုပါ ထိရောက်စွာစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသအတွင်း၌လည်း တရားမဝင်လိုင်စင်မဲ့ကားများကို ထိရောက်စွာအရေးယူမှုများ ပြုလုပ်နိုင်ရန် စီမံချက်ဖြင့် ဌာနပေါင်းစုံပါဝင်သောအဖွဲ့ ၁၀ ဖွဲ့နှင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ရန်ကုန်တိုင်းတွင် လိုင်စင်မဲ့ကားအစီးရေ ၄၃ စီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇ စီး၊ မွန်ပြည်တွင် ၄၃ စီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ စီး စုစုပေါင်း လိုင်စင်မဲ့ကားဖမ်းဆီးရရှိခဲ့မှု ၉၇ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ယခင်နှစ်များထက်ပိုမို၍ဖမ်းဆီးရမိမှု များပြားလာခဲ့ကြောင်းသိရသည်။

“လိုင်စင်မဲ့ကားဖမ်းဆီးရမိခဲ့တာက ဒီနှစ်ထဲမှာ ၉၇ စီးအထိ ဖမ်းဆီးရမိထားတယ်။ အရင်နှစ်တွေထက်စာရင် ပိုပြီး ဖမ်းဆီးရမိပါတယ်။ လိုင်စင်မဲ့ကားကို ရန်ကုန်တိုင်းမှာလည်း စီမံချက်နဲ့ဖမ်းဆီးတာတွေလုပ်နေတယ်။ အထောက်အထားအတုနဲ့ လိုင်စင်မဲ့ကားစီးနင်းတာတွေလည်း ထိထိရောက်ရောက် စစ်ဆေးတာတွေလုပ်သွားမှာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီးအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားမဝင်လိုင်စင်မဲ့ကားများကို ဖမ်းဆီးစစ်ဆေးနေလျက်ရှိရာ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးအတွင်း လိုင်စင်မဲ့ကား ၁၃၀ စီးနှင့် စည်းကမ်းပျက်ကား အစီးရေ ၁,၄၀၀ ကျော်ဖမ်းဆီးရရှိခဲ့ပြီး မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လိုင်စင်မဲ့ကား အများဆုံးဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

Latest News

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွ...

Zawgyi Version ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍...

Read more »

အို​ဟောင်း​နေသည့်​ ၁၉၉၉ မော်ဒယ်​မှ ၂၀၀၃...

Zawgyi Version ရန်​ကုန်​တိုင်းေ​ဒသကြီးတွင်​ ​မောင်းနှင်​​သွားလာ​နေ​သော အို​ဟောင်း​နေသည့်​ ၁၉၉၉ မော်ဒယ်​မှ ၂၀၀၃ မော်ဒယ်​ YBS...

Read more »

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ရဲ့ စီးတော်ယာဉ်...

Zawgyi Version လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီးနင်းအသုံးပြုနေတဲ့ကားဟာ အိမ်ဖြူတော်အတွက် သီးသန့်သတ်မှတ်ထားတဲ့ official state car...

Read more »

ကျောင်းတက်​​ကျောင်းဆင်းချိန်​...

Zawgyi Version ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ကျောင်းတက်​​၊ ကျောင်းဆင်းချိန်​ မိုးရွာသွန်းမှု များပြားလာ​သောအချိန်များ၌​...

Read more »

ယာဉ်သက်တမ်းတိုးရန် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို...

Zawgyi Version ယာဉ်သက်တမ်းတိုးရန် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရေးအတွက် မော်တော်ယာဉ်နည်းဥပဒေ...

Read more »