img_0184
Ref: Automobile
Unicode Version
မြန်မာနိုင်ငံ၌ ပထမဆုံး ကားသစ်၊ ကားဟောင်း လဲလှယ်ပေးမည့် အစီ အစဉ်အဖြစ် Future Auto မှ ၆ဂ/ . . .နှင့်အထက် ကားများကို ကားသစ်များနှင့် လဲလှယ် ပေးမည် ဖြစ်ကြောင်း သိရသည်။
img_0184
Future Auto အနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် ကားများကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသကဲ့သို့ ကားသစ်နှင့် ကားဟောင်း လဲလှယ်မည့် အစီအစဉ်တွင်လည်း လဲလှယ်လိုသည့်ကား အမျိုးအစားမှာ အလိုက်ပေး လဲလှယ်ရမည့်ကားဖြစ်ပါက ဘဏ်အရစ်ကျစနစ်ဖြင့် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။ ကားသစ်၊ ကားဟောင်း လဲလှယ်ပေးမည့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ Future Auto မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာစိုးက Customer တွေအနေနဲ့ စီးပြီးသား ကားတွေကို အသစ်နဲ့လဲချင်လို့ အပြင်မှာရောင်းရင် အခက်အခဲတွေ ရှိနိုင်ပါတယ်၊ ပွဲစားပါရင်လည်း ပွဲစားခပေးရမှာဖြစ်ပါတယ်၊ Future Auto အနေနဲ့ ကားသစ်နဲ့ ကားဟောင်း လဲလှယ်ချင်တဲ့ Customer တွေအတွက် စျေးလည်း မနစ်နာရအောင်၊ တခြားအခက်အခဲ တွေလည်း မရှိအောင်လို့ အကောင်းဆုံး ဝန်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်ဟု ပြောကြား ခဲ့သည်။ Future Auto အနေဖြင့် ကားသစ်များ ရောင်းချရာတွင် Warranty ခြောက်လပေးပြီး ရောင်းချ ပေးနေသော်လည်း လဲလှယ် သည့် ကားဟောင်းများကို ပြန်လည် ရောင်းချရာတွင် Warranty ပေးမည်မဟုတ်ကြောင်း သိရသည်။
Ref: Automobile
Latest News
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »