‘အ’အက္ခရာ လက်ခံနေသော်လည်း ‘၂ က’ အထိ အ၀ယ်ရှိ၍ စလစ်ဈေး မြင့်တက်နေ

‘အ’ အက္ခရာအပ်နှံမှု လက်ခံလျက် ရှိသော်လည်း ‘၂က’ အထိ အ၀ယ် ရှိနေ၍ စလစ်ဈေးများ မြင့်တက်လျက်ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များသင်းနှင့် ကား ၀ယ်/ရောင်းများထံမှ စုံစမ်း သိရှိရသည်။                  a


အက္ခရာအကုန် လက်ခံမည် ဟု ကညနမှ သတင်းထွက်ပေါ်ခဲ့သည့်အတွက် ဈေးကွက်အတွင်း လက်ရှိ အပ်ခံလျက်ရှိသော ‘အ’ အက္ခရာမှာ ငွေကျပ် သိန်း ၁၁၀ မှ ၁၂၀ ကြားတွင် ပေါက်ဈေးရှိကာ ဆက်စပ်အက္ခရာ ‘၂က’မှာ ငွေကျပ် သိန်းကိုးဆယ် ၀န်းကျင်ခန့်အထိ ဈေး မြင့်တက်ခဲ့ကြောင်း သိရသည်။ အဓိကအားဖြင့် ဈေးကစား သူများမှာ ‘၂က’ အထိ ၀ယ်ယူ စုဆောင်းမှုများကြောင့် ဖြစ်ပြီး စလစ်ဈေးမှာလည်း ဈေးကစားသူများကြောင့် မြင့်တက်လာကြောင်း သိရသည်။ “ ‘အ’အက္ခရာက လက်ရှိမှာ သိန်း ၁၂၀ လောက် ပေါက်ဈေး ရှိတယ် ကြားတယ်၊ ‘အ’ ပြီးရင် ‘၁က’လာ၊ မလာက ကျိန်းသေ ပြောလို့မရဘူး၊ စလစ်ဈေး ၁၂၀ လောက် မြင့်နေပြီဆိုပေမဲ့ ဈေးဆွဲချမယ့် အစီအစဉ် ဌာန မှာ မရှိသေးဘူး၊ ဈေးကတော့ ဈေးကစားသူကြောင့် ဖြစ်နေတာပါ”ဟု ‘ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန’မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။လက်ရှိတွင် မော်တော်ယာဉ် ဈေးကွက်၌ အက္ခရာ စလစ်ဈေး မြင့်တက်မှုကြောင့် မော်တော်ယာဉ် တန်ဖိုးပါ လိုက်ပါမြင့်တက်လာသည့်အတွက် အရောင်းစင်တာများထက် ၀ယ်/ရောင်း များ၏ ပွဲစားတန်းနှင့် ပျံကျနှစ်ဦးနှစ်ဖက် ရောင်းဝယ်မှုသာ အဆင်ပြေလျက် ရှိကြောင်း၊ ‘အ’အက္ခရာမှာ မတ် ၁၇ ရက်အထိ အစီးရေ ၇,၀၈၅ စီး အပ်နှံပြီးဖြစ်ကာ အစီးရေ ၁,၅၃၃ စီး အပ်နှံရန် ကျန်ရှိနေသေးကြောင်း သိရသည်။


 

Ref: Automobile

 

Latest News

၁၉၉၅ မိုဒယ်​​အောက်​ကားများ ​...

2232 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းတွင်​ ​ပြေးဆွဲ​နေ​သော ၁၉၉၅ မိုဒယ်​​အောက်​ကားများကို ယာဉ်​အပ်​နှံမှူ ဇွန်​ ၃၀ အစား ရက်​ထပ်​မံတိုး...

Read more »

အမြန်လမ်းမပေါ်တွင် အိမ်စီးကားမှလွဲ၍...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »

ခရီးသည်​တင်​ အပ်​နှံပြီး လူစီးစလစ်​များ ...

Weekly price 6 27 2017 1 150x150

Photo Credit ရန်​ကုန်​တိုင်း​ဒေသကြီး ခရီးသည်​တင်​ယာဉ်များ ​အပ်​နှံပြီး လူစီးစလစ်များလာ​သော်​လည်း အ​ရောင်းအဝယ်​မလုပ်​ဘဲ...

Read more »

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »
Download Android App