- Home
- Car News
- ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၆)
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၆)
- 210 views
(၅) “ဦးစားရလမ်းနယ်ဆုံး” ဆိုင်းဘုတ်ကို အပေါ်လက်ယာဘက်မှ အောက် လက်ဝဲဘက်အခြေသို့ ရေးဆွဲထားသည့် အနက်ရောင်ထောင့်ဖြတ်မျဉ်း သင်္ကေတဖြင့် ဖော်ပြရမည်။ ထောင့်ဖြတ်မျဉ်း၏ အကျယ်သည် ၄.၇၅ လက်မ (၁၂ စင်တီမီတာ) အောက်မငယ်စေရ။ “ဦးစားရလမ်းနယ်ဆုံး” ဆိုင်းဘုတ်ကို ဦးစားရ လမ်းနယ်ဆုံးသို့မရောက်မီ အနည်းဆုံးနှစ်ကြိမ် ကြိုတင်သတိပေး စိုက်ထူရမည်။ ဦးစားရလမ်းနယ်အဆုံးသို့ ရောက်ရှိမည့် အကွာအဝေးကို အောက်ခံအဖြူရောင်၊ အနားကွပ်အနီရောင် အလျားလိုက်စတုဂံပြားပေါ်တွင် အနက်ရောင်ဂဏန်းဖြင့်ဖော်ပြပြီး သက်ဆိုင်ရာ ဆိုင်းဘုတ်အောက်ခြေ၌ ဖော်ပြရမည်။ (ပုံ-၇၆)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com