• Home
  • Car News
  • ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၁)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၁)

  • 82 views

 

(၆) “မဆိုင်းရ”၊ “မရပ်နားရ” ဆိုင်းဘုတ်ကို အောက်ခံအပြာရောင်စက်ဝိုင်းတွင် ဘေးအနားသားများနှင့် ကြက်ခြေခတ်မျဉ်းတို့ကို အနီရောင်ဖြင့်ရေးဆွဲရမည်။ ကြက်ခြေခတ်မျဉ်း၏ အတိုင်းအတာသည် ၄.၇၅ လက်မ (၁၂ စင်တီ မီတာ) ထက် မကျယ်စေရ။ အနားသားများနှင့် ကြက်ခြေခတ်မျဉ်းတို့၏ အတိုင်းအတာတို့သည် တူညီရမည်။ ယာဉ်များကို လုံးဝရပ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း မပြုစေလိုသည့် နေရာများတွင် ဤဆိုင်းဘုတ်ကို အသုံးပြုရမည်။ ယာဉ်များ မဆိုင်းရ၊ မရပ်နားရသောလမ်း၏ “အစ” နှင့် “အဆုံး” နေရာတို့တွင် ယင်းဆိုင်းဘုတ်များကို စိုက်ထူထားပြီး “ယာဉ်မဆိုင်းရ၊ မရပ်နားရလမ်းအစ” နှင့် “ယာဉ်မဆိုင်းရ၊ မရပ်နားရ လမ်းဆုံး” စာသားများကို အောက်ခံအဖြူရောင်၊ အနားကွပ်အနီရောင် အလျားလိုက်စတုဂံပြား ပေါ်တွင် အနက်ရောင်ဖြင့်ရေးသား၍ ဆိုင်းဘုတ်အောက်၌ ဖော်ပြ ရမည်။ (ပုံ-၁၁၆)

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com