ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၂)
- 166 views
( ဋ ) လျှပ်စစ်မျိုးစပ်စွမ်းအင်သုံး မော်တော်ယာဉ် (Electric-Hybrid Vehicle) ဆိုသည်မှာ အတွင်းပေါက်လောင်အင်ဂျင်အားနှင့် လျှပ်စစ်စွမ်းအင် ပေါင်းစပ်မှုဖြင့် မောင်းနှင်သွားလာသော မော်တော်ယာဉ်ကို ဆိုသည်။
(ဌ) သမားရိုးကျ လောင်စာစွမ်းအင်သုံး မော်တော်ယာဉ် ဆိုသည်မှာ အတွင်းပေါက်လောင် အင်ဂျင်အားဖြင့် မောင်းနှင်သွားလာသော မော်တော်ယာဉ်ကို ဆိုသည်။
(ဍ) အငှားယာဉ် ဆိုသည်မှာ ကိုယ်ပိုင်မော်တော်ယာဉ်ကို စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်အဖြစ် ပြောင်းလဲမှတ်ပုံတင်ထားသည့် မော်တော်ယာဉ်ကို ဆိုသည်။
(ဎ) ကုန်တင်ယာဉ် ဆိုသည်မှာ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်ရည်ရွယ်၍ တည်ဆောက် တပ်ဆင်ထားသော မော်တော်ယာဉ်ကိုဆိုသည်။ ယင်းစကားရပ်တွင် ကုန်တင်ယာဉ်(ဝန်ပေါ့)နှင့် ကုန်တင်ယာဉ်(ဝန်လေး) တို့ပါဝင်သည်။
(ဏ) ကုန်တင်ယာဉ်(ဝန်ပေါ့) ဆိုသည်မှာ ဝန်တင်အား ကုန်အလေးချိန် သုံးတန် (၃၀၀၀ ကီလိုဂရမ်) အထိ တင်ဆောင်နိုင်သော မော်တော်ယာဉ်ကို ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com