• Home
  • Car News
  • ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၀)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၀)

  • 124 views

 

(၅) “မရပ်နားရ” ဆိုင်းဘုတ်ကို အောက်ခံအပြာရောင်စက်ဝိုင်း နောက်ဆက်တွဲ ပေါ်၌ ဘေးအနားသားများနှင့် ထောင့်ဖြတ်မျဉ်းတို့ကို အနီရောင်ဖြင့်ရေးဆွဲထားသည့် ဆိုင်းဘုတ် သို့မဟုတ် အောက်ခံအဖြူရောင်စက်ဝိုင်းတွင် ဘေးအနားသားများနှင့်ထောင့်ဖြတ်မျဉ်းတို့ကို အနီရောင်ဖြင့်ရေးဆွဲထားပြီး Parking စကားရပ်၏ အတိုကောက် “P” စာလုံးကို အနက်ရောင်ဖြင့် ရေးဆွဲဖော်ပြရမည်။ ထောင့်ဖြတ်မျဉ်းကို အထက်လက်ဝဲဘက်မှ အောက်လက်ယာဘက်သို့ ရေးဆွဲရမည်။ ဘေးအနားသားနှင့် ထောင့်ဖြတ်မျဉ်းတို့၏ အတိုင်းအတာသည် တူညီရမည်။ထောင့်ဖြတ်မျဉ်း၏ အတိုင်းအတာသည် ၄.၇၅ လက်မ (၁၂ စင်တီမီတာ)ထက် မကျယ်စေရ။ ခရီးသည် သို့မဟုတ် ကုန်ပစ္စည်းတင်ချရန် ယာဉ်ကိုခေတ္တခဏ ရပ်ဆိုင်းလိုပါက ရပ်ဆိုင်းနိုင်ပြီး မရပ်နားစေ လိုသည့် နေရာများတွင်ဤဆိုင်းဘုတ်ကို အသုံးပြုရမည်။ ယာဉ်များကို မရပ်နားစေလိုသည့် လမ်း၏“အစ” နှင့် “အဆုံး” နေရာတို့တွင် ယင်းဆိုင်းဘုတ်များကို စိုက်ထူထားရမည်။ထိုသို့ စိုက်ထူရာ၌ “ယာဉ်မရပ်နားရ လမ်းအစ” နှင့် “ယာဉ်မရပ်နားရလမ်းအဆုံး” စာသားများကို အောက်ခံအဖြူရောင်ပေါ်၌ အနားကွပ်အနီရောင် အလျားလိုက်စတုဂံပြားတွင် အနက်ရောင်စာသားဖြင့် ရေးသားရမည်။

 

 

ထို့ပြင် မရပ်နားစေလိုသည့် သို့မဟုတ် ရပ်နားစေလိုသည့်အချိန်၊ နေ့ရက်တို့ကိုရေးသား၍ ယာဉ်ရပ်နားခြင်းကို ကန့်သတ်လိုပါက အောက်ခံအဖြူရောင်တွင် အနားကွပ် အနီရောင်အလျားလိုက် စတုဂံပြားပေါ်၌ အချိန်၊ နေ့ရက်စာသားတို့ကို အနက်ရောင်ဖြင့်ရေးသား၍ သက်ဆိုင်ရာဆိုင်းဘုတ်အောက်တွင်ဖော်ပြနိုင်သည်။ (ပုံ-၁၁၄၊ ၁၁၅)

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com